ချင်းပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တင်ဒါခေါ် ယူခြင်း
ဇူလ ၂၀၁၉ ခုနှစ်၊ ၃၁ ရက် U Min Eya Htyke

ချင်းပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တင်ဒါခေါ်ယူခြင်းလုပ်ငန်းကို ဟားခါးမြို့နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ၂၇.၇.၂၀၁၉ရက်နေ့ က ကျင်းပပြုလုပ်သည်။

ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥပုသ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
ဇူလ ၂၀၁၉ ခုနှစ်၊ ၃၁ ရက် U Min Eya Htyke

ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း ဇနီး ဒေါ်စန်းစန်းမိုး တို့အားအမှူးထား၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်း ဗုဒ္ဓဘာသာဝင်များ၏ ဥပုသ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ ခြံစည်းရိုးအုတ်တံတိုင်းကာရံဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး
ဇူလ ၂၀၁၉ ခုနှစ်၊ ၃၀ ရက် U Min Eya Htyke

ရိခေါ်ဒါရ် ဇူလိုင် ၃၀ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်ဦးဆောင်မှုဖြင့် တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာစန်းမာ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာ နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ ခြံစည်းရိုး အုတ်တံတိုင်းကာရံဆောင်ရွက်မှု ဇူလိုင် ၃၀ ရက်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှု အတိုင်းအတာနှင့် အရည်အသွေး ပြည့်မီကောင်းမွန်မှု ရှိ/မရှိ၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးဆောင်ရွက် နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များအား မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းကို ကျန်းမာရေးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၂.၂၇၈ သန်းဖြင့် အုတ်တံတိုင်းအရှည် ၁၀၅၀ ပေ၊ တံတိုင်းအမြင့် ၄.၅ ပေ ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းကို ဖွားဖွားမေတ္တာ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများကို ဇူလိုင်လမှ စတင်ဆောင်ရွက် ခြင်းဖြစ်ပြီး လာမည့်သြဂုတ်လအတွင်း အပြီးသတ်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ လက်ရှိအခြေအနေ၌ လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲနှင့်တွေ့ဆုံပွဲကျင်းပ
ဇူလ ၂၀၁၉ ခုနှစ်၊ ၂၈ ရက် U Min Eya Htyke

ဟားခါး ဇူလိုင် ၂၈ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ စေတနာရှင်ပြည်သူများနှင့် အဖွဲ့အစည်းများ၏ လှူဒါန်းသည့် လှူဒါန်းငွေကျပ် ၂၃၆၆ ဒသမ ၈၄ သိန်း ပေးအပ်ပွဲနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီက ပလက်ဝမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဘေးရှောင်ပြည်သူများ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ကိုယ်စား ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ရန်နှင့် ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန် လာရောက်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က တိုက်ပွဲရှောင်နှင့် ရေဘေးရှောင် ပြည်သူများထောက်ပံ့ပေးမှုအခြေအနေ၊မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကာ ကုလားတန်မြစ်ကူးတံတား တည်ဆောက်မှုအခြေအနေအား တာဝန်ခံအင်ဂျီနီယာမှ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့မိမြို့ဖများက ပလက်ဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် တိုက်ပွဲရှောင်ပြည်သူများနှင့် ရေဘေးရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေကျပ်-၂၃၆၆ ဒသမ ၈၄ သိန်းနှင့် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်များ၊ ကယ်ဆယ်ရေးပစ္စည်းများအား ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးနှင့် တာဝန်ရှိသူများ က ပေးအပ်လှူဒါန်းရာ တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးသည် တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နှင့် ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေ များမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် - ၈၄၆ ဒသမ ၆၁ သိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနက ငွေကျပ်- ၈၃၉ ဒသမ ၂ သိန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်- သိန်း ၃၀၀၊ ချင်းပြည်နယ်အတွင်းရှိ စေတနာရှင်ပြည်သူများနှင့် အဖွဲ့အစည်းများက ငွေကျပ်- ၃၈၁ ဒသမ ၀၄ သိန်းတို့ ဖြစ်ကြောင်း သိရသည်။ ပြည်နယ်(ပြန်/ဆက်)

၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သည့် ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ အခြေခံလူဦးရေစာရင်းကောက်ယူနိုင်ရေး
ဇူလ ၂၀၁၉ ခုနှစ်၊ ၂၇ ရက် U Min Eya Htyke

ဟားခါး ဇူလိုင် ၂၇ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သည့် ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ အခြေခံလူဦးရေစာရင်းကောက်ယူနိုင်ရေး ကွင်းဆင်းအသိပညာပေးလုပ်ငန်းကို မြို့နယ် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့က ဦးဆောင်၍ ဇူလိုင် ၂၇ရက် နံနက် ၉နာရီက စတင်၍ ဟားခါးမြို့၊ မြို့ပေါ်(၈)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ကြသည်။ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ် လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေက အခြေခံလူဦးရေစာရင်း ကောက်ယူရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်က အခြေခံလူဦးရေစာရင်းကောက်ယူရာတွင် ရပ်ကွက်အတွင်း အတည်တကျနေထိုင်သူစာရင်း၊ယာယီနေထိုင်သူစာရင်း၊ ပြောင်းရွေ့နေထိုင်သူစာရင်းများကို ကောက်ယူခြင်းဖြစ်ကြောင်းနှင့် အသက်(၁၈)နှစ်ပြည့်သည့်ပြည်သူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ ကိုင်ဆောင် သင့်သည့်ကဒ်ပြားတစ်မျိုးမျိုး ရရှိနိုင်ရေးများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ကော်မရှင်အရာရှိ ဦးထောင်ဇဆန်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူတိုင်း မဲပေးနိုင်ရေးနှင့် လူဦးရေစာရင်းမှန်ကန်စွာ ရရှိနိုင်ရေးဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမာန်အဲရ်က အခြေခံလူဦးရေစာရင်းပေးသွင်းရာတွင် ပြည်သူအားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် များကိုလည်းကောင်း ကဏ္ဍအလိုက်ရှင်းလင်း ပြောကြားကြပြီး ပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ဟားခါးမြို့ပေါ်ရှိရပ်ကွက်အလိုက် ပြည်သူများ တက်ရောက်ခဲ့ကြပြီး အသိပညာပေး ဟောပြောပွဲကို မြို့ပေါ်များအပြင် ကျေးရွာများသို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ခရိုင်(ပြန်/ဆက်)