ဖလမ်း၌ အားကစားပြိုင်ပွဲများ ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၂၆ ရက် U Min Eya Htyke

ဖလမ်း နိုဝင်ဘာ ၂၆ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ဘော်လီဘော အားကစား ပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီခွဲက ဖလမ်းမြို့ မြို့မတင်းနစ် အားကစားကွင်း၌ ပြုလုပ်သည်။ ရှေးဦးစွာ ဆလိုင်းခမ်ဘွေ့ထောင်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌနာ ခရိုင်ဦးစီးမှူး ဦးမန်းမနားက အမှာစ ကားပြောကြားသည်။ ထို့နောက် ဗန်မန်းလျန်က အားကစားပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ အားကစားပြိုင်ပွဲကို အမျိုးသား အသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် အသင်း(၈)သင်း၊ စားပွဲတင် တင်းနစ်( ကျား/မ )ပြိုင်ပွဲတွင် အသင်း(၁၀)သင်း၊ ဘော်လီဘော( ကျား/မ ) ပြိုင်ပွဲတွင် အသင်း(၁၀)သင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲအတွက် ကုန်ကျငွေများကို ဦးပက်ထန်းက လှူဒါန်းခြင်းပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ဂျွန် (ပြန်/ဆက်)

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၂၆ ရက် U Min Eya Htyke

ဖလမ်း နိုဝင်ဘာ ၂၆ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲကို ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်သည်။ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက် တန်းအဆင့်ကို “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသန်စွမ်းသူများလည်း ဆောင်ရွက်ခွင့်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကို “တန်းတူအခွင့်အရေးရရှိရေး အတား အဆီးများ ဖယ်ရှားပေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ကို “အပြည်ပြည် ဆိုင်ရာမသန်စွမ်းသူများနေ့”ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြီး ပြိုင်ပွဲတွင် ကျောင်းသား/ သူ(၂၇)ဦးဝင်ရောက်ယှဉ်ပြိုင်သည်။ ပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။ ဂျွန် (ပြန်/ဆက်)

ရိခေါ်ဒါရ်၌ ဆေးဝါးရောင်းချခွင့်ဆိုင်ရာအသိပညာပေးခြင်း၊ ရောင်းချခွင့်လိုင်စင်ပေးအပ် ခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၅ ရက် U Min Eya Htyke

ရိခေါ်ဒါရ် နိုဝင်ဘာ ၂၅ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာများပူးပေါင်းသည့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ကျန်းမာရေး၊ ဆေးဝါးရောင်းချခွင့်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ရောင်းချခွင့်လိုင်စင် ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။ အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာက ဆေးဝါး ရောင်းချခွင့်လိုင်စင်ပေးအပ်ခြင်းနှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ၊ ဆေးဝါး ရောင်းချသူများ သတိပြုလိုက်နာရမည့်အချက်များနှင့် ကျန်းမာရေးဆိုင်ရာများကို အသိပညာပေး ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ ရိခေါ်ဒါရ်မြို့ပေါ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင် ခုနှစ်ဆိုင်တို့အား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (FDA)မှ ထုတ်ပေးသည့် ဆေးဝါး လက်လီရောင်းချသူလိုင်စင် (Drug Retailer’s Licence)များကို မြို့အုပ်ချုပ်ရေးမှူး၊ တိုက်နယ် ဆေးရုံတာဝန်ခံဆရာဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲတို့က ဆေးဝါးအရောင်းဆိုင်ရှင်များ ထံသို့ ပေးအပ်သည်။ ထို့နောက် ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာများပူးပေါင်းသည့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ မြို့အတွင်းရှိ စားသောက်ကုန်ပစ္စည်းဆိုင်(၂၄)ခု၊ ဆေးဝါး အရောင်းဆိုင်(၆)ခုတို့အား သက်တမ်းလွန် ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုရှိမရှိ လိုက်လံစစ်ဆေးရာ သက်တမ်းကုန်ပစ္စည်းရောင်းချမှုများအား သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ပက်ကာ (ရိရေကန်)

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ဟားခါးမြို့၏ (၁၂.၁၁.၂၀၁၉)မှ(၁၈.၁၁.၂၀၁၉)ရက်နေ့ထိ လုပ်ငန်းဆောင်ရွက်မှု
နိုလ ၂၀၁၉ ခုနှစ်၊ ၂၅ ရက် James Sing

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ဟားခါးမြို့၏ (၁၂.၁၁.၂၀၁၉)မှ(၁၈.၁၁.၂၀၁၉)ရက်နေ့ထိ လုပ်ငန်းဆောင်ရွက်မှုများ အများပြည်သူသိရှိစေရန် တင်ပြသည်

ချင်းပြည်နယ်၊ဟားခါးမြို့နယ်အတွင်းရှိ ဆူရ်ခွားကျေးရွာအားဆူရ်ခွားမြို့အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၄ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၂၄ ချင်းပြည်နယ်ဟားခါးမြို့နယ်အတွင်းရှိ ဆူရ်ခွားကျေးရွားအား မြို့အဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါမြို့၌ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စားပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးဝီကော ၊ ချင်းပြည်နယ်လွှတ်တော်ဉက္ကဌဉီးဇိုဘွဲ၊ ပြည်နယ်ဉပဒေချုပ်ဉီးဆန်နီထန်ကျုံး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဉီးတိုးဝင်းနှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ဆူရ်ခွားမြို့၊ မြို့မိ၊မြို့ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဉီးစွာ ဖွင့်ပွဲအဝင်မုခ်ဉီးနေရာတွင် ဒေသခံပြည်သူများက တက်ရောက်လာကြသူများအား လှိုက်လှဲ ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြပြီးနောက် ဆူရ်ခွားမြို့ဖွင့်ပွဲအထိမ်းအမှတ်မုခ်ဉီးအား ချင်းပြည်နယ်ဝန်ကြီး ချုပ်ကိုယ်စား ၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဉီးဝီကော ၊ လွှတ်တော်ဉက္ကဌဉီးဇိုဘွဲ ၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဉီးရွှေထီးအိုးနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူးဉီးတိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ သည်။ ဆက်လက်ပြီး ဆူရ်ခွားမြို့ဖွင့်ပွဲကမ္ဗည်းကျောက်စာအား ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ၊ ပြည်နယ်လွှတ်တော်ဉက္ကဌတို့ကစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် တက်ရောက်လာကြသည့်ဧည့်သည် တော်များက အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက်တက်ရောက်ကြသည့်ဧည့်သည်တော်များက ဆူရ်ခွားမြို့အတွင်းလှည့်လည်ကြည့်ရှုခဲ့ကြပြီး နောက် ဆူရ်ခွားမြို့ဖွင့်ပွဲဒုတိယပိုင်းအခမ်းအနားကို ဆူရ်ခွားမြို့ဘုရားကျောင်းရှေ့ ယာယီမဏ္ဍပ်၌ကျင်းပပြုလုပ် ရာ အစီအစဉ်အရ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဉီးဝီကောက အမှာ စကားပြောကြားပြီးနောက် ပြည်နယ်လွှတ်တော်ဉက္ကဌဉီးဇိုဘွဲက ဆူရ်ခွားကျေးရွာ၏သမိုင်းအစဉ်အလာကြီးမား မှု၊ဆူရ်ခွားမြို့အဆင့်မြှင့်တင်ဖွင့်လှစ်ရခြင်းနှင့်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင် ရွက်နိုင် ရေး လုပ်ငန်းများနှင့်ပတ်သတ်၍ အမှာစကားပြောကြားသည်။ ယင်းနောက်ဆူရ်ခွားမြို့ ဒေသခံပြည်သူများကိုယ်စား မြို့မိ၊မြို့ဖဉီးဗန်ကျဲအိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြို့ဖွင့်ပွဲအထိမ်းအမှတ် အလံများကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က ဆူရ်ခွားမြို့ဒေသခံလူငယ်များ အတွက် အားကစားပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဟားခါးမြို့နယ် ၊ ဆူရ်ခွားကျေးရွာအုပ်စုအားပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၂၀၁၉ခုနှစ် မေလ ၁၆ ရက်နေ့၊ အမိန့်ကြော်ငြာစာအမှတ်(၁၂၈/၂၀၁၉)ဖြင့် ဆူရ်ခွားမြို့ အဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆိုင်လိုသာရ်ရပ်ကွက် ၊ စလုံပူးရပ်ကွက်စသည့်ရပ်ကွက်(၂)ခုဖြင့် ဖွဲ့စည်းထားရှိကြောင်းသိရသည်။ ဆူရ်ခွားမြို့၏မြောက်ဘက်(၅၀)မိုင်တွင် ဟားခါးမြို့နယ် ၊ တောင်ဘက်(၅၀) မိုင်အကွာတွင် မတူပီမြို့နယ် ၊ (၅၅)မိုင်အကွာတွင် ရေဇွာမြို့နယ် တို့နှင့် မြို့နယ်ချင်းဆက်စပ်လျက်ရှိပြီး ဟားခါး−မတူပီလမ်းမကြီးပေါ်တွင်တည်ရှိသောကြောင့်ဒေသဖွံ့ဖြိုးရေးအတွက် အချက်အခြာကျသော မြို့တစ် မြို့ဖြစ် ကြောင်းသိရသည်။ ဆူရ်ခွားမြို့အား အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနအပါအဝင် ဌာနပေါင်း(၁၇)ဌာနကိုဖွင့်လှစ်ရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိတွင် ဆူရ်ခွားမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နယ်မြေရဲစခန်း၊ပညာရေးဌာန၊ကျန်းမာ ရေးဌာ ၊ မီးသတ်ဉီးစီးဌာန၊မြန်မာ့စာတိုက်လုပ်ငန်းစသည့်ဌာန(၅)ခု ရုံးဖွင့်လှစ်၍ တာဝန်ထမ်းဆောင်လျက်ရှိ ကြောင်း ၊ မြို့ဧရိယာ(၂၅၉၇၃)ဧကကျယ်ဝန်းကြောင်းသိရှိရသည်။ မြင့်နိုင်စိုး(ပြန်/ဆက်)

ဖလမ်း၌ “ကလေးအလုပ်သမားပပျောက်ရေး”ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းပြုလုပ်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၄ ရက် U Min Eya Htyke

ဖလမ်း နိုဝင်ဘာ ၂၂ ဖလမ်းမြို့ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ “ကလေးအလုပ်သမား ပပျောက်ရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကိုနိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဇုန်လွယ်ခန်းမ၌ ပြုလုပ်သည်။ ရှေးဦးစွာ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ဦးစီးအရာရှိ ဦးရှိန်းတမ်က ပြည်သူ့ စကားဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် ကလေးသူငယ်အခွင့်အရေးနှင့်ပါဝင်ဆောင်ရွက်ရေးဆိုင်ရာတာဝန်ခံ ဦးလာလ်ရွန်နွန်းနာ၊ Marie Stopes International Myanmar Team Leader ဒေါက်တာ ဟိန်းထက်အောင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးအေးကျော်နှင့် ဒေါ်ဆွီးငွန်ပါရန်တို့က “ကလေးအလုပ်သမားပပျောက်ရေး”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ က ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဂျွန် (ပြန်/ဆက်)

မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လရာသီပွဲတော်များ (စာဆိုတော်ပွဲနှင့် သဇင်ပန်း)၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် (၁)မျိုးအား (၂၇.၁၁.၂၀၁၉)ရက်နေ့တွင်၊ချင်းပြည်နယ်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း
နိုလ ၂၀၁၉ ခုနှစ်၊ ၂၂ ရက် CingSan Mang

မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လရာသီပွဲတော်များ နတ်တော်လအတွက် (စာဆိုတော်ပွဲနှင့် သဇင်ပန်း)၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် (၁)မျိုးအား (၂၇.၁၁.၂၀၁၉)ရက်နေ့တွင်၊ချင်းပြည်နယ်ရှိ လုပ်ငန်းစာတိုက်(၂၆)ရုံးတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြို ကဗျာရွတ်ဆို၊ ပုံပြောနှင့် စာစီစာကုံးပြိုင်ပွဲ ရိခေါ်ဒါရ်၌ ကျင်းပပြုလုပ်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ် နိုဝင်ဘာ ၂၀ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ လမ်းညွှန် ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့ အမျိုးသမီးရေးရာအဖွဲ့ခွဲတို့ပူးပေါင်းပြီး (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို ကဗျာရွတ်ဆို၊ ပုံပြောနှင့် စာစီစာကုံးပြိုင်ပွဲများကို နိုဝင်ဘာ ၂၀ ရက်က ရိခေါ်ဒါရ်မြို့ အထကကျောင်းနှင့် အထကခွဲကျောင်းနှစ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးလာလ်ပက်လောမ်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ခိုင်မာရေးအကြောင်းများနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြို ကဗျာရွတ် ဆို၊ ပုံပြောနှင့် စာစီစာကုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ အထကကျောင်းမှ မူလတန်းအဆင့်ကျောင်းသားကျောင်းသူ ရှစ်ဦးတို့က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းပုံပြင်ပြောပြိုင်ပွဲကို လည်းကောင်း၊ အထကခွဲကျောင်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၁၉)ဦးတို့က “အမျိုးသားနေ့ ဒို့မမေ့”ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို လည်းကောင်း၊ အထကခွဲကျောင်းမှ အထက်တန်းအဆင့်ကျောင်းသားကျောင်းသူ (၁၆)ဦးတို့က “အမျိုးသားရေးကြိုးပမ်းမှု”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကိုလည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ (၃)မျိုးမှ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ ကိုးဦးတို့အား နိုဝင်ဘာ ၂၁ ရက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား၌ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပက်ကာ (ရိရေကန်)

ရိခေါ်ဒါရ်၌ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ်၌ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ရိခေါ်ဒါရ်၌ ပြုလုပ်ဆောင်ရွက်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ် နိုဝင်ဘာ ၂၀ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှု ဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများကို နိုဝင်ဘာ ၂၀ ရက်က ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းသိကောင်း စရာများ၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများနှင့် မိဘအုပ်ထိန်းသူနှင့် ဆရာ၊ ဆရာမ များ၏ တာဝန်ဝတ္တရားများ၊ ကလေးသူငယ်အလုပ်သမားခိုင်းစေမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ် များကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသဆောင်ရွက်ထားရှိပြီး ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ ပက်ကာ (ရိရေကန်)