COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဌာန/အဖွဲ့အစည်းအသီးသီးမှ တင်ဒါခေါ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း
အောက်လ ၂၀၂၀ ခုနှစ်၊ ၁၅ ရက် Thu Hta Par

၁။           ချင်းပြည်နယ်အတွင်းရှိဌာနအသီးသီးမှ တင်ဒါခေါ်ယူမှုများကို နိုင်ငံပိုင်သတင်းစာများတွင် လည်းကောင်း၊ ပုဂ္ဂလိက သတင်းစာများတွင်လည်းကောင်း၊ OnlineSystem ဖြင့်သော်လည်းကောင်း၊ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ ဌာနများ၏ ကြော်ငြာသင်ပုန်းများတွင်လည်းကောင်း ကြော်ငြာထားပြီး ဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် ၄င်းနည်းလမ်းများအတိုင်း လျှောက်ထားဆောင်ရွက်နိုင်ပါသည်။

၂။            ချင်းပြည်နယ်အတွင်း ဟားခါးမြို့နယ်မှလွှဲ၍ အခြားမြို့နယ်များမှ ပြည်နယ်ရုံးများစိုက်ရာ ဟားခါးမြို့သို့တင်ဒါလျှောက်လွှာများလာရောက်ဝယ်ယူလိုပါက မိမိတင်ဒါတင်သွင်းမည့်သက်ဆိုင်ရာ ဌာနများမှ ဟားခါးမြို့ဝင်/ ထွက်ဂိတ်များတွင် တာဝန်ချထား၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

၃။           အခြားတိုင်းဒေသကြီးပြည်နယ်များမှ စိတ်ပါဝင်စား၍ တင်ဒါလျှောက်ထားလိုသူများအနေ ဖြင့်  ဟားခါးမြို့နယ်(သို့မဟုတ်)ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ရင်းနှီးသောပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ပြီးကိုယ်စားလှယ်စေလွှတ်၍ ဝယ်ယူနိုင်ပါသည်။

၄။               တင်ဒါလျှောက်လွှာအား OnlineSystem ဖြင့်လည်းရောင်းချပေးနေ၍ Onlineမှ ဝယ်ယူခြင်း ဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များရှိ သက်ဆိုင်ရာဌာနများတွင် ဝယ်ယူခြင်းဖြင့်သော် လည်းကောင်း ဆောင်ရွက်ပြီး လျှောက်လွှာအတွက် ပေးသွင်းရမည့်ငွေကြေးများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင် အသိအမှတ်ပြုထားသော ဘဏ်များ(သို့) Wave Moneyဖြင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူ ထံသို့ ငွေလွှဲပို့ခြင်းဖြင့်သော်လည်းကောင်း ၊ဝယ်ယူသည့်မြို့နယ်ရုံးတွင် ငွေပေးချေခြင်းဖြင့် သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။

၅။           တင်ဒါအာမခံကြေးများကိုလည်း တင်ဒါလျှောက်ထားသူနေထိုင်ရာမြို့နယ်ရှိ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသော ဘဏ်တစ်ခုခုတွင် ပေးသွင်းစေပြီး မူရင်းကို တင်ဒါဖွင့်လှစ် သည့် နေ့ရက်တွင် ပြသသည့်နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ပါသည်။

၆။           တင်ဒါခေါ်ယူထားသည့် အဆောက်အဦ၏ ဒီဇိုင်းပုံစံများကို သက်ဆိုင်ရာဌာနများမှ အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး တင်ဒါလျှောက်ထားသူများမှ လူကိုယ်တိုင်လာရောက် ခြင်းမပြုဘဲ အွန်လိုင်းမှ တစ်ဆင့်ကြည့်ရှု၍ တွက်ချက်တင်ပြနိုင်ပါသည်။

၇။           တင်ဒါလျှောက်ထားသူများအနေဖြင့် အခွန်ကင်းရှင်းကြောင်း သက်သေခံချက်အား သက်ဆိုင်ရာအခွန်ရုံးများ၌ တင်ဒါစည်းမျဉ်းစည်းကမ်းပါ အချက်များအတိုင်း တောင်းခံ၍ မိတ္တူမှန်ဖြစ် ကြောင်း လျှောက်ထားသူမှ လက်မှတ်ရေးထိုး၍ တင်ပြပြီး မူရင်းအားတင်ဒါဖွင့်လှစ်သည့် နေ့ရက်တွင် ပြသသည့် နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ပါသည်။

၈။           တင်ဒါလျှောက်ထားသူများအနေဖြင့် တင်ဒါလျှောက်လွှာများ ၊ အသေးစိတ်တွက်ချက်မှုများ၊ ကုမ္ပဏီပရိုဖိုင်များကိုသက်ဆိုင်ရာမြို့နယ်ရုံးများတွင်တင်သွင်းစေခြင်း  နည်းလမ်းဖြင့်သော်လည်းကောင်း၊ ပြည်နယ်ရုံးများနှင့်ချိတ်ဆက်၍ စာတိုက်လုပ်ငန်းမှအမြန်ချောဖြင့်သော်လည်းကောင်း၊ ပြေးဆွဲနေသော  မော်တော်ယာဉ်များဖြင့်သော်လည်းကောင်း ပေးပို့သည့်နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ပါသည်။

၉။           တင်ဒါစည်းမျဉ်းစည်းကမ်းပါအတိုင်းနိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အမှတ်(၁ /၂၀၁၇) နှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်မည်ဖြစ်ရာ တင်ဒါဖွင့်လှစ်မှုကို COVID-19 ဆိုင်ရာရောဂါ ညွှန်ကြား ချက်များနှင့်အညီစီစဉ်၍ ဖွင့်လှစ်မည်ဖြစ်ပါသောကြောင့် တင်ဒါတင်သွင်းသူပြည်သူများမှ အပြည့်အဝ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

၁၀။         တင်ဒါဖွင့်ပွဲအခမ်းအနားသို့ မဝင်ရောက်မီ တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူများအား အပူချိန် တိုင်းတာခြင်း၊ Mask (or) Face Shield  တပ်ဆင်စေခြင်း၊ လက်ဆေးခြင်း၊ လက်အိတ်ဝတ်စေခြင်းတို့ ဆောင်ရွက်စေပြီးမှသာ ခန်းမအတွင်းသို့ ဝင်ရောက်စေမည်ဖြစ်ပါသည်။

၁၁။    တင်ဒါဖွင့်ပွဲတွင် ဟားခါးမြို့နယ်ပြင်ပမှ လာရောက်သူများအား ညွှန်ကြားချက်များအတိုင်း Quarantine ဝင်ရောက်စေခြင်း  ၊ Swab စစ်ဆေးမှုခံယူခြင်း ဆောင်ရွက်စေပြီး Negative ထွက်ရှိမှသာ ဝင်ရောက်ယှဉ်ပြိုင်စေခြင်း ဆောင်ရွက်သွားမည်ဖြစ်၍ အနည်းဆုံးသော လူအရေအတွက်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၁၂။          ယခုအကြံပြုချက်များသည် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တင်ဒါလုပ်ငန်းများ စဉ်ဆက်မပြတ် အချိန်မီဆောင်ရွက်နိုင်ရေး ၊ ပြည်သူများရင်ဆိုင်နေရသော COVID-19နှင့် ပတ်သက်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်၍ တိကျစွာလိုက်နာဆောင်ရွက်နိုင်ပါရန် အကြံပြုနှိုးဆော်အပ်ပါသည်။