သက်ငယ်မုဒိမ်းမှုမဖြစ်ပွားရေးနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ရိခေါ်ဒါရ်၌ ကျင်းပ
ဩလ ၂၀၁၉ ခုနှစ်၊ ၁၇ ရက် U Min Eya Htyke

ရိခေါ်ဒါရ် သြဂုတ် ၁၆ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်၏ ညွှန်ကြားမှု၊ ရိခေါ်ဒါရ်နယ်မြေရဲစခန်း၏ စီစဉ်ဦးဆောင်မှုဖြင့် သက်ငယ်မုဒိမ်းမှု မဖြစ်ပွားရေးနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲ ကို သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက် လူငယ်ခန်းမဆောင်၌ ကျင်းပ သည်။ အခမ်းအနားတွင် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်းက သက်ငယ်မုဒိမ်းမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရာများ၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွား စေရေးအတွက် မိဘများ၏ တာဝန်၊ ကလေးငယ်များပြုစုထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာများ၊ ကလေးငယ်များမှလည်း လိုက်နာကျင့်သုံးရမည့်တာဝန်များနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အရာများ၊ ဆိုးကျိုးနှင့်အန္တရာယ်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူ ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များက သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေးနှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးမှုအပေါ် သိရှိလိုသည်များ မေးမြန်း ဆွေး​နွေးကြပြီး စခန်းမှူးက မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့အမျိုးသမီးရေးရာအဖွဲ့ခွဲ၊ မြို့မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသားကျောင်းသူ များနှင့် ရပ်ကွက်လူငယ်များ တက်ရောက်ကြပြီး အခမ်းအနားတက်ရောက်လာသူများအား သက်ငယ်မုဒိမ်းမှုလျော့ချရေးဆိုင်ရာလက်ကမ်းစာစောင်နှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင် နှစ်မျိုးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ရိခေါ်ဒါရ်မြို့၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ ချိတ်ပင်တင်ဒါစနစ်ဖြင့် လေလံတင်ရောင်းချပွဲပြုလုပ်
ဩလ ၂၀၁၉ ခုနှစ်၊ ၁၇ ရက် U Min Eya Htyke

ရိခေါ်ဒါရ် သြဂုတ် ၁၆ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချခြင်းအခမ်းအနားကို သြဂုတ် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးခန်း၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးရန်းကမ်က အဖွင့်အမှာ စကားပြောကြားပြီး ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က မိန့်ခွန်းပြောကြားရာ တွင် “စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များ တင်ဒါအောင်မြင်သူများ အနေဖြင့် လေလံတင်စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျမှန်ကန်စွာနှင့် ပွင့်လင်းမြင်သာ မှုရှိခြင်းဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာကော်မတီ၊ ဌာနများ အနေဖြင့်လည်း အနီးကပ်ကြပ်မတ်ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊” ထည့်သွင်းပြောကြားသည်။ ထို့နောက် မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးမိုးလင်းအောင်က အရပ်ရပ်အခွင့် အရေးလိုင်စင် စည်းမျဉ်းစည်းကမ်းများ၊ တင်ဒါအောင်မြင်သူများ သိရှိလိုက်နာရမည့် အချက်များကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံ ဦးကျုံးထန်းက သားသတ်လိုင်စင်ရရှိသူများအား မွေး/ကုဌာနမှ ထောက်ခံချက် ထုတ်ပေးမှုအခြေအနေများ ကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးသည်။ အဆိုပါ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ချိတ်ပိတ်တင်ဒါ လေလံတင်ရောင်းချရာတွင် အမဲသားသတ်လိုင်စင်၊ ဝက်သားသတ်လိုင်စင် နှင့် မြို့ဝင်ဘီးကောက်လိုင်စင်များ စသည့်လိုင်စင်(၃)ခုကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ကလေးငယ်များဉာဏစွမ်းရည်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်ဖြင့် ပုံပြောပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ရိခေါ်ဒါရ် Community Centre ခန်းမ၌ ပြုလုပ်
ဩလ ၂၀၁၉ ခုနှစ်၊ ၁၇ ရက် U Min Eya Htyke

ကလေးငယ်များဉာဏစွမ်းရည်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်ဖြင့် ပုံပြောပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ရိခေါ်ဒါရ် Community Centre ခန်းမ၌ ပြုလုပ်

စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၏ စာဖတ်ဝိုင်းကို ရိခေါ်ဒါရ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ
ဩလ ၂၀၁၉ ခုနှစ်၊ ၁၇ ရက် U Min Eya Htyke

ရိခေါ်ဒါရ် သြဂုတ် ၁၆ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို သြဂုတ် ၁၅ ရက် နံနက် ၁၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလာလ်ပက်လောမ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ နှင့် စာဖတ်ဝိုင်းလစဉ်ဆောင်ရွက်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဦးဆောင်ဆွေးနွေးကြသည့် (Book Club) အဖွဲ့ဝင်များက စာရေးဆရာ မြတ်(ကလေး) ရေးသားသည့် “မြူခိုးတွေ ဝှက်ထားတဲ့ ခေါနူးစုမ်”စာအုပ်ပါ အကြောင်းအရာ များမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်ပန်းမာန်များနှင့် သားငှက် တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်းကို ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းကို ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ရပ်ကွက်သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲ ရိခေါ်ဒါရ်၌ ကျင်းပ
ဩလ ၂၀၁၉ ခုနှစ်၊ ၁၇ ရက် U Min Eya Htyke

ရိခေါ်ဒါရ် သြဂုတ် ၁၆ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်လူငယ်များ ပူးပေါင်းပြီး ရပ်ကွက်တွင်း သန့်ရှင်းသာယာလှပရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၁၅ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးနှင့် ရလဒ်ကောင်းများ၊ လစဉ်ဆွေးနွေးပွဲဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူ ရပ်ကွက်လူငယ်များက ရပ်ကွက် လူငယ်များအနေဖြင့် ရပ်ကွက်အတွင်း လူမှုရေးကိစ္စလုပ်ငန်းဆောင်ရွက်မှုများ၊ အများအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများ၊ ရပ်ကွက်အတွင်း အများပြည်သူအသုံးပြုသည့် နေရာများဖြစ်သည့် အားကစားကွင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ သင်္ချိုင်းကုန်း၊ ရပ်ကွက်တွင်း လမ်းများ၌ သန်းရှင်းရေးစုပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

သဘာဝဘေးများဆိုင်ရာအသိပညာပေးဟောပြောပွဲ ဖလမ်း၌ကျင်းပပြုလုပ်
ဩလ ၂၀၁၉ ခုနှစ်၊ ၁၆ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၁၆ သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိနိုင်ရေးအတွက် သဘာ၀ဘေးများ ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့၊ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်း၊ ဦးဗန်ကြီးခန်းမ၌ ကျင်းပပြုလုပ်သည်။ ဟောပြောပွဲတွင် ဖလမ်းခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလာလ်မွာန်ပွီးနှင့် အငယ် တန်းစာရေး ဦးဘီးကျုံးထန်တို့က ငလျင်ဘေးနှင့် အခြားဘေးများဆိုင်ရာ အသိပညာပေးခြင်းများကို Power Point ဖြင့် ရှင်းလင်းဟောပြောဆွေးနွေးကြသည်။ ထို့နောက် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န် ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထုတ်ဝေသော မိုးခေါင်ရေးရှားဘေးပညာပေးစာ စောင်၊ မီး​ဘေးပညာပေးစာစောင်၊ မိုးကြိုးဘေးပညာပေးစာစောင်၊ ငလျင်ဘေးပညာပေးစာစောင်၊ ရေဘေးပညာပေး စာစောင်၊ မုန်တိုင်းဘေးပညာပေးစာစောင်နှင့် မြေပြိုဘေးပညာပေးစာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား/သူများ၊ ဆရာ/မများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်

လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဖလမ်း၌ ကျင်းပ
ဩလ ၂၀၁၉ ခုနှစ်၊ ၁၆ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၁၆ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဦးဗန်ကြီးခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို သြဂုတ် ၁၆ရက် ညနေ ၁နာရီက ကျင်းပသည်။ အခမ်းအနားတွင် ဖလမ်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဖလမ်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရှိန်းတမ်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအတွက် ဖလမ်းခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမာန်မနားက အားကစားပစ္စည်းများကို ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ယင်းနောက် ဖလမ်းမြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးအေးကျော်နှင့် ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး မြင့်သိန်းတို့က လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုဆိုင်ရာသိကောင်းစရာများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုဆိုင်ရာသိကောင်းစရာများ၊ လူကုန် ကူးမှုအစိတ်အပိုင်းများ၊ လူကုန်ကူးမှုများဖြစ်ပေါ်လာသည့်အကြောင်းရင်းများ၊ လူကုန်ကူးသူများ၏ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးမှုဖြစ်စေသောအဓိကအကြောင်းရင်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာဉပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည် များကို မေးမြန်းခဲ့ကြကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ဖလမ်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများတက်ရောက်ကြကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်

ဖလမ်း၌ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်
ဩလ ၂၀၁၉ ခုနှစ်၊ ၁၆ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၁၆ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊ ဇုန်လွယ်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်ဆရာ၀န် ဒေါက်တာစိုးနိုင်ထွန်းက အမှာစကားပြော ကြားသည်။ ထို့နောက် ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ပြုလုပ်သော အထက်တန်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကျော်မြင့်နှင့် တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမရရှိသူများက ပြန်လည်တင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများတက်ရောက်ကြကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်