ကုမ္ပဏီများမှတ်ပုံတင်ခြင်းဆိုင်ရာ

ကုမ္ပဏီများမှတ်ပုံတင်ခြင်းဆိုင်ရာ

Myanmar Company Online အီလက်ထရောနစ် မှတ်ပုံတင်စနစ် ပြုလုပ်ပုံအဆင့်ဆင့်

အဆင့်() အင်တာနက်စာမျက်နှာ www.myco.dica.gov.mm သို့ ဝင်ရောက်ပါ။

အဆင့်() အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် အသုံးပြုသူသည် MyCo ID ဖွင့်ရန် လိုအပ်သဖြင့် စာရင်းအသစ်ဖွင့်ရန် ကိုနှိပ်ပြီး အသုံးပြုသူ၏ သတင်းအချက်အလက်များ ဖြည့်သွင်းပါ။

အဆင့်() အီလက်ထရောနစ် မှတ်ပုံတင်စနစ်သို့ ဝင်ရောက်ရန် MyCo ID ဖြင့် LOGIN လုပ်ပါ။

အဆင့်() ကုမ္ပဏီအသစ် တစ်ခုမှတ်ပုံတင်ရန် ကုမ္ပဏီအမျိုးအစားအပေါ်မူတည်၍ သတ်မှတ် ပုံစံ ရွေးချယ်ပါ။ ပြန်လည်မှတ်ပုံတင်လိုသော ကုမ္ပဏီတစ်ခုအတွက် ကုမ္ပဏီအမည် ကို ရွေးချယ်ပါ။ ကုမ္ပဏီနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ ဖြည့်သွင်း ၍ ပေးပို့ပါ။

အဆင့်() ကုမ္ပဏီအသစ်တစ်ခု မှတ်ပုံတင်ပြီးကြောင်း သို့မဟုတ် ပြန်လည်မှတ်ပုံတင်ပြီး ကြောင်း သင်၏ အီးမေးလ်သို့ ပြန်ကြားစာပေးပို့ပါမည်။ အင်တာနက်မူလ စာမျက်နှာတွင်ရှိသော ကုမ္ပဏီများရှာဖွေရန်နေရာတွင် ကုမ္ပဏီအမည် သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင်အမှတ်ဖြင့် စစ်ဆေးနိုင်ပါသည်။

မှတ်ပုံတင်ခြင်းဆိုင်ရာ လမ်းညွှန်ကို ဒီလင့်ခ် https://myco.dica.gov.mm/public/howto.aspx?cn=HowTo_RegCompany တွင်ဝင်ရောက်ကြည့်ရှုပါ။

မှတ်ချက်။ ကုမ္ပဏီများဆိုင်ရာကိစ္စများအတွက် www.dica.gov.mm တွင် ဝင်ရောက်လေ့လာ နိုင်ပါသည်။