ဖလမ်းမြို့၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
စက်လ ၂၀၁၉ ခုနှစ်၊ ၂၅ ရက် U Min Eya Htyke

ဖလမ်း စက်တင်ဘာ ၂၅ (၁၃)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖလမ်းမြို့၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ ခွေးရူးရောဂါကာကွယ်ဆေးကို ဖလမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ စက်တင်ဘာလ ၂၈ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။ ခရိုင် ပြန်/ဆက်

အသေးစားနှင့်အလတ်စားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဝဉ၊ထောပတ်၊စပျစ်၊ကော်ဖီ တန်ဖိုးမြှင့် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
စက်လ ၂၀၁၉ ခုနှစ်၊ ၂၄ ရက် U Min Eya Htyke

ဟားခါး စက်တင်ဘာ ၂၄ ချင်းပြည်နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် ဒေသထွက်ကုန်များတန်ဖိုးမြှင့်ရောင်းချနိုင်ရေးရည်ရွယ်လျက် ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီ:ဌာနနှင့်မန္တလေးအခြေစိုက် Blooming Training Center တို့ပူးပေါင်း၍ ဝဉ ၊ ထောပတ် ၊ စပျစ် ၊ ကော်ဖီတန်ဖိုးမြှင့်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဟားခါးမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အစီအစဉ်အရ ရှေးဉီးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဉီးပေါင်လွန်းမင့်ထန်က သင်တန်းဖွင့်အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးရာကျုံးက ချင်းပြည်နယ်အတွင်း MSME ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ် ချက်များ၊ သင်တန်းတက်ရောက်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Blooming Training Centre မှသင်တန်းနည်းပြဆရာမ Daw Ruth Seng Pan က သင်တန်းပို့ချ မည့်နည်းပညာဘာသာရပ်များ ၊ ကုန်ချောထုတ်လုပ်နည်းအဆင့်ဆင့်နှင့် အသီးအနှံများကတဆင့် လူသုံးကုန် ပစ္စည်းအမျိုးမျိုး ၊ စားသောက်ကုန်အမျိုးမျိုးတို့ကို သင်တန်းသား၊သင်တန်းသူများအား နားလည်စွာသင်ယူလေ့ လာနိုင်ရေး ၊ သင်ကြားမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ ချင်းပြည်နယ်အတွင်းမြို့နယ်ပေါင်း(၉)မြို့နယ်မှ သင်တန်းသား၊သင်တန်းသူ ၄၇ ဉီး ထိတက်ရောက်ပြီးသင်တန်းကာလမှာ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃)ရက်ကြာသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ထုတ်ပေးပြီး မြို့နယ်အသီးသီး တွင် ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချနိုင်ရေး ၊ လုပ်ငန်းခွင်အတွင်း ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်နိုင်ရေး အတွက် နည်းပညာပံ့ပိုးမှုငွေကြေးအရင်းအနှီးများထုတ်ချေးပေးနိုင်ရေးတို့ကိုလည်း ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးထံမှ သိရှိရပြီးသင်တန်းဖွင့်ပွဲသို့ အခမ်းအနားသို့ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။ မြင့်နိုင်စိုး(ထီးလှိုင်မြေ)

ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobic နှင့် Myanmar Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
စက်လ ၂၀၁၉ ခုနှစ်၊ ၂၄ ရက် U Min Eya Htyke

ဟားခါး စက်တင်ဘာ − ၂၄ ချင်းပြည်နယ် Exercise is Medicine အဖွဲ့၏ဉီးဆောင်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဉီးစီး ဌာနနှင့်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobicနှင့် Myanmar Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီက ဟားခါးမြို့ စျေးသစ်ရပ်ကွက် ခိုင်ကမ်းအားကစားရုံခန်းမ၌ ကျင်းပသည်။ သင်တန်းဆင်းပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က လူတိုင်းကျန်းမာသက်ရှည်စွာ နေထိုင်ရေး အတွက် သိပ္ပံနည်းကျကျ စားသောက်နေထိုင်မှုနှင့် နေ့စဉ်လူတစ်ဉီးချင်းစီ ကိုယ်လက်လှုပ်ရှားလုပ်ကိုင်မှုများဖြင့် ကျန်းမာသန်စွမ်းနိုင်ရေးအတွက် ကြိုးစား လျက်ရှိပြီး ကိုယ်လက်လှုပ်ရှားနည်းပါးမှုကြောင့် သွေးတိုး ၊ အရိုးကျီး ပေါင်း ၊ အရိုးပွနှင့်ရောဂါ အမျိုးမျိုး ဖြစ်ပွားလျက်ရှိရာ ယခုလိုသင်တန်းများဖွင့် လှစ်ပေးခြင်းဖြင့် သင်တန်းတက်ရောက်သူများအားလုံးနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်သူများ၊ ရပ်ကွက်၊ ကျေးရွာများမှပြည်သူများ ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ နေ့စဉ်ပုံမှန်အလုပ်အားလပ်ချိန် ၊ ရုံးဆင်းချိန်နှင့် ကာယချိန်များတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအား အတူတကွပူးပေါင်းဆောင်ရွက် နိုင်ပြီး စိတ်ရောကိုယ်ပါကျန်းမာကြံခိုင်နိုင်မည်ဖြစ်ကြောင်းရှင်းလင်း ပြောကြား သည်။ ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးဉီးပေါင်လွန်းမင့်ထန်က သင်တန်းဆရာမများအားဂုဏ်ပြုဆုနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး သင်တန်းသား၊သင်တန်းသူများက Aerobicနှင့် Myanmar Fitness Dance အကများဖြင့် စုပေါင်းကပြဖျော်ဖြေကြသည်။ အဆိုပါ သင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်သူများ၊ ရပ်ကွက်၊ကျေးရွာများ ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ စုစုပေါင်းသင်တန်းသား၊သင်တန်းသူ(၂၀၀)ဉီး တက်ရောက်ခဲ့ ကြပြီး နေ့စဉ် ညနေ၄နာရီမှ၅နာရီအချိန်ထိဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြကြောင်းသိရှိရသည်။ ခရိုင်(ပြန်/ဆက်)

မီးဘေးလုံခြုံရေးအသိပညာဟောပြောခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြမှုများ ဟားခါး၌ဆောင်ရွက်
စက်လ ၂၀၁၉ ခုနှစ်၊ ၂၄ ရက် U Min Eya Htyke

ဟားခါး စက်တင်ဘာ ၂၄ ဟားခါးခရိုင်မီးသတ်ဦးစီးဌာနနှင့် ချင်းပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများကို စက်တင်ဘာ ၂၃ရက်တွင် ဟားခါးမြို့၊Amazon Private ကျောင်း၌ကျင်းပရာ ဟားခါးခရိုင် မီးသတ်ဦးစီးမှူးရုံး၊ ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ဟုန်းထန်းအွယ်က မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ ဟားခါးမြို့နယ်မီးသတ်စခန်း ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့်ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း၊ မော်တော်ယာဉ်မတော်တဆမှုများတွင် ပိတ်ဆို့နေသော လူနာအား Lifting Bag အသုံးပြု၍ ကယ်ဆယ် သရုပ်ပြခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအသုံးပြု၍ စွမ်းရည်ပြသခြင်း၊ ပိုလန်နိုင်ငံထုတ် Medium Firefighting နှင့် Rescue Vehicleတို့ဖြင့် မီးငြိမ်းသတ် စွမ်းရည်ပြသခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲနှင့်သရုပ်ပြပွဲ အခမ်းအနားသို့ Amazon Private ကျောင်း၊ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်လေ့လာခဲ့ကြောင်းသိရှိရသည်။ ခရိုင်(ပြန်/ဆက်)

လူကုန်ကူးမှုတားဆီးကာကွယ်ရေးအထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ရိခေါ်ဒါရ်၌ ကျင်းပ
စက်လ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့အမျိုးသမီးရေးရာအဖွဲ့ခွဲနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(တီအိုချောင်း)တို့ ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်း ကျောင်းခွဲ ခန်းမဆောင်၌ ကျင်းပသည်။