ယာဉ်ဝင်/ထွက် စစ်ဆေးဆောင်ရွက်လျက်ရှိ
ဧလ ၂၀၂၀ ခုနှစ်၊ ၂၄ ရက် Daw Cing Sian Hawm Lun

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ၊ ချင်းပြည်နယ်ဦးစီးရုံးအနေဖြင့် ယာဉ်ဝင်/ထွက် စစ်ဆေးဆောင်ရွက်လျက်ရှိ

လမ်းအထူးအဖွဲ့ (၁၀)အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီး
ဧလ ၂၀၂၀ ခုနှစ်၊ ၂၄ ရက် Daw Cing Sian Hawm Lun

လမ်းအထူးအဖွဲ့ (၁၀)အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ပြည်သူများအား (COVID-19)ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်မှုများ ပြုလုပ်သွားကြောင်း
ဧလ ၂၀၂၀ ခုနှစ်၊ ၂၄ ရက် Daw Cing Sian Hawm Lun

ပြည်သူများအား (COVID-19)ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်မှုများ ပြုလုပ်သွားကြောင်း

မဖြစ်မနေအပြင်ထွက်ရပါက Maskတပ်ဆင်သွားလာကြရန် ဟားခါးမြို့အတွင်း ပညာပေးလုပ်ငန်းများဆောင်ရွက်
ဧလ ၂၀၂၀ ခုနှစ်၊ ၂၄ ရက် Daw Cing Sian Hawm Lun

COVID-19​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်ကာလအတွင်း မဖြစ်မနေအပြင်ထွက်ရပါက Maskတပ်ဆင်သွားလာကြရန် ဟားခါးမြို့အတွင်း ပညာပေးလုပ်ငန်းများဆောင်ရွက်

ချင်းပြည်နယ် COVID-19​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၁၂/၂၀၂၀   အစည်းအဝေးကျင်းပ
ဧလ ၂၀၂၀ ခုနှစ်၊ ၂၄ ရက် Daw Cing Sian Hawm Lun

ချင်းပြည်နယ် COVID-19​ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၁၂/၂၀၂အစည်းအဝေးကျင်းပ၊ ထိုင်းနိုင်ငံပြန်လာမည့်သူများ Facility Qurantine ထားရှိရန် မြို့နယ်အားလုံးတွင် ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရ

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငြွေဖင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
ဧလ ၂၀၂၀ ခုနှစ်၊ ၂၃ ရက် U Min Eya Htyke

မင်းတပ်၊ ဧပြီ - ၂၃ မင်းတပ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငြွေဖင့် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန (၆)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုနှင့် ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တည်ဆောက်ပြီးစီးမှု အခြေအနေကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေ ကျပ်သန်း(၂၅၇.၉၈၀ )ဖြင့် တည်ဆောက်လျက် ရှိသည့် ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ(၂)ထပ် (၁၄၄×၄၁.၃)ပေ အဆောက်အဦသည် ၃၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းကို Pearl Cherry ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ က ရှင်းလင်း တင်ပြသည်။ ထို့နောက် မြို့မဂုဏ်ဆောင်ကုမ္ပဏီ မှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အား သွားရောက်စစ်ဆေးရာ ၃၂ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဒေါ်အိအိဝင်း က ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူး က စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းအပြီးသတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ ဆလိုင်းအောင် (ပြန်/ဆက်)

မင်းတပ်မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
ဧလ ၂၀၂၀ ခုနှစ်၊ ၂၃ ရက် U Min Eya Htyke

မင်းတပ်၊ ဧပြီ - ၂၂ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ မင်းတပ်မြို့ လူငယ်သင်တန်း ကျောင်းအမှတ်(၁)တွင် တည်ဆောက်လျက်ရှိသည့် မြေထိန်းနံရံပြီးစီးမှုအခြေအနေနှင့် လူငယ်သင်တန်း ကျောင်းအမှတ်(၂)ရှိ ကွန်ကရက်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို မင်းတပ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်တို့က ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ်(၁) ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်း က မြေထိန်းနံရံတည်ဆောက် ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် မင်းတပ်မြို့၊အရေ့ြှပင်ရပ်ကွက်ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ရုံးအဝင်လမ်း ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအခြေအနေအား လက်ထောက်ညွှန်ကြားရေးမှူး ဦးဂေလိန်းမောင်း က ရှင်းလင်းတင်ပြရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးက စံချိန်စံညွှန်း နှင့်အညီသတ်မှတ် ကာလအတွင်း လုပ်ငန်းအပြီးသတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။ ဆလိုင်းအောင်(ပြန်/ဆက်)