သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဂါလန်(၂၄၀၀) သွားရောက်လှူဒါန်း
မေလ ၂၀၂၀ ခုနှစ်၊ ၂၅ ရက် CingSan Mang

သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဂါလန်(၂၄၀၀) သွားရောက်လှူဒါန်း ဟားခါး မေ ၂၅ ချင်းပြည်နယ်၊ ဟားခါးမြို့ စျေးသစ်ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူများ လာရောက်သူများသဖြင့် သောက်ရေ၊သုံးရေ အခက်အခဲမရှိစေရေးနှင့် ပြည်တော်သာရပ်ကွက် တောင်ပေါ်ရှိ သီလရှင်ကျောင်းတို့တွင် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး ဟားခါးမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် မေလ ၂၅ရက် နံနက် ၉ နာရီခွဲအချိန်က သောက်သုံးရေ ဂါလန်(၂၄၀၀)ကို မီးသတ် ရေသယ်ယာဉ် ၂စီးဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဘာသာရေး ကျောင်းများ၊ အသင်းအဖွဲ့များသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး အတွက် ဆက်လက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ် အစိုးရမှ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာသို့ဆန်အိတ်များထောက်ပံ့ပေးပို့
မေလ ၂၀၂၀ ခုနှစ်၊ ၂၅ ရက် CingSan Mang

တီးတိန် မေ ၂၅၊ ချင်းပြည်နယ်အစိုးရမှတီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာအတွက်ထောက်ပံ့သည့်ဆန်အိတ်(၁၆၀)အိတ်အားပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပူဂင့်ကမ်းလျန်း၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှစိုးတို့ကယမန်နေ့ ၌ကပ်တဲလ်ကျေးရွာသို့သွားရောက် ပေးပို့ခဲ့ကြောင်း သိရသည်။ လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ရပ်မိရပ်ဖများ၊ဘာသာရေးခေါင်းဆောင်များ၊လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံရာလူမှုရေးဝန်ကြီးက ကျန်းမာရေးဝန်ကြီး ဌာနမှ လမ်းညွှန်ချက်များစနစ်တကျလိုက်နာရန်၊စည်းလုံးညီညွှတ်စွာနေထိုင်ကြရန်၊Maskများ စနစ်တကျ တပ်ဆင်ကြရန်၊လမ်းညွှန်မှာကြားသည်။ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဒိုးဇတွောင်ကကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်များ၊ကျေးရွာ၏လိုအပ်ချက်များနှင့်ကိုဗစ်-၁၉ကြောင့်lock downကာလအတွင်းစားနပ်ရိက္ခာများထောက်ပံ့လှူဒါန်းလျှက်ရှိသော အစိုးရနှင့် အလှူရှင်များ၊အဖွဲ့အစည်း များအပေါ်ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ထို့နောက်လူမှုရေးဝန်ကြီးကအားကစားနှင့်ကာယပညာဦးစီးဌာနမှကပ်တဲလ်ကျေးရွာဘောလုံးကွင်းဆောက်လုပ်ရန်အတွက်ခွင့်ပြုရန်ပုံငွေကျပ်သိန်း၇၀နှင့်အားကစားပစ္စည်းများပေးအပ်သည်။ဆက်လက်၍ဘောလုံးကွင်းဆောက်လုပ်ပြီး စီးမှုအားလူမှုရေးဝန်ကြီးမှသွားရောက်ကြည့်ရှုသည်။ ယခုထောက်ပံ့မှုသည်ကိုဗစ်-၁၉ရောဂါကာလအတွင်းပြည်နယ်အစိုးရမှကပ်တဲလ်ကျေးရွာသို့စတုတ္ထအကြိမ်ထောက်ပံ့ခြင်းဖြစ်သည်။ကပ်တဲလ်ကျေးရွာသည််ကိုဗစ်-၁၉ရောဂါကြောင့်မတ်၂၇ရက်မှမေ၁၄ရက်အထိLockdownချထားသည့်ကျေးရွာဖြစ်ပြီးအိမ်ခြေ(၆၉၂)ခု၊အိမ်ထောင်စု(၆၄၉)စုရှိသောကျေးရွာဖြစ်ကြောင်းသိရသည်။