ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် ဆိုလာမီးများတပ်ဆင်ပေးမည်
ဩလ ၂၀၁၉ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၁၄ ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် NEP (အမျိုးသားမီးလင်းရေးစီမံကိန်း) (ICB-3)ဖြင့် ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် ဆိုလာမီးများတပ်ဆင်ပေး မည်ဖြစ်ကြောင်း သိရသည်။ NEP(အမျိုးသားမီးလင်းရေးစီမံကိန်း) (ICB-3)ဖြင့် ဖလမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုလာမီး (60W)နှင့် (100W)၊ စုစုပေါင်း(၁၈၅)လုံးကို EARTH RENEWABLE ENERGY Co, Ltd မှ ကျေးရွာများအရောက် သယ်ယူတပ်ဆင်ပေးသွားမည်ဖြစ်ပြီး တစ်နှစ်အတွင်း ပျက်စီးမှုများရှိပါက အသစ်လဲလှယ်/ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း တာ၀န်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးထံမှသိရသည်။ အဆိုပါဆိုလာများကို ဖလမ်းမြို့နယ် ထုံးထူလ်ကျေးရွာတွင်(၃၈)လုံး၊ မွှန်ထားကျေးရွာတွင်(၃၀)လုံး၊ ဖါရ်တလန်ကျေးရွာတွင်(၅)လုံး၊ ရိခေါဒါရ်ရွာဟောင်းတွင်(၁၁)လုံး၊ ဘုန်ဇုံးကျေးရွာတွင်(၄)လုံး၊ ဆိမ်ဒီဟိုင်ကျေးရွာတွင် (၄၁)လုံး၊ ခွန်းမွာလ်ကျေးရွာတွင်(၃၁)လုံးနှင့် ဇူလ်သူးကျေးရွာတွင် (၂၅)လုံး၊ စုစုပေါင်း (၁၈၅)လုံး တပ်ဆင်ပေးမည်ဖြစ် ကြောင်း သိရသည်။ ခရိုင်ပြန်/ဆက်

ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးကွင်းဆင်း စစ်ဆေးဆောင်ရွက်
ဩလ ၂၀၁၉ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

ရိခေါ်ဒါရ် သြဂုတ် ၁၄ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပညာရေးဌာန၊ ကျန်းမာရေးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းကို သြဂုတ် ၁၄ ရက် နံနက် ၁၀ နာရီတွင် အခြေခံ ပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရိခေါ်ဒါရ်နယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ကြိုတင်တားဆီးကာကွယ် ရေးလုပ်ငန်းများ၊ သက်ငယ်မုဒိမ်းဖြစ်ပွားမှုကာကွယ်ရေးဆိုင်ရာ (Stop Child Abuse) များကို လည်းကောင်း၊ ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံးမှ တွဲဖက်ဆရာဝန် ဆေးဗိုလ်ကြီး ကျော်သန်းထိုက်က ရာသီတုပ်ကွေးရောဂါ အကြောင်း၊ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ဆေးကုသမှုဆိုင်ရာများကိုလည်းကောင်း၊ ဆေးဗိုလ်ကြီးအောင်ဖြိုးသူက တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့် အစာအဟာရအကြောင်းများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြော ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးလာလ်ပက်လောမ်က အဆိုပါ ဆွေးနွေးဟောပြော ချက်များကို ဒေသချင်းဘာသာစကားဖြင့် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့အမျိုးသမီး ရေးရာအဖွဲ့ခွဲ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းဆရာ/မ များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျန်းမာရေးဌာနမှ အခြေခံပညာအထက်တန်း​ကျောင်းရှိ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးအခြေအနေများ၊ ကျန်းမာရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးကုသမှုနှင့် သံချဆေး၊ ဗီတာမင် များတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းသားသမီးများအား ထောက်ပံ့ကြေးပေးအပ်ပွဲ ပြုလုပ်
ဩလ ၂၀၁၉ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းသားသမီးများအား ထောက်ပံ့ကြေးပေးအပ်ပွဲ ပြုလုပ်

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖြင့် ဒေသခံ ပြည်သူများ၏ အခန်းကဏ္ဍ မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနား ခိုင်ကမ်းမြို့တွင် ပြုလုပ်
ဩလ ၂၀၁၉ ခုနှစ်၊ ၁၃ ရက် U Min Eya Htyke

ခိုင်ကမ်း သြဂုတ် ၁၂ ချင်းပြည်နယ်၊ သံယံဇာသ နှင့် သဘာဝပန်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မှ မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်း ( MRRP)အရ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖြင့် ဒေသခံပြည်သူများ၏ အခန်းကဏ္ဍ မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲအခန်းအနားကို ခိုင်ကမ်း မြို့. နေရဉ္စရာလူငယ်ပျိုးခင်းသင်တန်းကျောင်း၌ ယနေ့ နံနက် (၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဖလမ်း ခရိုင်သစ်တောဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ် ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းကို ဖွင့်လှစ် ပေးခဲ့ပြီး ခိုင်ကမ်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလှမျိုးက အဖွင့် အမှာ စကားပြောကြားပေးခဲ့ပြီး အခမ်းအနားသို့ (ဟားခါး၊ ဖလမ်း၊ တီးတိန်) မြို့ မှ သစ်တောဦးစီးမှူးများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ နှင့်ခိုင်ကမ်း မြို့ို့ မှ ဌာနဆိုင်ရာများ၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ခိုင်ကမ်း မြို့ များမှ သင်တန်း တက်ရောက်မည့် သင်တန်းသား(၃၀)ဦးတို့မှ သက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းမှာ ပြည်နယ်အဆင့်သင်တန်းဖြစ် ပြီး သြဂုတ်လ(၁၂)ရက်မှ(၁၆)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပြီး ဖလမ်းခရိုင် လက်ထောက်ညွှန် ကြားရေးမှူး ဦးခင်မောင်မြင့်မှ သင်တန်းမှူး အဖြစ်လည်း ကောင်း၊ ဟားခါးမြို့နယ် ဦးစီးအရာရှိ ဦးသန်းထွန်းဦး၊ ဖလမ်းမြို့နယ် ဦးစီးအရာရှိ ဦးဇော်လင်း၊ တီးတိန်မြို့နယ် ဦးစီးအရာရှိ ဦးဝေယံမြင့်ချို နှင့် တီးတိန်မြို့နယ် တောအုပ်ကြီး ဦးကျော်စိုးဝင်းတို့မှ သင်တန်းဆရာများ အဖြစ်တာဝန်ယူ ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ခိုင်ကမ်း(ပြန်/ဆက်)

ဖလမ်း၌ ဗီတာမင်အေနှင့် သန်ချဆေးပြားများတိုက်ကျွေး
ဩလ ၂၀၁၉ ခုနှစ်၊ ၁၃ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၁၃ ကလေးသူငယ်များ ကျန်းမာသန်စွမ်းပြီး အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို သြဂုတ် ၁၃ရက် နံနက် ၉နာရီမှစ၍ ဖလမ်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံး၌ အသက် ၁နှစ် မှ ၅ နှစ် ကလေးများအား ယူနစ်နှစ်သိန်းအား ဗီတာမင်အေဆေးလုံးကိုလည်းကောင်း၊ အသက် ၆ လမှ ၁နှစ်အောက် ကလေးများအား ယူနစ်တစ်သိန်းအား ဗီတာမင်အေဆေးလုံးများကိုလည်းကောင်း၊ အသက် ၂ နှစ်မှ ၅ နှစ်အောက်ကလေးများအတွက် သန်ချဆေးပြားများကိုလည်းကောင်း ဖလမ်းမြို့ပေါ်ရှိ ကလေးငယ်များအား မိခင်နှင့်ကလေးကျန်းမာရေးဌာန၀န်ထမ်းများက တိုက်ကျွေး ခဲ့ကြောင်း သိရသည်။ အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးပြားများတိုက်ကျွေးခြင်းကို သြဂုတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရိုင်ပြန်/ဆက်

၂၀၂၀ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ပေး
ဩလ ၂၀၁၉ ခုနှစ်၊ ၁၂ ရက် U Min Eya Htyke

ခိုင်ကမ်း သြဂုတ် ၁၂ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် လူ ဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး နှင့် ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်သူတိုင်း ဆန္ဒမဲ ပေးနိုင်ရေးအတွက် ရည်ရွယ်လျှက် ခိုင်ကမ်းမြို့ရှိ နိုင်ငံသားစိစစ်ရေးကဒ် မရရှိသေးသူများအား ခိုင်ကမ်းမြို့ အ.ထ.က ကျောင်း နှင့် ရပ်ကွက်(၄)ခုရှိ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် သြဂုတ်လ ( ၉၊၁၀၊၁၁)ရက်နေ့များက အခမဲ့ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့ ခိုင်ကမ်းမြို့ အထွေထွေဦးစီးဌာန၏ ရွေ့လျှားပြည်သူ့ ဝန်ဆောင်မှုအဖြစ်သော်လည်းကောင်း တီးတိန်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ၏ သစ္စာစီမံချက် အဖြစ် ်သော်လည်းကောင်း နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ပေးခြင်းကြောင့် ခိုင်ကမ်းမြို့တွင်း နိုင်ငံသားစိစစ် ရေးကဒ် မရှိသည့် ကျောင်းသား၊ကျောင်းသူ (၅၈)ဦး နှင့် ရပ်ကွက်(၄)ခုရှိ နိုင်ငံသားစိစစ်ရေးကဒ် မရှိသေး သည့် မိဘပြည်သူ (၈၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ အခမဲ့ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ခိုင်ကမ်းမြို့ အုပ်ချုပ်ရေးမှူး ဦးလှမျိုး ထံမှ သိရသည်။ ယခုကဲ့သို့ နိုင်ငံသား စိစစ်ရေးကဒ်ပြုလုပ်ပေးနိုင်ရေးအတွက် တီးတိန်မြို့နယ်ရုံးမှ တီးတန်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူး ဦးထန်ဆွင့်လန့်နင့် ဝန်ထမ်း(၅)ဦး၊ ခိုင်ကမ်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးဦးလှမျိုး နှင့် ရပ်ကွက်စာရေးဝန်ထမ်း (၄)ဦး၊ရပ်ကွက်အုပ်ချုပ်ရေးမှူး(၄)ဦး တို့မှ ပူးပေါင်းကွင်းဆင်းပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ခိုင်ကမ်းမြို့တွင် ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ် ပေးခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။ ခိုင်ကမ်း(ပြန်/ဆက်)

ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ စိမ်းလန်းစိုပြေသာယာရေးအတွက် အရိပ်ရသစ်အလှပင်များ စိုက်ပျိုး
ဩလ ၂၀၁၉ ခုနှစ်၊ ၁၂ ရက် U Min Eya Htyke

ရိခေါ်ဒါရ် သြဂုတ် ၁၁ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံစိမ်းလန်းစိုပြေသာယာလှပရေးနှင့် ဆေးရုံ၌ ဆေးကုသခြင်းခံနေရသူများ စိတ်အေးချမ်းသာယာစေရေးရည်ရွယ်ချက်ဖြင့် ဆေးရုံ အထောက်အကူပြုကော်မတီမှ စီစဉ်၍ နယ်မြေခံတပ်ရင်းမှူး၏ ပံ့ပိုးကူညီခြင်းဖြင့် အရိပ်ရ သစ်အလှပင်စိုက်ပျိုးခြင်းကို သြဂုတ် ၁၁ ရက်က ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံဝင်းအတွင်း စိုက်ပျိုး ဆောင်ရွက်သည်။ အဆိုပါ အရိပ်ရသစ်အလှပင်များ စိုက်ပျိုးရာတွင် တိုက်နယ်ဆေးရုံစိမ်းလန်းစိုပြေ သာယာလှပရေး၊ ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် လူနာများ စိတ်အေးချမ်းသာမှု ရရှိစေရေး၊ အများပြည်သူများ အပင်ရိပ်၌ အနားယူနိုင်ရေးအတွက် တိုက်နယ်ဆေးရုံးဝင်း ခြံစည်းရိုးအုတ်တံတိုင်းပတ်ပတ်လည်၌ အသောကပင် (၅၀)ပင် စိုက်ပျိုးထားခြင်းဖြစ်ပြီး အရိပ်ရသစ်ပင်စိုက်ပျိုးမှု၌ ကုန်ကျစရိတ်များကို ရိခေါ်ဒါရ်နယ်မြေခံတပ်ရင်းမှူး ဗိုလ်မှူး ဇေယျာဦးမှ လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ ယခုနှစ်အတွင်း အခြားအရိပ်ရအပင်များလည်း ဆေးရုံဝင်းအတွင်း စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။ “ကျွန်တော်တို့ ဆေးရုံအထောက်အကူပြူကော်မတီအနေဖြင့် ရိခေါ်ဒါရ် တိုက်နယ် ဆေးရုံအား ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ လူအများအားကိုးအား ထားပြုသည့် နေရာတစ်ခုဖြစ်သည်နှင့်အညီ ဆေးကုသမှုပြုလုပ်ရာမှာသော် လည်းကောင်း၊ လူနာများ ကြည့်ရှုပြုစုစောင့်ရှောက်ရာမှာသော်လည်းကောင်း အထောက်အကူပစ္စည်းများ၊ ဆေးရုံ စိမ်းလန်းစိုပြေသာယာရေးနှင့် ရေ၊ မီး အဆင်ပြေချောမွေ့စေရေးအတွက် တတ်နိုင် သလောက်ကူညီပံ့ပိုးဆောင်ရွက်နေပါတယ်။ အခုအရိပ်ရသစ်ပင်စိုက်ပျိုးမှုဟာလည်း ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာနှင့် ညှိနှိုင်းထားပြီး ဆေးရုံအထောက်အကူပြု ကော်မတီက ဆောင်ရွက်ပေးတာဖြစ်တယ်၊”ဟု ဆေးရုံအထောက်အကူပြုကော်မတီဝင် ဦးဆလိုင်းသိန်းဌေးလွင်က ပြောသည်။ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံသည် လူနာကုတင် ၁၆ ဆံ့ ဆေးရုံတစ်ခုဖြစ်ပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မြို့၌တည်ရှိခြင်းဖြစ်သည်နှင့်အညီ မြို့ပေါ်ရ၌်ကွက်ပြည်သူများ သာမက အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပြည်သူများ၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်မှလည်း လာရောက်အားကိုးအားထားသည့် ဆေးရုံတစ်ခုဖြစ်ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ဖလမ်းမြို့နယ် လုမ်ဘန်းကျေးရွာတွင် ကေျးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကျင်းပ
ဩလ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၉ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှကြီးမှူး၍ ကေျးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို သြဂုတ်လ ၉ ရက် နံနက် ၁၁ နာရီက ဖလမ်းမြို့နယ်၊ လုမ်ဘန်းကျေးရွာ ဘက်စုံသုံးခန်းမ ၌ ကျင်းပသည်။ ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဖလမ်းခရိုင်၊ ဒုတိယဦ:စီးမှူး ဦးဟရန်အဲရ် က ပြည်သူ့စကားဝိုင်း( Public Talk ) ကျင်းပရခြင်းရည်ရွယ်ချက် များနှင့် ဖလမ်းခရိုင်အတွင်း ပြည်သူ့ စကားဝိုင်းများဆောင်ရွက်ပြီးစီးမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျေးရွာများတွင် ပြည်သူ့စကား ဝိုင်းများ ဆောင်ရွက်ပြီးစီးမှုနှင့်အတူ ပြည်သူများပူးပေါင်းပါဝင်ဆွေးနွေးတတ်သောအလေ့အထကောင်းများ ရရှိမှုအခြေအနေတို့ အားရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့စကားဝိုင်းကိုဆက်လက်ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးရာလ်နှင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးငူလ်ဆွင်းခိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-လက်ထောက်ဦးစီးမှူး ဦးမင်းနိုင်နှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးမှူး ဒေါ်နုနု၀ါတို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများစသည်တို့နှင့် ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် စသည်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ဖြေကြား ပေးခဲ့ကြကြောင်းသိရသည်။ ဆက်လက်ပြီး ဖလမ်းမြို့နယ် တိုင်းရင်းဆေးပညာဦးစီးမှူး ဒေါ်နုနုဝါက ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ခရိုင်ပြန်/ဆက်

ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မိဘဆရာအသင်း သင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
ဩလ ၂၀၁၉ ခုနှစ်၊ ၉ ရက် U Min Eya Htyke

ရိခေါ်ဒါရ် သြဂုတ် ၉ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၏စီစဉ်မှုဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ မိဘဆရာအသင်း သင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို သြဂုတ် ၉ ရက် နံနက် ၁၁ နာရီတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၊ လူငယ် ခန်းမဆောင်၌ ကျင်းပသည်။ အခမ်းအနားတွင် တက်​ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီးနောက် မူလတန်းအဆင့်ကျောင်းသားကျောင်းသူများ က ကျောင်းကောင်စီသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး သဘာပတိ ဦးဆလိုင်းသိန်းဌေးလွင်က အဖွင့်အမှာ စကားပြောကြားပြီး ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့မှ မိန့်ခွန်းပြောကြားသည်။ ထို့နောက် အထကခွဲကျောင်းအုပ် ဆရာကြီး ဦးကပ်လွှန်းက ပြုပြင်ပြောင်းလဲလာသည့်ပညာရေးစနစ်နှင့် သင်ကြားရေးစနစ်များ၊ ကျောင်းသား၊ ဆရာ၊ မိဘ ပူးပေါင်းခြင်းလိုအပ်မှုတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း အတန်းအသီးသီးမှ ထူးချွန်ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်သူများအား ဆုချီးမြှင့်ပေးခြင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း စာရိတ္တမောင်၊ မယ်များ ဂုဏ်ပြုစလွယ်အပ်နှင်းခြင်းနှင့် ဆုများချီးမြှင့်ပေးသည်။ အဆိုပါ မိဘဆရာအသင်း သင်းလုံးကျွတ်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာတင်ပြခြင်း၊ ငွေစာရင်းရှင်းတမ်းတင်ပြခြင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မိဘဆရာအသင်း အလုပ်အမှုဆောင်ကော်မတီနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီ ရွေးချယ်တင်မြောက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း စသည်များ ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း၊ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်