ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအား ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့အမိန့်ကြော်ငြာစာအမှတ်(၅၄/၉၂)ဖြင့် ဖွဲ့စည်းခဲ့ပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်နှင့်အဖျော်ယမကာလုပ်ငန်းဟူ၍ ဦးစီးဌာန(၁)ခုနှင့် လုပ်ငန်း(၂)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၁၅ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥိ(၂/၂၀၁၅)အရ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနဟု ဌာန(၂)ခုပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

(က) ပြည်ထောင်စုဝန်ကြီးရုံး

ပြည်ထောင်စုဝန်ကြီးရုံးအား

၁။ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ

၂။ မူဝါဒရေးရာဌာနခွဲ

၃။ စီမံကိန်နှင့်စာရင်းအင်းဌာနခွဲ

၄။ ဝန်ကြီးဌာနတွင်းစာရင်းအင်းနှင့် ဘဏ္ဍာရေးဌာနခွဲ

၅။ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲဟူ၍ ဌာနခွဲ(၅)ခုဖြင့် ဖွဲစည်းထားပါသည်။

 

(ခ) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအား

၁။ အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဌာနခွဲ

၂။ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးဌာနခွဲ

၃။ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲ

၄။ စီမံကိန်းဌာနခွဲ

၅။ နိုင်ငံတကာနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ

၆။ ခရီးသွားမြင့်တင်မှုဌာနခွဲ ဟူ၍ ဌာနခွဲ(၆)ခုဖြင့် ဖွဲစည်းထားပါသည်။

 

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဟားခါးရုံး

၂။ ချင်းပြည်နယ်အစိုးရအဖွဲ့အခြေစိုက်ရာ ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော ဟားခါးမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြည်နယ်တာဝန်ခံရုံးအနေဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဟားခါးရုံးကို(၁.၁၂.၂၀၁၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဗိုလ်ချုပ်လမ်း ၊ စျေးသစ်ရပ်ကွက် ၊ ဟားခါးမြို့။

Email - hakhatourismoffice@gmail.com

ဖုန်း − ၀၉ ၄၂၄၈၁၂၈၆၄

အချက်အလက်များ မတွေ့ပါ!

အချက်အလက်များ မတွေ့ပါ!