ချင်းပြည်နယ်၊ ပြည်နယ်အဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မေလ ၂၀၂၀ ခုနှစ်၊ ၉ ရက် CingSan Mang

ဟားခါး မေ ၉ ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ဟားခါးမြို့၏ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ၊စေတနာဝန်ထမ်းများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်း ထားရှိသည့် ပြည်နယ်အဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်နိုင်ရေး ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၁နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာချင်းပြည်နယ် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဉက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ကူညီဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းအဖွဲ့မှာ ပါရှိကြတဲ့ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းအားလုံး လူမှုရေးစိတ်ဓာတ်အပြည့်အဝဖြင့် လုပ်ငန်းများဆောင်ရွက် ပေးကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်နယ်အဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအေးမင်းညွှန့်နှင့် တွဲဖက်အတွင်းရေးမှူး ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းတို့က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံနှင့် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များက ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးမှုများအပေါ် ပြည်နယ် လူမှုရေးဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ချင်းပြည်နယ် ဟားခါးမြို့တွင် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလ အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အဆင့် စေတနာ့ ဝန်ထမ်းဦးဆောင် အဖွဲ့ကို ၂၀၂၀ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဉက္ကဌ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးသည် အတွင်းရေးမှူး၊ ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးသည် တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၁၃)ဦးပါဝင် ဖွဲ့စည်းခဲ့ပြီး COVID-19 ရောဂါ နှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ အပါအဝင် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများကို စေတနာ့ဝန်ထမ်း လူငယ် Volunteerများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဟားခါးမြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှူးနှင့် ပူးပေါင်း အဖွဲ့များ COVID-19 ​ရောဂါထိန်းချုပ်ရေး ဟားခါးမြို့အဝင် စစ်ဆေးဂိတ်မှ နေစဉ်စစ်ဆေးလျက်ရှိ
မေလ ၂၀၂၀ ခုနှစ်၊ ၉ ရက် CingSan Mang

ဟားခါး မေ ၇ ချင်းပြည်နယ်COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း COVID-19 ​ရောဂါထိန်းချုပ်ရေးအတွက် ဟားခါးမြို့သို့ ဝင်ရောက်လာသူများ အားလုံးကို ဟားခါး-ဂန့်ဂေါလမ်းရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်၊ ဟားခါး-ဖလမ်းလမ်းပေါ်ရှိ ဟားခါးထာရ် စစ်ဆေးရေးဂိတ်နှင့် ဟားခါး-ထန်တလန် လမ်းပေါ်ရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်(၃) နေရာတွင် အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က ဟားခါးမြို့နယ်ရဲတပ်ဖွဲ့၊မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးဝင်းလှုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဟားခါး-ဂန့်ဂေါလမ်း တန်ပို စစ်ဆေးရေးဂိတ်အနီး လုံခြုံရေးဂိတ်မှနေ၍ ဝင်ရောက်လာသူများအားလုံးကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။ “ဟားခါးမြို့အတွင်းကို မော်တော်ဆိုင်ကယ်၊မော်တော်ကားတွေနဲ့ ဝင်လာတဲ့သူအားလုံးကို အမည်၊နေရပ်လိပ်စာ၊ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေယူပြီး ကျန်းမာရေးဌာနက တာဝန်ကျ ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါတယ်။ နိုင်ငံရပ်ခြားက ပြန်လည်ဝင်ရောက်လာတဲ့ သူတွေကိုတော့ စနစ်တကျစစ်ဆေးလက်ခံပြီး Facility Quarantine မှာ ထားနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးဝင်းလှိုင်က ပြောပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ၊တည်ဆောက်ရေး လုပ်ငန်းများ ရပ်တန့်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ ဆောက်လုပ်ရေးကုမ္ပဏီများက ပြည်နယ်ပြင်ပမှ အလုပ်သမားများဖြင့် အချိန်မီ ပြီးစီးရေးဆောင်ရွက်လျက်ရှိရာ ဟားခါးမြို့သို့ ဝင်ရောက်လာသည့် သူများကို မြို့အဝင်ဂိတ်များတွင် စနစ်တကျ စစ်ဆေးလျက်ရှိပြီး ဆောက်လုပ်ရေးကုမ္ပဏီများ အနေဖြင့်လည်း မိမိအလုပ် သမားများအား စနစ်တကျထားရှိဆောင်ရွက်နိုင်​ရေး ချင်းပြည်နယ် COVID-19 ​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက လမ်းညွှန်မှာကြားထားရှိကြောင်း သိရှိရသည်။

တရုတ်ပြည်မှ ပြန်လာသူ ၁၅ဦး တီးတိန်၌ Facility Quarantine ခံယူ
မေလ ၂၀၂၀ ခုနှစ်၊ ၉ ရက် CingSan Mang

တီးတိန် မေ ၈ ချင်းပြည်နယ်၊တီးတိန်မြို့ ၌ တရုတ်ပြည်မှ ပြန်လာသူ အမျိုးသား ၁၁ ဦးနှင့် အမျိုး သမီး ၄ ဦးတို့အား ယနေ့နံနက်ပိုင်းက တီးတိန်မြို့သို့ရောက်ရှိပြီး အမျိုးသားများကို အ.ထ.က (၁) Facility Quarantine Center တွင် လည်းကောင်း၊အမျိုးသမီးများကို အိမ်တွင်းမှုသင်တန်းကျောင်း Facility Quarantine Center တွင်လည်းကောင်း၊ အသီးသီးနေရာ ချထားပေးပြီး Facility Quarantine ခံယူကြသည်။ အဆိုပါလူပုဂ္ဂိုလ်များမှာ တီးတိန်မြို့နယ်၊ဇိုနွမ်းဇန်ကျေးရွာတွင်နေထိုင်သူ အမျိုးသား ၉ ဦး၊အမျိုးသမီး ၄ ဦးနှင့် မောင်းလန်းကျေးရွာမှ အမျိုးသား ၂ ဦးတို့ဖြစ်ကြောင်း၊ယနေ့တီးတိန်မြို့တွင် Facility Quarantine ခံယူသူ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၆ ဦးရှိကြောင်း သိရသည်။