၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငြွေဖင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
ဧလ ၂၀၂၀ ခုနှစ်၊ ၂၃ ရက် U Min Eya Htyke

မင်းတပ်၊ ဧပြီ - ၂၃ မင်းတပ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငြွေဖင့် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန (၆)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုနှင့် ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တည်ဆောက်ပြီးစီးမှု အခြေအနေကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေ ကျပ်သန်း(၂၅၇.၉၈၀ )ဖြင့် တည်ဆောက်လျက် ရှိသည့် ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ(၂)ထပ် (၁၄၄×၄၁.၃)ပေ အဆောက်အဦသည် ၃၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းကို Pearl Cherry ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ က ရှင်းလင်း တင်ပြသည်။ ထို့နောက် မြို့မဂုဏ်ဆောင်ကုမ္ပဏီ မှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အား သွားရောက်စစ်ဆေးရာ ၃၂ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဒေါ်အိအိဝင်း က ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူး က စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းအပြီးသတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ ဆလိုင်းအောင် (ပြန်/ဆက်)

မင်းတပ်မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
ဧလ ၂၀၂၀ ခုနှစ်၊ ၂၃ ရက် U Min Eya Htyke

မင်းတပ်၊ ဧပြီ - ၂၂ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ မင်းတပ်မြို့ လူငယ်သင်တန်း ကျောင်းအမှတ်(၁)တွင် တည်ဆောက်လျက်ရှိသည့် မြေထိန်းနံရံပြီးစီးမှုအခြေအနေနှင့် လူငယ်သင်တန်း ကျောင်းအမှတ်(၂)ရှိ ကွန်ကရက်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို မင်းတပ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်တို့က ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ်(၁) ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်း က မြေထိန်းနံရံတည်ဆောက် ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် မင်းတပ်မြို့၊အရေ့ြှပင်ရပ်ကွက်ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ရုံးအဝင်လမ်း ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအခြေအနေအား လက်ထောက်ညွှန်ကြားရေးမှူး ဦးဂေလိန်းမောင်း က ရှင်းလင်းတင်ပြရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးက စံချိန်စံညွှန်း နှင့်အညီသတ်မှတ် ကာလအတွင်း လုပ်ငန်းအပြီးသတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။ ဆလိုင်းအောင်(ပြန်/ဆက်)

ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကြည့်ရှုစစ်ဆေး
ဧလ ၂၀၂၀ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

မင်းတပ် ဧပြီ ၂၁ ချင်းပြည်နယ် မင်းတပ်မြို့ အရေ့ြှပင်ရပ်ကွက် ဦးနိန်လိန်းလမ်း၌ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက် နေမှုကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံ ငွေကျပ်သန်း ၈၀.၀၀၀ ဖြင့် အရေ့ြှပင်ရပ်ကွက် ဦးနိန်လိန်းလမ်း ၁၀၆၇×၃.၆၆ မီတာ ကတ္တရာလမ်းခင်း ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်ဆဲတို့ကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)

မင်းတပ်မြို့၌ PPEဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
ဧလ ၂၀၂၀ ခုနှစ်၊ ၁၉ ရက် U Min Eya Htyke

မင်းတပ် ၊ ဧပြီ - ၁၉ မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံနှင့် မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများအတွက် အမှတ် (၂၇၄)ခြေလျင်တပ်ရင်းတပ်မတော်မှ လှူဒါန်းသည့်PPEဝတ်စုံ(၂၀၀)စုံအား ဗိုလ်မှူးအောင်ကိုကိုက မင်းတပ် ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးနှင့် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်နိုင်ထံ ယနေ့နံနက်၉နာရီခွဲအချိန်က ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်နိုင်က" မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီး အတွက်က PPE ဝတ်စုံ(၇၀)စုံ၊ မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ တိုက်နယ်ဆေးရုံ(၂)ရုံအတွက်က (၃၀)စုံ၊ ကန်ပက်လက် မြို့နယ်ပြည်သူ့ဆေးရုံအတွက် (၇၀)စုံနှင့် ကျင်ဒွေးတိုက်နယ်ဆေးရုံအတွက် (၃၀) စုံစီ ခွဲဝေပေးသွားမှာ ဖြစ်တယ်" ဟုပြောကြားသည်။ ဆက်လက်၍ မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူကြီးဘင်နီဖိုင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ မင်းတပ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝန်းအတွင်းရှိ အဆောင်များအား ဆေးဖျန်းခြင်းဆောင်ရွက်ခဲ့ကြသည်။ မင်းတပ်နှစ်ခြင်းအသင်းတော်မှ ဆရာတော် ရှယ်ဟာဟုန်း က" ဘုရားကျောင်းမှာ အခုချိန်ဝတ်ပြုဆုတောင်းတာတွေ မရှိပါဘူး၊ ဒါပေမယ့် အခုလိုဆေးဖျန်းတော့ ပိုပြီး စိတ်ချရတာပေါ့" ဟုပြောကြားသည်။ ဆလိုင်းအောင် (ပြန်/ဆက်)

မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် တိုက်နယ်ဆေးရုံများအတွက် PPEဝတ်စုံများ ပေးအပ်လှူဒါန်း
ဧလ ၂၀၂၀ ခုနှစ်၊ ၁၉ ရက် U Min Eya Htyke

မင်းတပ် ၊ ဧပြီ - ၁၉ မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံနှင့် မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများအတွက် အမှတ် (၂၇၄)ခြေလျင်တပ်ရင်းတပ်မတော်မှ လှူဒါန်းသည့်PPEဝတ်စုံ(၂၀၀)စုံအား ဗိုလ်မှူးအောင်ကိုကိုက မင်းတပ် ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးနှင့် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်နိုင်ထံ ယနေ့နံနက်၉နာရီခွဲအချိန်က ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်နိုင်က" မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီး အတွက်က PPE ဝတ်စုံ(၇၀)စုံ၊ မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ တိုက်နယ်ဆေးရုံ(၂)ရုံအတွက်က (၃၀)စုံ၊ ကန်ပက်လက် မြို့နယ်ပြည်သူ့ဆေးရုံအတွက် (၇၀)စုံနှင့် ကျင်ဒွေးတိုက်နယ်ဆေးရုံအတွက် (၃၀) စုံစီ ခွဲဝေပေးသွားမှာ ဖြစ်တယ်" ဟုပြောကြားသည်။ ထို့နောက် မင်းတပ်ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးမောင်ထူး နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မင်းတပ်မြို့အတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။ မင်းတပ်မြို့တွင်း ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်လျက် ရှိကြောင်း သိရသည်။ ဆလိုင်းအောင် (ပြန်/ဆက်)

ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မင်းတပ်တက္ကသိုလ်ပေါင်းစု အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဧလ ၂၀၂၀ ခုနှစ်၊ ၁၅ ရက် U Min Eya Htyke

မင်းတပ် မတ် ၁၅ ချင်းပြည်နယ် မင်းတပ်မြို့ လေးမိုင်၌ တည်ဆောက်လျက်ရှိသည့် မင်းတပ်တက္ကသိုလ်ပေါင်းစု အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။ အဆိုပါ မင်းတပ်တက္ကသိုလ်ပေါင်းစု အဆောက်အဦတည်ဆောကရေးလုပ်ငန်းများကို အဆောက် အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၀) မှ တည်ဆောက်ခြင်းဖြစ်ပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးမောင်ထူးက သတ်မှတ်ထားသည့်ကာလအတွင်း အရည်အသွေးပြည့်မီပြီးစီးအောင် တည်ဆောက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)

ပလက်ဝတိုက်ပွဲရှောင်ပြည်သူများအား ငွေကြေးထောက်ပံ့ပေးအပ်
ဧလ ၂၀၂၀ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

မင်းတပ် ဧပြီ ၁၄ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသော ပလက်ဝတိုက်ပွဲရှောင် ပြည်သူ ခြောက်ဦးအား ငွေကြေးထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာများရရှိပြီး မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံ၌ လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူခြောက်ဦးအား တစ်ဦးလျှင်ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ငွေကျပ်တစ်သိန်းနှစ်သောင်းကို လည်းကောင်း၊ မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံအတွက် အထွေထွေအသုံးစရိတ်အဖြစ် ငွေကျပ်တစ်သိန်းကို လည်းကောင်း မင်းတပ်ခရိုင် ပြည်သူ့ကုသ/ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်ဝင်းနိုင်ထံ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)

မင်းတပ်မြို့၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ဧလ ၂၀၂၀ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

မင်းတပ် ဧပြီ ၁၄ ချင်းပြည်နယ် မင်းတပ်မြို့ စံပြရပ်ကွက် မြို့မဘောလုံးကွင်းအနီး မင်းတပ်-မတူပီကားလမ်း၌ ယနေ့ နံနက် ၉ နာရီတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးမှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က မင်းတပ်မြို့ပေါ်ရှိမိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မဖြစ်မနေ အပြင်ထွက် ရန်ရှိပါက နှာခေါင်းစည်းများတပ်ဆင်ကြရန်၊ ဈေးဝယ်စရာများရှိပါက သတ်မှတ်ထားသည့် အချိန်နာရီ တို့တွင်သာ ဈေးဝယ်ထွက်ကြရန်၊ မလိုအပ်ဘဲအပြင်မထွက်ကြရန်၊ ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ် ဦးထုပ်ဆောင်းပြီး နှာခေါင်းစည်းများတပ်ဆင်ကာ နှစ်ဦးထက်ပိုစီးနင်းခြင်းမပြုကြရန်နှင့် ယာဉ်မောင်း လိုင်စင်၊ ယာဉ်သက်တမ်းတိုးလိုင်စင်များ တစ်ပါတည်းဆောင်ထားကြရန်တို့ကို အသိပညာပေးကြပြီး နောက်ရက်များတွင် အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အချိန်နှင့်တပြေး ညီထုတ်ပြန်ထားသည့်သတင်းများ၊ နိုင်ငံပိုင်သတင်းစာများကိုသာ စောင့်ကြည့်ဖတ်ရှုကြရန်တို့ကို အသိပညာပေးခြင်းများ ပြလုပ်ကြကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)

ချင်းပြည်နယ်အစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်(၅) မျိုးထောက်ပံ့ပေးအပ်
ဧလ ၂၀၂၀ ခုနှစ်၊ ၁၀ ရက် U Min Eya Htyke

မင်းတပ် ဧပြီ ၁၀ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏အစီအစဉ် ချင်းပြည် နယ်အစိုးရအဖွဲ့၏ထောက်ပံ့မှုဖြင့် မဟာသြင်္ကန်ရုံးပိတ်ရက်ကာလအတွင်း မင်းတပ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အိမ်ထောင်စုတစ်စုလျှင် အခြေခံစားကုန်(၅) မျိုး ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ယင်းအခြေခံစားသောက်ကုန်(၅) မျိုးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်း ထွန်းနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မင်းတပ်မြို့ပေါ် ရပ်ကွက်လေး ရပ်ကွက်ရှိ အိမ်ထောင်စု ၂၂၇ စု၊ လူဦးရေ ၉၁၇ ဦးအား ဆန်(၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ပဲတစ်ပိဿာ၊ ဆား (၅၀) ကျပ်သား၊ ကြက်သွန်နီတစ်ပိဿာတို့ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ် ကြပြီး မင်းတပ်မြို့နယ်ရှိ ကျေးရွာများအတွက် အခြေခံစားသောက်ကုန် (၅) မျိုးကို ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် ရပ်မိရပ်ဖများထံ ပေးအပ်လျက်ရှိကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)