တီးတိန်မြို့နယ်၊ လိုင်ဘုန်ကျေးရွာအုပ်စု၊ တီးတိန် - သိုင်းငင်းကြား ကားလမ်းပေါ်ရှိ ဆူဇန်ကျေးရွာအထက် ခန့်မှန်း မြေပုံညွှန်း EA- 787743 တွင် တည်ရှိပါသည်။ တီးတိန် - ကလေးကားလမ်း မိုင်တိုင်(၇ / ၃) မှ (၁၅/၀) ကြားတွင်ရှိ၍ ဧရိယာဧက (၁၁၀၅၀)ကျယ်ဝန်းပြီး (၈၈၇၁)ပေ မြင့်ပါသည်။ မြောက်ဘက်နှင့် အရှေ့ဘက်တွင် လေသာကြိုးပြင်ကာကွယ်တော၊ တောင်ဘက်နှင့် အနောက်ဘက်တွင် သိုင်းငင်း - တီးတိန်ကားလမ်းရှိပါသည်။ ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်တပ်ဖွဲ့၏ အမြင့်ဆုံးတပ်စခန်း(The most Highest Gunpost) အဖြစ် သတ်မှတ်ခြင်းခံရသော နေရာ ဖြစ်ပါသည်။ ၎င်းတောင်ကို ဒေသအခေါ်အဝေါ်အားဖြင့် ထွမ်း၀ုမ်း(Thuam Vum) တောင်ဟုခေါ်ပါသည်။ ၎င်းတောင်ပေါ်တွင် ဉာဏ်တော်အမြင့် (၂၇)တောင်၊ ပရ၀ုဏ်(၀.၆၀)ဧက ကျယ်ဝန်းသော လေးကျွန်းဆီမီး ဆုတောင်းပြည့်စေတီတော်ကို ကိုးကွယ်တည်းထားပါသည်။ ထွမ်း၀ုမ်းတောင်ခေါ် ကနေဒီတောင်ပေါ်တွင် နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အအေးဓါတ် လွန်ကဲ၍ (-8 ‘C) အထိ အပူချိန်ကျဆင်းတတ်ပါသည်။