ချင်းပြည်နယ်အတွင်းရှိလူငယ်များကြုံတွေ့နေရသောပြဿနာရပ်များအပေါ် ဉီးစားပေးဖြေရှင်းပေးနိုင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၁၅ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၁၄ ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး ၊ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီနှင့် UNICEF အဖွဲ့တို့ပူးပေါင်း၍ ချင်းပြည်နယ်အတွင်းရှိ လူငယ်များကြုံတွေ့နေရသော ပြဿနာရပ်များအပေါ် ဉီးစားပေးဖြေရှင်းပေးနိုင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ဟားခါးမြို့ CACC ခန်းမ ၌ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒကို ၂၀၁၇ခုနှစ် ၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှအတည်ပြု ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် မိတ်ဆက်ဖြန့်ချိပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ချင်းပြည်နယ် လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအစည်းအဝေးတတိယအကြိမ်ထိကျင်းပနိုင်ခဲ့ပြီးချင်းပြည်နယ်အတွက် အဓိက ဉီးစားပေးဖြေရှင်းရမည့် ကဏ္ဍအဖြစ် ပညာရေး ၊ ကျန်းမာရေး ၊ နိုင်ငံရေးနှင့်လူ့အခွင့်အရေးကဏ္ဍများကို ရွေးချယ်ခဲ့ပါကြောင်း ၊ လတ်တလော ဖြေရှင်းရန် အလိုအပ်ဆုံးဖြစ်သည့် ကျန်းမာရေးကဏ္ဍ(မူးယစ်ဆေးဝါး)၊ စီးပွားရေးကဏ္ဍ၊(အလုပ်အကိုင်)နှင့် လူ့အခွင့်အရေးကဏ္ဍ (ကျား/မတန်းတူညီမျှရေး)ကဏ္ဍထား(၃)ခုကို အဓိက အလေးထားဆွေးနွေးပြီး လုပ်ငန်းစီမံချက် ရေးဆွဲသွားမည်ဖြစ်ကြောင်းဖြင့်ထည့်သွင်းပြောကြားသည်။ ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဉီးအေးမင်းညွန့်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်အတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ ၊ အဖွဲ့အစည်း အသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ် ကြောင်းသိရသည်။ ကျော်စွာ (ပြန်/ဆက်)

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အတည်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲ ဟားခါး၌ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၁၅ ရက် U Min Eya Htyke

ဟားခါး နိုင်ဝင်ဘာ ၁၄ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေးနှင့်ဘေးလျော့ပါးစေရေးကို ရည်ရွယ်၍ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)တို့ ပူးပေါင်းဆောင်ရွက်သည့် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အတည်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ရက် နံနက် ၉နာရီခွဲက ဟားခါးမြို့၊မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကားပြောကြားရာ ချင်းပြည်နယ်တွင် ၂၀၁၅ခုနှစ်၊မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုမှုများကြုံတွေ့ခဲ့ရပြီး ပြည်သူများ ဘေးဒဏ်ကြုံတွေ့ခြင်း၊ပျက်စီးဆုံးရှုံးမှုများစွာခံစားရခြင်းများ ဖြစ်ပွားခဲ့သဖြင့် ယင်းဖြစ်စဉ်များကို သင်ခန်းစာယူဆန်းစစ်လေ့လာပြီး ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေး၊ ဘေးလျော့ပါးစေရေးတို့အတွက် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ကို ၂၀၁၇ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ယခုတွင် နောက်ဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်၍ တက်ရောက်လာသူများအနေဖြင့် မိမိတို့အတွေ့အကြုံများ၊နည်းပညာများကို မိမိတို့ဒေသ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော်ရေး ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပေးကြရန် ပြောကြားသည်။ ထို့နောက် IOMအဖွဲ့မှ အမျိုးသားအစီအစဉ်အရာရှိ ဒေါ်အေးသိမ့်သူက ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အတည်ပြုဆွေးနွေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး တက်ရောက်လာကြသူများက လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ IOMအဖွဲ့မှတာဝန်ရှိသူများ၊ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းနှင့်ဝန်ထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြောင်းသိရသည်။ ဆလိုင်း(ပြန်/ဆက်)

စိုက်ပျိုးရေးဉီးစီးဌာနနှင့်စက်မှုလယ်ယာဉီးစီးဌာနတို့ပူးပေါင်း၍ Combine Harvester ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းသရုပ်ပြပွဲနှင့်မိုးစပါးစံကွက်ရိတ်သိမ်း
နိုလ ၂၀၁၉ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၁၄ ချင်းပြည်နယ် စိုက်ပျိုးရေးဉီးစီးဌာနနှင့် စက်မှုလယ်ယာဉီးစီးဌာနတို့ ပူးပေါင်း၍ Combine Harvester ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းသရုပ်ပြပွဲနှင့်မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် နံနက် ၈ နာရီက ဟားခါးမြို့နယ် သီးမစ်တောင်(ခ)ကွင်းအမှတ်(၅/၅)တွင်ကျင်းပသည်။ ရိတ်သိမ်းခြွေလှေ့ခြင်းသရုပ်ပြပွဲနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပြည်နယ်စိုက်ပျိုးရေး ၊ မွေးမြူရေး သစ်တောနှင့်သတ္တုဝန်ကြီး ဉီးမန်ဟင်းဒါးလ် ၊ ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အုပ်ချုပ်ရေးမှူး ဉီးလွင်ကိုဉီး၊ ပြည်နယ်စက်မှုလယ်ယာဉီးစီးဌာနပြည်နယ်ဉီးစီးမှူး ဉီးခင်မောင်ဝင်း ၊ ပြည်နယ်စိုက်ပျိုးရေး ဉီးစီးဌာန ဒုတိယပြည်နယ်ဉီးစီးမှူးများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီး၊ ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံတောင်သူများတက်ရောက်အားပေးခဲ့ကြသည်။ ၂၀၁၈−၂၀၁၉ မိုးစပါးရာသီတွင် သီးမစ်တောင်(ခ)ကွင်းအမှတ်(၅/၅)တွင် တောင်သူ(၂၂)ဉီးမှရွှေရင်အေး မျိုးစပါး၊ မျိုးသန့်မျိုးပွားမျိုးစေ့ကိုတောင်သူ(၂၂)ဉီးမှ (၂၅)ဧက စတင်စိုက်ပျိုးခဲ့ပြီး မျိုးပွားထုတ်လုပ်ပြီးရရှိလာ သည့်စီးပွားဖြစ်မျိုးသန့်မျိုးစေ့စိုက်ပျိုးနိုင်သောမျိုးသန့်ကို ဒေသတွင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း ၊ ယနေ့ရိတ် သိမ်းသည့် တောင်သူဒေါ်လွန်ဆုန်၏မိုးစပါးစံကွက်တွင် ၁ ဧက မိုးစပါးအစို ၉၇ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးရဲဝင်းအောင်ထံမှသိရသည်။ ကျော်စွာ(ပြန်/ဆက်)

ပြည်နယ်အဆင့်လူမှုကာကွယ်စောင့်ရှောက်ရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီသတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၇ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၇ လူ့ဘဝအစရက်(၁၀၀)အတွင်းအာဟာရနှင့်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ် များ၏ဉီးနှောက်နှင့်ခန္ဓာကိုယ်ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်လျက်ချင်းပြည်နယ်အတွင်းဆောင်ရွက် သည့်ကိုယ်ဝန်ဆောင်မိခင်များနှင့်၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရေးအစီအစဉ် သတ္တမအကြိမ်မြောက် ပြည်နယ်အဆင့်ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကိုနိုဝင်ဘာ၇ရက်နံနက်၁၀နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်နယ်အဆင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဉက္ကဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဉီးပေါင်လွန်းမင့်ထန်က စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေကို ဝိုင်းဝန်းကြိုးပမ်းအတူတကွ ကျော်ဖြတ်ရင်းဖြင့် (၁၄)ကြိမ်မြောက် ငွေကြေး ထောက်ပံ့မှုကို ဆောင်ရွက်နိုင်ခဲ့ပြီး စုစုပေါင်းအကျိုးခံစားခွင့် ရှိသူ(၃၃၀၀၀)ကျော်ကိုထောက်ပံ့ငွေစုစုပေါင်း (၉.၁၃၉)ဘီလီယံကျပ် ထောက်ပံ့နိုင်ခဲ့ပြီးဖြစ်ကြောင်း ၊ ဒီအပြင် ပြီးခဲ့သည့်(၂)နှစ်တာကာလအတွင်း အဓိကကျသည့် ကျန်းမာရေးဆိုင်ရာ ၊ အာဟာရဆိုင်ရာ အသိပညာပေးမှု များကို ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ပူးပေါင်း ၍ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ရပ်ကွက်၊ကျေးရွာများတွင် အဓိကကျသည့်အကျိုးခံစားခွင့်ရှိသူများအား စာရင်းသွင်း မှတ်ပုံတင်ခြင်း ၊ အကျိုးခံစားခွင့် ငွေကြေး ထုတ်ပေးခြင်း ၊ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာအသိ ပညာပေးခြင်းနှင့် နစ်နာမှုများအား တိုင်ကြားခြင်းအဆင့် များကို တိကျမှုရှိစေရန် ၊ ပွင့်လင်းမြင်သာမှုရှိစေရန် အထူးအလေးထား၍ ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိုယ်ဝန် ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်သည် မိမိတို့ ချင်းပြည်နယ်၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် ရင်းနှှီးမြှပ်နှံမှုတစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်း များအားလုံးက ဝိုင်းဝန်းပူးပေါင်း၍ တက်တက်ကြွကြွ ဆောင်ရွက်စေလို ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဉီးစီးဌာန ၊ ပြည်နယ်ညွှန်ကြားရေးမှူး ဉီးအေးမင်းညွန့်က MCCT အစီအစဉ်နှင့် ပတ်သက်၍လည်းကောင်း ၊ လူမှုဝန်ထမ်းဉီးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှိန်မြင့်က ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်လူမှုကာကွယ်စောင့်ရှောက်ရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး ခဲ့ကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ချင်းပြည်နယ်အတွင်း MCCT အစီအစဉ်ကို ၂၀၁၇ခုနှစ် ဇွန်လမှစ၍ စတင်ဆောင်ရွက်ခဲ့ရာ ငွေကြေး ထောက်ပံ့မှုကို တစ်လလျှင် ကျပ် ၁၅၀၀၀ ဖြင့် (၂) လတစ်ကြိမ်ထုတ်ပေးလျက်ရှိရာ ယနေ့အထိထောက်ပံ့မှုကို (၁၄)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး အကျိုးခံစားခွင့်ရှိသူ ၃၃၉၁၈ ဉီးကို စုစုပေါင်းကျပ်သန်းပေါင်း ၉၁၃၉ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းဉီးစီးဌာနမှသိရသည်။ ကျော်စွာ(ပြန်/ဆက်)

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှလှူဒါန်းသော ပေ(၃၀×၈၃)RCတစ်ထပ်ကျောင်းဆောင်(၁)ဆောင်အား ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ဟားခါး၌ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၇ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၇ ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှလှူဒါန်းသော ပေ(၃၀×၈၃)RCတစ်ထပ်ကျောင်းဆောင်(၁)ဆောင်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၇ ရက် နံနက် ၈နာရီက အဆိုပါကျောင်းဆောင်ရှေ့၌ကျင်းပ သည်။ ဆက်လက်ပြီးအစီအစဉ်အရ ရှေးဉီးစွာ ချင်းပြည်နယ်လွှတ်တောဉက္ကဌ ဉီးဇိုဘွဲ ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ပေါင်လွန်းမင့်ထန်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူးဉီးမိုးဇော်ဉီးတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီးနောက် အဆောင်သစ်အားလှည့်လည်ကြည့်ရှုခဲ့ကြသည်။ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေ ရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍစုံမှ ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း၊ ကလေးများကျောင်းနေပျော်၍ စာတော်သည့်ကလေးများဖြစ် လာစေရန်အတွက် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာများ ပံ့ပိုးမှုများစွာ လိုအပ်လျှက်ရှိပြီး ကျောင်းဉပဓိရုပ် ကောင်းမွန်မှသာ ကလေးများကျောင်းနေပျော်မှာဖြစ်ကြောင်း ၊ ကလေးများ၏ စိတ်ဓာတ်၊စည်းကမ်း၊ပညာဘက် စုံဖွံ့ဖြိုးနိုင်ရေးအတွက် ဆရာ၊ဆရာမများမှ စိတ်အားထက်သန်စွာ ကူညီလေ့ကျင့်ပေးနိုင်ဖို့လည်း အလွန်အရေး ကြီးကြောင်း ၊ ဆရာ၊ဆရာမများ၏ လူနေမှုဘဝမြင့်မားလာအောင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်လျှက်ရှိကြောင်း ၊ အခြေခံပညာကျောင်းတိုင်းတွင် အခြားဒေသများမှ တာဝန်ထမ်းဆောင်နေကြ သောဆရာ၊ဆရာမများ၏ နေထိုင်ရေးအဆင်ပြေအောင်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဉီးမိုးဇော်ဉီးက ဆရာ​ဆောင် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ဟားခါးမြို့နယ်ပညာရေးမှူး ဉီးဆန်ကျုံးကလက်ခံရယူကာ ပြည်နယ်လူမှုရေးဝန်ကြီးက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူးထံ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ကျောင်းဆောင်ဆောက်လုပ်ရာတွင် တာဝန်ယူဆောက်လုပ်ပေးသည့် သူရလင်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ Managing Director ဉီးကိုကိုနိုင်အားဒေါ်ခင်ကြည် ဖောင်ဒေးရှင်း မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဉီးလာပွီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ချင်းပြည်လွှတ်တော်ဉက္ကဌဉီးဇိုဘွဲက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်းသိရှိရသည်။ ကျော်စွာ(ပြန်/ဆက်)

ချင်းပြည်နယ်အစိုးရအဖွဲ့၏ဉီးဆောင်မှုဖြင့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဟားခါး၌ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၅ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၅ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဉီးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ တပ်ရင်းတပ်ဖွဲ့မိသားစုများ ၊ ဒေသခံဗုဒ္ဓ ဘာသာဝင်များနှင့်စေတနာရှင်အလှူရှင်များ ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့ ၊ မြို့မသာသနာပြုစာသင် တိုက်၌ကျင်းပသည်။ လှူဒါန်းပွဲတွင် ရှေးဉီးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဟားခါးမြို့ ၊ မြို့မပရိယတ္တိစာသင်တိုက်၏ ဉီးစီးပဓာနနာယက ပြည်နယ်သံဃနာယကအဖွဲ့ဉက္ကဌ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝထံမှ(၅)ပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များ ရွတ်ပွား ချီးမြှင့်သော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး ကထိန်လျာဉာတ်သင်္ကန်းကို ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဟန်ဝင်းအောင် ၊ ပြည်နယ်လွှတ်တော် တရားသူကြီးချုပ်ဉီးဝင်းမြင့်ကျော်၊ ပြည်နယ်စည်ပင်သာယာရေးလျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဉီးစိုးထက်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဒေသခံဗုဒ္ဓဘာသာဝင်အလှူရှင်များက ဟားခါးမြို့နယ် လောက် လုံသာသနာပြုကျောင်းဆရာတော်နှင့်ပင့်သံဃာတော်အရှင်သူမြတ်များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဌာနဆိုင်ရာများ ၊ တပ်ရင်းတပ်ဖွဲ့မိသားစုများ ၊ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့်စေတနာရှင် ပြည်သူများ၏ ဘုံကထိန်ပဒေသာပင်တန်ဖိုးများအား သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်ကြေညာ၍ ၂၀၂၀ခုနှစ် အတွက်ကထိန်ခံကျောင်း မဲနှိုက်ခြင်းနှင့် ယနေ့အခမ်းအနားကြွရောက်လာကြသည့်ပင့်သံဃာတော်များအတွက် ပဒေသာပင်များမဲနှိုက်ပေးပြီး ဟားခါးမြို့ ၊ မြို့မပရိယတ္တိစာသင်တိုက်၏ ဉီးစီးပဓာနနာယက ပြည်နယ် သံဃနာယကအဖွဲ့ဉက္ကဌ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍဝထံမှ အနုမောဒနာတရားနာယူ ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမှျပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း ၍အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။ ကျော်စွာ(ပြန်/ဆက်)

ပြည်ထောင်စုတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ပထမနှစ်သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများသြဝါဒခံယူပွဲကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၄ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၄ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်မှ ၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင် ပြည်ထောင်စုတိုင်း ရင်သားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့(BED)(၅)နှစ်သင်တန်း နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ပထမနှစ်သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ ပြည်နယ် ဝန်ကြီးချုပ်ထံမှသြဝါဒခံယူပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ ၌ကျင်းပသည်။ အစီအစဉ်အရရှေးဉီးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်ကိုယ်စား ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးဝီကောက မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ ဗမာ၊ရခိုင်၊ရှမ်းစသည်ဖြင့်တိုင်းရင်းသားပေါင်းစုံနေထိုင်လျက် ဉမကွဲ ၊ သိုက်မပျက် ၊ အေးအတူပူအမျှ၊အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည့် နိုင်ငံဖြစ်ကြောင်း ၊ ဒါကြောင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အရေးသည် မြန်မာ နိုင်ငံ၏ အရေးပါအခရာကျသည့် ကဏ္ဍကနေပါဝင်နေခြင်းကြောင့် တိုင်းရင်းသားဒေသများ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးနှင့် စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ်များ အစဉ်ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုလျက် နိုင်ငံတော်အစိုးရ အဆက်ဆက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်စစ်ကိုင်းနှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)တို့ကိုတည်ထောင်ကာ တိုင်းရင်းသား လူငယ်မောင်မယ်များကိုလေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း ၊ တိုင်းရင်းသားလူငယ်များ ဒီလိုတစ်ချိန် တည်း၊ တစ်နေရာတည်းမှာ အတူနေ ၊ အတူစား ၊ အတူလေ့လာရင်း ကြီးပြင်းလာကြသည့်အတွက် အမိနိုင်ငံတော်၏ နှစ်ရှည်လများမျှော်လင့်တောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် အဓိက အခြေခံလိုအပ်ချက်ဖြစ်သည့် တိုင်းရင်းသားများအကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားတန်ဖိုး ထားမှုနှင့် ကိုယ်ချင်းစာတရားများကို ရရှိနိုင်ကြမှာဖြစ်သည်ကိုယုံကြည်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများကအမှာစကားပြောကြားသည်။ ထို့နောက်သင်တန်းသား၊သင်တန်းသူများက တစ်ဉီးချင်းမိတ်ဆက်စကားပြောကြားပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၁၄)သိန်းနှစ်သောင်းကျပ်အား ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပေးအပ်ရာ သင်တန်းသားတစ်ဉီးကလက်ခံရယူကာကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရသည်။ ကျော်စွာ(ပြန်/ဆက်)

ဆဌမအကြိမ်မြောက် သူနာပြုနှင့်သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနား ဖလမ်း၌ ပြုလုပ်
အောက်လ ၂၀၁၉ ခုနှစ်၊ ၃၀ ရက် U Min Eya Htyke

ဖလမ်း အောက်တိုဘာ ၃၀ ဆဌမအကြိမ်မြောက် သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီက ဖလမ်းမြို့ သူနာပြုသင်တန်းကျောင်း ပန်းချယ်ရီခန်းမဆောင်၌ ပြုလုပ်သည်။ ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာ စကားပြောကြားပြီး ဖလမ်းသူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်မြမြစန်း ဦးဆောင်၍ အောင်လက်မှတ် ရယူမည့် သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်(၈)ချက်ကို ရွတ်ဆိုကတိသစ္စာပြုကြသည်။ ထို့နောက် ဖလမ်းသူနာပြုကျောင်းအုပ်ကြီးက သင်တန်းသား/သူ(၆၅)ဦးတို့အား အောင်လက်မှတ်များကို တစ်ဦးချင်းအပ်နှင်းကာ လက်မှတ်ရရှိပြီးသော သင်တန်းသား/သူများကို ဘွဲ့ဝတ်ရုံ ဝတ်ဆင်ခွင့်ပြုသည်။ ဆက်လက်၍ သူနာပြုသင်တန်းကျောင်းအုပ်ကြီးက သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ် ရရှိပြီးသော သင်တန်းသား/သူများအား မိန့်ခွန်းပြောကြားသည်။ အခမ်းအနားတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောင်လက်မှတ်ရ သင်တန်းသား/သူများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၄/၂၀၁၉)အစည်းအဝေးဟားခါး၌ကျင်းပ
အောက်လ ၂၀၁၉ ခုနှစ်၊ ၃၀ ရက် U Min Eya Htyke

ဟားခါး အောက်တိုဘာ − ၃၀ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၄/၂၀၁၉) အစည်းအဝေးကို အောက်တို ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ အစည်းအဝေးတွင် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဉက္ကဌ၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဉီးစိုးထက်က အမှာစကားပြောကြားရာ တွင် ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိ ပညာ ဗဟုသုတဖြန့်ဖြူးခြင်း လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပေါ်ထွန်းစေခြင်းလုပ်ငန်းနှင့် သတင်းအချက်အလက်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် ချင်းပြည်နယ်အတွင်း ခရီးသွား လုပ်ငန်းဖော်ဆောင်ရန် စိတ်ဝင်စားမှုများမြင့်တက်လာသည်ကို တွေ့ရပါကြောင်း ၊ ယင်းသို့ ရင်းနှီးမြှုပ်နှံ ဖို့စိတ်ဝင်စားမှုမြင့်တက်လာသော အခြေအနေနှင့် အချိန်အခါကို အခွင့်အလမ်းကောင်း အဖြစ်ရယူကာ လုပ်ငန်းရှင်များ ၊ ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းအကောင်အထည်ဖော်မှုများ အဆင်ပြေ ချောမွေ့စေရန် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့မှ အကူအညီပေး ဆောင်ရွက်ပေးစေ လိုပါကြောင်း ၊ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအောင်မြင် လာသည်နှင့် အညီ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုများပြားလာခြင်း ၊ ပြည်နယ်၏ လူမှုစီးပွားဘဝ တိုးတက်လာခြင်း စသည့်အသီးအပွင့်များကို ခံစားရမှာဖြစ် ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးအောင်ဖြိုးက အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ(၂/၂၀၁၉)၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့်ကော်မတီဝင်များက အကြံပြုဆွေး နွေးကြကာ ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဉီးစိုးထက်က နိဂုံးချုပ်အမှာ စကား ပြောကြား သည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဉီးဝီကော၊ ချင်းပြည်နယ်ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဉက္ကဌ၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဉီးစိုးထက်နှင့် ကော်မတီဝင်များ၊ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း အထောက်အကူပြုကော်မတီဝင်များ တက်ရောက်ကြပြီး ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန ၊အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ကျော်စွာ(ပြန်/ဆက်)

မသန်စွမ်းမှုအား ဖွံ့ဖြိုးရေးကဏ္ဍတိုင်းတွင် ထည့်သွင်းစဉ်းစားလာရေးအလုပ်ရုံဆွေးနွေးပွဲ ဟားခါးမြို့၌ကျင်းပ
အောက်လ ၂၀၁၉ ခုနှစ်၊ ၂၉ ရက် U Min Eya Htyke

ဟားခါး အောက်တိုဘာ ၂၉ ချင်းပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာနနှင့် ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတို့ ပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာကဏ္ဍများအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ CACC ခန်းမ၌ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးငွန်အေး၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ စီမံကိန်းဒါရိုက်တာ ဒေါ်အေနီဇိန်နှင့် ဝန်ထမ်း များ၊ INGO , NGO များမှဖိတ်ကြားထားသူ များတက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်အရ ရှေးဉီးစွာ လူမှုရေးဝန်ကြီးက “မိမိတို့ချင်းပြည်နယ်အနေဖြင့် လေ့လာတွေ့ရှိရ သော စာရင်းများအရ မြန်မာနိုင်ငံအတွင်း မသန်စွမ်းဖြစ်မှု ဒုတိယအများဆုံးဖြစ်ပါကြောင်း၊ မသန်စွမ်း ဖြစ်မှုလျော့ချရေးနှင့် မသန်စွမ်းမှုအားကဏ္ဍတိုင်းတွင်ထည့်သွင်းစဉ်းစားနိုင်ရေး ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲရလဒ်များကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းပြုစု စောင့်ရှောက်သူများထံမှ အကြံဉာဏ်များ၊ နည်းလမ်းများရယူကာ လူမှုရေးဝန်ကြီးဌာနအနေဖြင့် ဘက်ပေါင်းစုံကူညီဆောင်ရွက်နိုင်ရေးကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်ကောင်းများရရှိနိုင်ရေးထိထိရောက်ရောက်ဆွေးနွေးပေးကြစေလိုပါတယ်”ဟု အမှာစကားပြော ကြားသည်။ ဆက်လက်ပြီး ချင်းပြည်နယ် လူမှုဝန်ထမ်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူးဉီးအေးမင်းညွန့်က ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံနှင့်ပူးပေါင်း၍ ချင်းပြည်နယ် မသန်စွမ်းဖြစ်သူများအတွက် ဖွံ့ဖြိုးရေးကဏ္ဍများကို စနစ်တကျပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများ အတွက် ကောင်းမွန်သည့်လူမှုအသိုက်အဝန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်း အစီမံများရရှိနိုင်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ထို့နောက်ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံမှ စီမံကိန်းဒါရိုက်တာ ဒေါ်အေနီဇိန်က ချင်းပြည်နယ်၏ ပထဝီအနေအထား၊ လူနေမှုဓလေ့စရိုက်များနှင့်ကိုက်ညီသော၊ မသန်စွမ်းဖြစ်သူများ အတွက် အဓိကစိန်ခေါ်မှုများ၊ အခက်အခဲများကျော်လွှားနိုင်ရေး စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။ ချင်းပြည်နယ် ဟားခါးမြို့တွင်ရှိသည့် ဧဒင်မသွန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံအနေဖြင့် စီမံကိန်းကာလ ၂၀၁၈ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ်စက်တင်ဘာလ ၃၀ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း ဟားခါး၊ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်နှင့်မတူပီမြို့နယ်(၆)မြို့နယ် အတွင်း ကျေးရွာပေါင်း ၇၈ ရွာတွင် မသန်စွမ်းဆိုင်ရာလုပ်ငန်းစဉ်များလျှော့ချရေးကူညီဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့စတင်ကျင်းပသည့် ၂ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသောရလဒ်များကို အခြေခံကာ လုပ်ငန်းစီမံချက် (Action Plan)တစ်ခုကိုရေးဆွဲ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ မြင့်နိုင်စိုး(ပြန်/ဆက်)