ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အားကစားကွင်းသန့်ရှင်းရေး ပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းဆောင်ရွက်
ဩလ ၂၀၁၉ ခုနှစ်၊ ၃ ရက် U Min Eya Htyke

ရိခေါ်ဒါရ် သြဂုတ် ၂ ချင်းပြည်နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်း ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အားကစားကွင်းသန့်ရှင်းရေးလုပ်ငန်း ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းကို သြဂုတ် ၂ ရက်က စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အားကစားကွင်းသည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အများပြည်သူအသုံးပြုသည့် အားကစားကွင်း (ဘော်လုံးကွင်း)ဖြစ်ပြီး မိုးရာသီအချိန်အခါ၌ မြက်ခင်းများထူထပ်စွာပေါက်ရောက်ခြင်းကြောင့် အားကစားသမားပြည်သူများ ကစားရာတွင် အခက်ကြုံတွေ့ရတတ်ပါသဖြင့် ရိခေါ်ဒါရ်နယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်များက ထူထပ်သည့်မြက်ခင်းများအား မြက်ရိတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ရိခေါ်ဒါရ်မြို့အားကစားကွင်းသည် နေ့ထူးနေ့မြတ်ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများတွင် မြို့ပေါ်ရပ်ကွက်ပြည်သူများသာမက အနီးအနားကျေးရွာများမှလည်း လာရောက်အသုံးပြုမှုများပြားပြီး အရေးပါသည့်အားကစားကွင်းတစ်ခုဖြစ်ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ချင်းပြည်နယ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ၀န်ထမ်းအိမ်ရာများတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု
ဩလ ၂၀၁၉ ခုနှစ်၊ ၂ ရက် U Min Eya Htyke

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ချင်းပြည်နယ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ၀န်ထမ်းအိမ်ရာများတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု

ဟားခါးခရိုင်၊ လမ်းဦးစီးဌာနမှ ကလေး-ဖလမ်း-ဟားခါးလမ်းတွင် ဆောင်ရွက်သည့် လုပ်ငန်း
ဩလ ၂၀၁၉ ခုနှစ်၊ ၂ ရက် U Min Eya Htyke

ဟားခါးခရိုင်၊ လမ်းဦးစီးဌာနမှ ကလေး-ဖလမ်း-ဟားခါးလမ်းတွင် ဆောင်ရွက်သည့် လုပ်ငန်းများ

ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ မှုခင်းဖော်ထုတ်ဖမ်းဆီးရမိမှု
ဩလ ၂၀၁၉ ခုနှစ်၊ ၂ ရက် U Min Eya Htyke

ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ ဖလမ်းခရိုင်၊ တီးတိန်မြို့၊ ခိုင်ကမ်းရဲစခန်းနယ်မြေတွင် တရားမဝင်သစ်များဖမ်းဆီးရမိသည်။

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ပထမပတ်အဖြစ် လုပ်ငန်းများဆောင်ရွက်
ဩလ ၂၀၁၉ ခုနှစ်၊ ၂ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၂ အာဟာရချို့တဲ့မှုများလျော့နည်းပပျောက်ရေး၊ အာဟာရလွန်ကဲမှုပြသနာများကာကွယ်ရေး၊ အာဟာရပြည့် ၀မျှတစွာစားသုံးတတ်တဲ့ဓလေ့များ ထွန်းကားရေးအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် (ပထမပတ်) လှုပ်ရှား ဆောင်ရွက်မှု အခမ်းအနားကို ဖလမ်းမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ သြဂုတ် ၂ ရက် ညနေ ၁နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ဖလမ်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်လာလ်နီးပွီးက ကလေးမိခင်များအတွက် အစား၊ အသောက်ဆိုင်ရာများနှင့် ပြုလုပ်သင့်သည့်အချက်များ၊ သတိပြု ရန်၊ ရှောင်ရန်၊ ဆောင်ရန်အချက်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မိခင်နှင့်ကလေးကျန်းမာရေးဌာန၀န်ထမ်း များက ကြယ်လေးပွင့်နှင့်အညီ လက်တွေ့ချက်ပြုတ်သရုပ်ပြကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်း ဆွေးနွေးပေးသည်။ အဆိုပါအခမ်းအနားသို့ ဖလမ်းမြို့ပေါ်ရှိ ကိုယ်၀န်ဆောင်မိခင်များနှင် ကလေးမိခင်များ၊ လူမှုရေးအသင်းအဖွဲ့ များတက်ရောက်ကြကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်

ချင်းပြည်နယ်မြန်မာ့စာတိုက်လုပ်ငန်းမှ (၅၂)မြောက်အာဆီယံထူထောင်ခြင်း အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ဝေရောင်းချခြင်း
ဩလ ၂၀၁၉ ခုနှစ်၊ ၂ ရက် U Min Eya Htyke

ချင်းပြည်နယ်မြန်မာ့စာတိုက်လုပ်ငန်းမှ (၅၂)မြောက်အာဆီယံထူထောင်ခြင်း အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ဝေရောင်းချခဲ့ပါသည်။

ချင်းပြည်နယ်မြန်မာ့စာတိုက်လုပ်ငန်း ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်ခြင်း
ဩလ ၂၀၁၉ ခုနှစ်၊ ၂ ရက် U Min Eya Htyke

ချင်းပြည်နယ်မြန်မာ့စာတိုက်လုပ်ငန်း ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်ခဲ့ပါသည်။

တရားမဝင်ယစ်မျိုးလုပ်ငန်းများပပျောက်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ရိခေါ်ဒါရ်၌ ပြုလုပ်
ဇူလ ၂၀၁၉ ခုနှစ်၊ ၃၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ် ဇူလိုင် ၃၁ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်ဦးဆောင်မှုဖြင့် တရားမဝင်ယစ်မျိုးလုပ်ငန်းများပပျောက်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၇ နာရီတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့ကုန်တင်ကုန်ချအလုပ်သမားရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ယစ်မျိုး၏ အဓိပ္ပာယ် နှင့် ယစ်မျိုးလိုင်စင်အကြောင်း၊ ဒေသအတွင်း ယစ်မျိုးလိုင်စင်ထုတ်ပေးမှုအခြေအနေများ၊ ပြည်ပထုတ်လုပ်သည့် အရက်၊ ဘီယာနှင့် ယစ်မျိုးသက်ဝင်ပစ္စည်းများကို တင်သွင်းခွင့်မရှိ ကြောင်း တားမြစ်ချက်များ၊ တရားမဝင် ယစ်မျိုးလုပ်ငန်းများပပျောက်ရေးနှင့် တားဆီး ကာကွယ်ရေးဆိုင်ရာများကို လည်းကောင်း၊ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်းက အရက်၊ ဘီယာ သောက်သုံးမှုကြောင့် မှုခင်းများဖြစ်ပွားမှုနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လည်းကောင်း၊ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာက အရက်၊ ဘီယာသောက်သုံးမှု ကြောင့် ကျန်းမာရေးထိခိုက်စေမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ယစ်မျိုးလိုင်စင်ရရှိဆောင်ရွက်သူများ၊ ရပ်ကွက်လူငယ်များ၊ ပြည်သူများနှင့် မြို့ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့များ တက်ရောက် ကြပြီး အခမ်းအနားတက်ရောက်လာသူများအား အချိုရည်နှင့်မုန့်ဖြင့် ဧည့်ခံပေးခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ဟားခါမြို့နယ်၏ ခေတ်မီစိုက်ပျိုးရေးကဏ္ဍကို အကောင်အထည်ဖော်ဖို့၊ မျိုးကောင်းမျိုးသန့်များ၊ ပျိုးပင်များ၊ နည်းပညာများ ဖြန့်ဖြူးပေးရာ ကျောဘုတ် စိုက်ပျိုးရေး ဥယျာဉ်ခြံ
ဇူလ ၂၀၁၉ ခုနှစ်၊ ၃၁ ရက် U Min Eya Htyke

မုတ်သုံရာသီနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး မြူမှုန်တွေနဲ့ ဝိုင်းနေချိန်၊ရက်သတ္တ တစ်ပတ်ကျော်မှာ တစ်နေ့ တစ်လက်မခန့် ပုံမှန်ရွာသွန်းထားသော မိုးဝဿန် ကြောင့် ရာသီဥတုက ချမ်းစိမ့်စိမ့် ဖြစ်နေ၍ တစ်နှစ်လျှင် ပျှမ်းမျှ မိုးရေချိန် ၇၂ လက်မ အထက် ရွာသွန်းပြီး ဇူလိုင်လ မုတ်သုံရာသီရောက်ပြီ ဆိုတာနှင့် မိုးတိမ်တွေက တစ်မြို့လုံးကို ဖုံးအုပ်နေသဖြင့် တိမ်တွေနေတဲ့ အရပ်ဟု တင်စားခေါ်ဝေါ်ကြသည့်မြို့။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ ကျော်အမြင့်ရှိပြီး မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် တွင် ရှိသော ချင်းပြည်နယ်၏ အစိုးရရုံးစိုက်ရာ ဟားခါးမြို