ပလက်ဝတိုက်ပွဲရှောင်ပြည်သူများအား ငွေကြေးထောက်ပံ့ပေးအပ်
ဧလ ၂၀၂၀ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

မင်းတပ် ဧပြီ ၁၄ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသော ပလက်ဝတိုက်ပွဲရှောင် ပြည်သူ ခြောက်ဦးအား ငွေကြေးထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာများရရှိပြီး မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံ၌ လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူခြောက်ဦးအား တစ်ဦးလျှင်ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ငွေကျပ်တစ်သိန်းနှစ်သောင်းကို လည်းကောင်း၊ မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံအတွက် အထွေထွေအသုံးစရိတ်အဖြစ် ငွေကျပ်တစ်သိန်းကို လည်းကောင်း မင်းတပ်ခရိုင် ပြည်သူ့ကုသ/ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်ဝင်းနိုင်ထံ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)

မင်းတပ်မြို့၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ဧလ ၂၀၂၀ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

မင်းတပ် ဧပြီ ၁၄ ချင်းပြည်နယ် မင်းတပ်မြို့ စံပြရပ်ကွက် မြို့မဘောလုံးကွင်းအနီး မင်းတပ်-မတူပီကားလမ်း၌ ယနေ့ နံနက် ၉ နာရီတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးမှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က မင်းတပ်မြို့ပေါ်ရှိမိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မဖြစ်မနေ အပြင်ထွက် ရန်ရှိပါက နှာခေါင်းစည်းများတပ်ဆင်ကြရန်၊ ဈေးဝယ်စရာများရှိပါက သတ်မှတ်ထားသည့် အချိန်နာရီ တို့တွင်သာ ဈေးဝယ်ထွက်ကြရန်၊ မလိုအပ်ဘဲအပြင်မထွက်ကြရန်၊ ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ် ဦးထုပ်ဆောင်းပြီး နှာခေါင်းစည်းများတပ်ဆင်ကာ နှစ်ဦးထက်ပိုစီးနင်းခြင်းမပြုကြရန်နှင့် ယာဉ်မောင်း လိုင်စင်၊ ယာဉ်သက်တမ်းတိုးလိုင်စင်များ တစ်ပါတည်းဆောင်ထားကြရန်တို့ကို အသိပညာပေးကြပြီး နောက်ရက်များတွင် အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အချိန်နှင့်တပြေး ညီထုတ်ပြန်ထားသည့်သတင်းများ၊ နိုင်ငံပိုင်သတင်းစာများကိုသာ စောင့်ကြည့်ဖတ်ရှုကြရန်တို့ကို အသိပညာပေးခြင်းများ ပြလုပ်ကြကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)

ချင်းပြည်နယ်Coronavirus Disease2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့်မြို့နယ်ဌာနဆိုင်ရာများတီးတိန်၌အစည်းအဝေးပြုလုပ်
ဧလ ၂၀၂၀ ခုနှစ်၊ ၁၄ ရက် U Kaung Myat Zan

ချင်းပြည်နယ်Coronavirus Disease2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့်မြို့နယ်ဌာနဆိုင်ရာများတီးတိန်၌အစည်းအဝေးပြုလုပ်

ချင်းပြည်နယ် ဟားခါးမြို့တွင် ကျန်းမာရေးစစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
ဧလ ၂၀၂၀ ခုနှစ်၊ ၁၄ ရက် U Kaung Myat Zan

ချင်းပြည်နယ် ဟားခါးမြို့တွင် ကျန်းမာရေးစစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်