ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းဝန်ထမ်းများအား ဆန်၊ကြက်ဉနှင့် ကာဘော်လိပ်ဆပ်ပြာခဲများ ထောက်ပံ့
ဧလ ၂၀၂၀ ခုနှစ်၊ ၆ ရက် U Min Eya Htyke

ဟားခါး ဧပြီ ၆ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းဝန်ထမ်းများ သက်သာ ချောင်ချိရေး၊ စားနပ်ရိပ်က္ခာဖူလုံရေးအတွက် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၂နာရီ အချိန်က ဟားခါးမြို့ ၊ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဌာနအတွင်းမှ အရာထမ်း၊အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက လတ်တလောဖြစ်ပေါ်လျက်ရှိသော COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်မှု ကာလအတွင်း မိမိဌာနဝန်ထမ်းများအား စာနပ်ရိခက္ခာဖူလုံစေရေး အထောက်အပံ့ဖြစ်နိုင်စေရန် ကူညီထောက်ပံ့ရခြင်း ဖြစ်ပါကြောင်း၊အရာထမ်း၊အမှုထမ်း အားလုံးအား ဌာနမှတတ်နိုင်သည့် အခြေအနေဖြင့် ညီမျှစွာ ခွဲဝေထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း၊အမှုထမ်း စုစု ပေါင်း(၂၁၀)ဦးအတွက် ဆန်(၁၀၅)တင်း၊ ကြက်ဉ(၁၈၆၀ )လုံးနှင့်ကာဘော်လိပ်ဆပ်ပြာ(၂၁၀)ခဲ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အောင်ခွီရှိန်း (ပြန်/ဆက်)