နတ်မတောင်အမျိုးသားဥယျာဉ်အား ၁၉၉၇ ခုနှစ်၊ ဇူလိုင်(၂၃)ရက်နေ့ နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆၀/၉၇) ဖြင့် အမျိုးသားဥယျာဉ်အဖြစ် ရည်ရွယ်ကြောင်း ကြော်ငြာခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် အမိန်ကြော်ငြာစာအမှတ် (၁၆၄/၂၀၁၀) ဖြင့် အတည်ပြုသတ်မှတ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၂၀) ရက်နေ့တွင် အာဆီယံအမွေအနှစ်ဒေသအဖြစ် တိုးမြှင့်သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဥယျာဉ်အဖြစ် ဦးစားပေးအဆင့်(၁)တွင် အဆိုပြုသတ်မှတ်ထားသော ဥယျာဉ်တစ်ခုလည်းဖြစ်ပါသည်။
နတ်မတောင်အမျိုးသာဥယျာဉ်သည် တောင်ကုန်းတောင်တန်းများထူထပ်ပြီး နတ်မတောင်(ဝိတိုရိယ)ခေါ် နူးစုမ်းတောင် ပင်လယ်ရေမျက်နှာပြင်အထက်(၁၀၂၀၀) ပေတည်ရှိရာ ဒေသဖြစ်ပါသည်။ နတ်မတောင် အမျိုးသားဥယျာဉ်၏ အကျယ်အဝန်းမှာ (၁၇၈၅၆၀)ဧက (၂၇၉)စတုရန်းမိုင်ရှိသည်။ နတ်မတောင် အမျိုးသား ဥယျာဉ် သဘာ၀ထိန်းသိမ်းရေးနယ်မြေသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် အတွင်း ရှိပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံမြေသားတောင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော သဘာ၀အခြေခံခရီးသွားလုပ်ငန်းအတွက် ဝင်ရောက်လေ့လာကြည့်ရှုနိုင်သည့် သဘာ၀နယ်မြေမျး(၂၁)ခုတွင် (၁)ခုအပါအဝင် ဖြစ်ပါသည်။