COVID-19 ​ရောဂါကြောင့် နောက်ဆက်တွဲ မှုခင်းများ မဖြစ်ပေါ်ရေး ဟားခါမြို့ပေါ်ရပ်ကွက်များသို့ လှည့်ကင်းများ နေ့စဉ်​ဆောင်ရွက်လျက်ရှိ
ဧလ ၂၀၂၀ ခုနှစ်၊ ၉ ရက် Daw Cing Sian Hawm Lun

COVID-19 ​ရောဂါကြောင့် နောက်ဆက်တွဲ မှုခင်းများ မဖြစ်ပေါ်ရေး ဟားခါမြို့ပေါ်ရပ်ကွက်များသို့ လှည့်ကင်းများ နေ့စဉ်​ဆောင်ရွက်လျက်ရှိ

ဖလမ်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
ဧလ ၂၀၂၀ ခုနှစ်၊ ၉ ရက် Daw Cing Sian Hawm Lun

ဖလမ်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ထန်တလန်မြို့နယ်ရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် COVID-19ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များ ပြသဆောင်ရွက်
ဧလ ၂၀၂၀ ခုနှစ်၊ ၉ ရက် Daw Cing Sian Hawm Lun

ထန်တလန်မြို့နယ်ရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် COVID-19ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များ ပြသဆောင်ရွက်

ချင်းပြည်နယ်အတွင်း COVID-19 ရောဂါနှင့် ပလက်ဝတိုက်ပွဲရှောင်ပြည်သူများအတွက် ဧရာဝတီဖောင်ဒေရှင်းနှင့် စေတနာရှင်များက အလှူငွေများနှင့် ဆန်အိတ်(၁၀၀၀)လှူဒါန်း
ဧလ ၂၀၂၀ ခုနှစ်၊ ၉ ရက် Daw Cing Sian Hawm Lun

ချင်းပြည်နယ်အတွင်း COVID-19 ရောဂါနှင့် ပလက်ဝတိုက်ပွဲရှောင်ပြည်သူများအတွက် ဧရာဝတီဖောင်ဒေရှင်းနှင့် စေတနာရှင်များက အလှူငွေများနှင့် ဆန်အိတ်(၁၀၀၀)လှူဒါန်

ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဧလ ၂၀၂၀ ခုနှစ်၊ ၉ ရက် Daw Cing Sian Hawm Lun

ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရိခေါ်ဒါရ်မြို့၌ Home Quarantine စောင့်ကြည့်ထားသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များအား သတ်မှတ်ကာလပြည့်ပြီး စောင့်ကြပ်ကြည့်ရှုမှုရပ်နား
ဧလ ၂၀၂၀ ခုနှစ်၊ ၉ ရက် Daw Cing Sian Hawm Lun

ရိခေါ်ဒါရ်မြို့၌ အသွားအလာကန့်သတ် Home Quarantine စောင့်ကြည့်ထားသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များအား သတ်မှတ်ကာလပြည့်ပြီး စောင့်ကြပ်ကြည့်ရှုမှုရပ်နား

COVID-19ကူးစက်ပြန့်ပွားမှုမရှိစေရေး၊တီးတိန်၌ညှိနှိုင်းအစည်းအဝေးပြုလုပ်
ဧလ ၂၀၂၀ ခုနှစ်၊ ၉ ရက် Daw Cing Sian Hawm Lun

COVID-19ကူးစက်ပြန့်ပွားမှုမရှိစေရေး၊တီးတိန်၌ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကိုဗစ်-၁၉ရောဂါအတွက် ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
ဧလ ၂၀၂၀ ခုနှစ်၊ ၈ ရက် U Min Eya Htyke

မင်းတပ် ဧပြီ ၈ ချင်းပြည်နယ် မင်းတပ်မြို့ ခရိုင်ပြည်သူ့ကုသ/ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်ဝင်းနိုင်ထံ ယမန်နေ့ နံနက် ၉ နာရီတွင် မင်းတပ်မြို့မှ အချောဆုံး၂၅ ဦးအဖွဲ့၏အလှူခံမှုဖြင့် မင်းတပ်မြို့နယ် အတွင်းရှိ စေတနာရှင်မိဘပြည်သူများနှင့် ပြည်ပရောက်မင်းတပ်ချင်းလူမျိုးတို့၏ အလှူထည့်ဝင်မှုနှင့် သက်နှင်းဆု ကုမ္ပဏီ (ဆိုင်ကယ်ဖြန့်ချိရေးကျယ်ဂေါင်) တို့မှ ကိုဗစ်-၁၉ရောဂါအတွက် ကာကွယ်ရေး ပစ္စည်းများပေး အပ်လှူဒါန်းကြကြောင်း သိရသည်။ မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါအတွက်ဖွဲ့စည်းထားသော အချောဆုံး၂၅ ဦးအဖွဲ့မှ ဒေါ်နိုဝင်ထွေး က " အခု ကျွန်မတို့က မင်းတပ်မြို့မှာရှိတဲ့သူငယ်ချင်းတွေစုပြီးတော့ဖွဲ့ထားတာပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးမှာ အသုံးပြုဖို့အတွက် မင်းတပ်မြို့ပေါ်နဲ့ နယ်တွေမှာရှိတဲ့စေတနာရှင် မိဘပြည်သူတွေနဲ့ ပြည်ပရောက်မင်းတပ်ချင်းလူမျိုးတွေက ထည့်တဲ့အလှူငွေတွေနဲ့ နှာခေါင်းစည်းတွေ၊ လက်ဆေးရည်တွေ၊ PPE ဝတ်စုံတွေကို ဝယ်ပြီးတော့ မင်းတပ်မြို့မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကနေ လိုအပ်တဲ့နေရာ ဒေသတွေမှာ ပြန်အသုံးပြုဖို့အတွက် လှူဖြစ်တာပါ။ မတ်လ ၃၀ ရက်နေ့ကလည်း ကျွန်မတို့အဖွဲ့က ဆေးရုံနဲ့မြန်မာ့စီးပွားရေးဘဏ်တွေမှာ နှာခေါင်းစည်း၊ Hand Gelနဲ့အရက်ပြန်တွေ လှူဒါန်းခဲ့ပါတယ်။ မိဘပြည်သူတွေအနေနဲ့လှူဒါန်းချင်တယ်ဆိုရင်တော့ ကျွန်မတို့အဖွဲ့ကို ဆက်သွယ်လို့ရပါတယ်။" ဟုပြော သည်။ မင်းတပ်ခရိုင်ပြည်သူ့ကုသ/ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာဇော်ဝင်းနိုင်က "ခုကိုဗစ်-၁၉ရောဂါကို ကျန်းမာရေးဝန်ထမ်းတွေထဲနဲ့ထိရောက်အောင်ကုသလို့မရနိုင်ပါဘူး၊ မိဘပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကသာ အဓိကပါ။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီကိုဗစ်-၁၉ ရောဂါကြီးကို ကာကွယ်ကုသနိုင်မှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ကာကွယ်ရေး ပစ္စည်းတွေကို လာရောက်လှူဒါန်းပေးတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်" ဟုပြောသည်။ ဒေါ်လောရောင် လက်ထောက်ကျန်းမာရေးမှူးက "ပုဂ္ဂိုလ်တစ်ဦးချင်းစီ လာလှူတာလည်းရှိတယ်၊ အဖွဲ့အစည်းအနေနဲ့လာလှူတာလည်းရှိတယ်၊ INGO နဲ့ NGO အဖွဲ့အစည်းတွေကလည်း ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ရေးပစ္စည်းတွေ လာရောက်လှူဒါန်းကြပါတယ်။ ခုလိုလာရောက်ပြီး လှူဒါန်း ပေးကြတဲ့အလှူရှင်တွေ၏အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။" ဟု ပြောသည်။ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်းပေးကြသော အလှူရှင်များကို ခရိုင်ပြည်သူ့/ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဇော်ဝင်းနိုင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)