မော်တော်ယာဉ်တစ်စီးထက် ပို၍အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လျှောက်ထားရန် ဝန်ဆောင်မှု

မော်တော်ယာဉ်တစ်စီးထက်ပို၍အသုံးပြုသည့်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လျှောက်ထားရာတွင် လိုအပ်သောအချက်အလက်များမှာ

     (၁)     အပိုဒ် ၄(က) ပါ သတ်မှတ်ချက်များနှင့်ညီညွတ်ရမည်၊

     (၂)      ခရီးသည်သယ်ယူပို့ဆောင်သော လုပ်ငန်းကိုဖြစ်စေ၊ ကုန်စည်သယ်ယူပို့

ဆောင်သောလုပ်ငန်းကိုဖြစ်စေ၊ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်သော

လုပ်ငန်းနှစ်မျိုးလုံးကိုဖြစ်စေ လျှောက်ထားနိုင်သည်၊

     (၃)     ခရီးသည်သယ်ယူပို့ဆောင်သော လုပ်ငန်းတွင်ဖြစ်စေ၊ ကုန်စည်သယ်ယူပို့

ဆောင်သောလုပ်ငန်းတွင်ဖြစ်စေ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူတစ်ဦးတည်းမှ

လုပ်ငန်းလုပ်ကိုင်ခွင့် နှစ်ကြိမ်လျှောက်ထားခြင်း မရှိစေရ၊

     (၄)     သို့သော် ခရီးသည်သယ်ယူပို့ဆောင်သောလုပ်ငန်းမှ “ခ”၊ “ဂ”၊ “ဃ”

လုပ်ငန်းအမျိုးအစား တစ်မျိုးထက်ပို၍ဖြစ်စေ၊ ကုန်စည်သယ်ယူပို့ဆောင်

သောလုပ်ငန်းမှ “က”၊ “င”လုပ်ငန်းအမျိုးအစား နှစ်မျိုးကိုဖြစ်စေ ပူးတွဲ

လျှောက်ထားလာပါက  သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေး

အဖွဲ့၏ခွင့်ပြုချက် ရယူရမည်။