မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာ၊ ညောင်ကားယား ရေပေးတူးမြောင်းလိုင်နင်စီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်ပစ္စည်းတင်ဒါခေါ်ယူခြင်း
ဇွန်လ ၂၀၂၀ ခုနှစ်၊ ၅ ရက် Thu Hta Par

၁။           ချင်းပြည်နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရုံးမှ ၂၀၁၉-၂၀၂၀ခုနှစ်ပြည်ထောင်စု(WSAP) ထောက်ပံ့ငွေဖြင့်ဆောင်ရွက်မည့် မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာ၊ ညောင်ကားယား ရေပေးတူးမြောင်းလိုင်နင်စီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက်  လိုအပ်သော တည်ဆောက်ရေးပစ္စည်းများကို နိုင်ငံသားလုပ်ငန်းရှင်များထံ ဝယ်ယူလိုပါသည်။

၂။           အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို (၂၉.၅.၂၀၂၀)ရက်နေ့မှ စတင်ရောင်းချမည်ဖြစ်ပါသည်။

                (က)  တင်ဒါပိတ်မည့် နေ့ရက်၊ အချိန်          - (၁၂.၆.၂၀၂၀)ရက်နေ့   ညနေ(၄)နာရီ

                (ခ)   တင်ဒါဖွင့်မည့် နေ့ရက်၊အချိန်             - (၁၅.၆.၂၀၂၀)ရက်နေ့   နံနက်(၁၀)နာရီ

                (ဂ)   လျှောက်လွှာတင်သွင်းရမည့်နေရာ     - ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ချင်းပြည်နယ်၊ ဟားခါးမြို့။

 ၃။           အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း အောက်ပါဖုန်းနံပါတ်များတွင် စုံစမ်းနိုင်ပြီး တင်ဒါလျှောက်လွှာနှင့် စည်းကမ်းချက်များအား ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းကြော်ငြာအပ်ပါသည်။

                ဆက်သွယ်ရန် ဖုန်းနံပါတ်   - ၀၇၀-၂၁၀၆၂၊ ၀၇၀-၂၁၀၉၁

၀၁၉-၂၀၂၀ခုနှစ်ပြည်ထောင်စု(WSAP) ထောက်ပံ့ငွေဖြင့်ဆောင်ရွက်မည့် မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာ၊ ညောင်ကားယား ရေပေးတူးမြောင်းလိုင်နင်စီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက်  လိုအပ်သော တည်ဆောက်ရေးပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါပစ္စည်းများစာရင်း

စဉ် Lot No ပစ္စည်းအမျိုးအစား ပစ္စည်းပမာဏ
Lot No (1) ဘိလပ်မြေ ၁၄၅၈အိတ်
    မြစ်သဲ ၅၂.၈၀ကျင်း
    မြစ်ကျောက်စရစ် ၂၃.၅၀ကျင်း
    6"-9"ကျောက် ၁၆၁.၂၅ကျင်း

ဖုန်းနံပါတ်     -   ၀၇၀-၂၁၀၆၂၊ ၀၇၀-၂၁၀၉၁