အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NPE)တွင်ပူးပေါင်းထည့်ဝင်မည့် အီတလီအတိုးမဲ့ချေးငွေဆိုင်ရာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံ ကိန်းမိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို မတ်လ ၁၂ရက်နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်ကချင်းပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ် ရေးကောင်းမွန်စေရေးဉီးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ ခက်ခဲသောဒေသများတွင် လမ်းပန်း ဆက်သွယ် ရေးကဏ္ဍ၊ လျှပ်စစ်မီးလင်းရေးကဏ္ဍ ၊ ဆက်သွယ်ရေးကဏ္ဍ ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍစသည့်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းအဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးမောင်ဝင်းက ကမာ္ဘ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၉၀)ဖြင့် ဆောင်ရွက်လျက်ရှိသည့် NPE စီမံကိန်း မဟာဓာတ်အားလိုင်းပြင်ပစနစ်(Off-grid)တွင် Co-Financing အဖြစ် အီတလီအစိုးရမှ အတိုးမဲ့ချေးငွေပူးပေါင်း ထည့်ဝင်ခြင်းဖြစ်ကြောင်း ၊ ချေးငွေပမာဏယူရိုသန်း(၃၀)ဖြစ်ပြီး ချေးငွေကာလမှာ ဆိုင်းငံ့ကာလ ၁၈ နှစ်အပါ အဝင် ၂၈ နှစ်ဖြစ်ကြောင်း ၊ ပြန်လည်ပေးဆပ်ရမည့်ကာလ၁၀နှစ်နှင့်စီမံကိန်းကာလမှာ (၂၀၁၉−၂၀၂၀)မှ (၂၀၂၃−၂၀၂၄)ဘဏ္ဍာရေးနှစ်အထိဖြစ်ကြောင်း ၊ ချင်းပြည်နယ်၊ ချင်းပြည်နယ်နှင့်နယ်နမိတ်ထိစပ်နေသောဒေသ များတွင် အိမ်သုံးဆိုလာစနစ်(Solar Home System,SHS၊ အသေးစားဓာတ်အားစနစ်( Mini-grid System) လုပ်ငန်းများနှင့်စီမံကိန်းမျှော်မှန်းချက်အနေဖြင့်အိမ်သုံးဆိုလာစနစ်ဖြင့်အိမ်ခြေ(၉၀၀၀၀) အသေးစားဓာတ်အား စနစ်ဖြင့်အိမ်ခြေ(၆၅၀၀)စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကိုရှင်းလင်းပြောကြားသည်။
ယင်းနောက် အီတလီ အစိုးရတာဝန်ရှိသူ Mr. Alessandro နှင့် ကမာ္ဘ့ဘဏ်မှတာဝန်ရှိသူ ဉီးမျိုးမြင့်တို့က အတိုးမဲ့ချေးငွေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဉီးတိုးဝင်းနှင့်တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်ဉီးဆလိုင်းလျန်လွယ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
crd; ကျော်စွာ(ပြန်/ဆက်)

စာစုများ -