လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းမှု ပပျောက်ရေး အသိပညာပေးဟောပြောပွဲ ဟားခါး၌ကျင်းပ
စက်လ ၂၀၁၉ ခုနှစ်၊ ၁၉ ရက် U Min Eya Htyke

ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ကဦးဆောင်ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းမှု ပပျောက်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ရက် နံနက် ၁၀နာရီက ဟားခါးမြို့၊အ.ထ.က(၂) ဗိုလ်ကြွန်ဘိခ်ခန်းမ၌ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နှင်းအိခိုင်က အဖွင့်အမှာ စကားပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေး
စက်လ ၂၀၁၉ ခုနှစ်၊ ၁၉ ရက် U Min Eya Htyke

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဖလမ်းမြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု များအား ကွင်းဆင်းစစ်ဆေးသည်။

(၂၁)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား အောက်တိုဘာ ၁ရက်နေ့တွင်ကျင်းပမည်
စက်လ ၂၀၁၉ ခုနှစ်၊ ၁၉ ရက် U Min Eya Htyke

၂၀၁၉−ခုနှစ် ၊ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၂၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးကော်မတီ ၊ဆပ်ကော်မတီ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားအနီး၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိ
စက်လ ၂၀၁၉ ခုနှစ်၊ ၁၈ ရက် U Min Eya Htyke

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားတွင် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စက်တင်လာ ၁၇ ရက်က လုံခြုံရေးဆောင်ရွက်နေစဉ် အမျိုးသမီး တစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း သိရသည်။

အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားဟားခါး၌ကျင်းပ
စက်လ ၂၀၁၉ ခုနှစ်၊ ၁၆ ရက် U Min Eya Htyke

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဟားခါးမြို့Chin Galaxy ကိုယ်ပိုင်ကျောင်းတို့ပူးပေါင်း ၍ ကလေးများ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျောင်းသင်ခန်းစာပြင်ပဗဟုသုတများရရှိစေရေးရည်ရွယ်၍ စက်တင်ဘာလ ၁၃ရက်နေ့တွင်ကျင်းပခဲ့သည့် အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီက ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ၌ ကျင်းပသည်။

ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၂/၂၀၁၉)အစည်းအ​ဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
စက်လ ၂၀၁၉ ခုနှစ်၊ ၁၆ ရက် U Min Eya Htyke

ချင်းပြည်နယ် ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့်လုပ်ငန်း ဆပ်ကော်မတီများ၏ (၂/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ကလေးသူငယ်အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ နာယက ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ် ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဉီးဖွေအား ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ် ကော်မတီများမှ တာဝန်ရှိသူ များတက်ရောက်ကြသည်။