စက်သုံးဆီသိုလှောင်ခွင့်လိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့်အထောက်အထားများ

(၁)     လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးထားသော လျှောက်လွှာမူရင်း

          - သက်ဆိုင်ရာကုမ္ပဏီ/ အဖွဲ့အစည်း၏ တာဝန်ရှိသူကိုယ်တိုင် လက်မှတ် ရေးထိုးထားပြီး ညွှန်ကြားရေးမှူးချုပ် သတ္တုတွင်းဦးစီးဌာနသို့ လိပ်မူထားသော လျှောက်လွှာမူရင်း၊

          - ကုမ္ပဏီအမည်ဖြင့် လျှောက်ထားလာပါက လက်မှတ်ရေးထိုးသူသည် ကုမ္ပဏီ ပုံစံ(၂၆) တွင်ပါရှိသည့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ရပါမည်။

(၂)      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လိပ်မူထားသော သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံစာ (မူရင်း)။

(၃)     သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံစာ။

(၄)     သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ထောက်ခံစာ။

(၅)     သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံစာ။

(၆)     မြေပိုင်ဆိုင်မှု အထောက်အထား

          - ဂရန်/ လယ်ယာမြေဖြစ်ပါက မြေစာရင်းပုံစံ ၁၀၅/၁၀၆၊

          -  လယ်ယာမြေအခြားနည်းအသုံးပြုခွင့် ပုံစံ ၁၅ - က။

(၇)     အရပ်လေးမျက်နှာရှိ နေထိုင်သူ ပတ်ဝန်းကျင် (၄)ဦး၏ ထောက်ခံချက်နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။

(၈)     တည်နေရာပြပုံ (Layout Plan)

         -  အင်ဂျင်နီယာလက်မှတ်ပါရှိသည့် ဆီသိုလှောင်ကန်၏ တည်နေရာပြ Layout Plan A3 Size (မူရင်း)။

(၉)     ဆီသိုလှောင်ကန်များ အသေးစိတ်ပုံ (Detail Drawing)

        -  အင်ဂျင်နီယာလက်မှတ်ပါရှိသည့် ဆီသိုလှောင်ကန်၏ အသေးစိတ်ပုံ Detail Drawing A3 Size (မူရင်း)။

(၁၀)   လျှောက်ထားသူကိုယ်တိုင် သို့မဟုတ် ကုမ္ပဏီ ပုံစံ (၂၆)တွင် ပါရှိသည့် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးမှ ညွှန်ကြားရေးမှူးချုပ်ရှေ့တွင် ကိုယ်တိုင်ကတိခံဝန်ချက်။

(၁၁)   ကုမ္ပဏီအနေဖြင့်လျှောက်ပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပေးထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ပုံစံ (၂၆)။