(၅၅)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဟားခါးမြို့၌ဆောင်ရွက်
စက်လ ၂၀၁၉ ခုနှစ်၊ ၇ ရက် U Min Eya Htyke

ဟားခါး စက်တင်ဘာ − ၇ ၂၀၁၉−ခုနှစ်အောင်တိုဘာ၁ရက်နေ့တွင်ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီးခင်ကျော်၏ဉီးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊တပ်ဖွဲ့မိသားစုဝင်များပူးပေါင်း၍ဟားခါးမြို့ ၊ အိပ်မက်တော်ရသစ္စာအောင်မြေ ကုန်းတော်ဇေတဝန် တောရစာသင်တိုက် ကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာ ၇ ရက်နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေးတွင် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှရဲတပ်ဖွဲ့ဝင်များ ၊ ဟားခါးခရိုင်၊မြို့နယ် ရဲစခန်းများမှတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ၊ လူကုန်ကူးမှုတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များ ၊ မှုခင်း နှင့်သတင်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၈၀ ဉီးတို့က ကျောင်းဝင်းအတွင်း ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းအမှိုက်များစုပေါင်းသန့်ရှင်းခြင်းစသည့်ပြည်သူ့အကျိုးပြု လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိ ရသည်။ ခရိုင်(ပြန်/ဆက်)

စည်းကမ်းလိုက်နာခြင်းမရှိသည့် ယာဉ်များအားဖယ်ရှားရှင်းလင်းနိုင်ရေး ချင်းပြည်နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီက ကွင်းဆင်းဆောင်ရွက်
စက်လ ၂၀၁၉ ခုနှစ်၊ ၆ ရက် U Min Eya Htyke

ချင်းပြည်နယ် ဟားခါးမြို့အတွင်း မြို့ပေါ်လမ်းမများနှင့် မြို့အဝင်အဝေးပြေးလမ်းမ များပေါ်တွင် အချိန်ကြာမြင့်စွာစည်းကမ်းမဲ့ ရပ်နားထားကြသည့် မော်တော်ယာဉ်များအား ဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဉီးရွှေထီးအိုနှင့်အတူ ဟားခါးမြို့ အမှတ်(၁၆) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဘန်နီဖိုင်းနှင့် ပူးပေါင်းအဖွဲ့ တို့သည် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့်အတူ ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်အသီးသီးကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဖလမ်း၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ( အခမဲ့ )သင်တန်းဖွင့်
စက်လ ၂၀၁၉ ခုနှစ်၊ ၅ ရက် U Min Eya Htyke

  ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် Open Society Foundation Myanmar တို့ပူးပေါင်း၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ( အခမဲ့ )သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏(၁၇)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲဟားခါး၌ကျင်းပ
စက်လ ၂၀၁၉ ခုနှစ်၊ ၅ ရက် U Min Eya Htyke

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် များ ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဉီးစီးမှူးများ၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်း အစည်းအဝေးကို စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ချင်းပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဉီးဝင်းမြင့်ကျော်နှင့် ပြည်နယ် တရားရေးဉီးစီးမှူး ဉီးအောင်သိန်းတို့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်း ပြောကြားသည်။

ချင်းပြည်နယ်အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးအပေါ်ကူညီထောက်ပံ့မှုစီမံကိန်း၏ အတွေ့အကြုံမျှဝေခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဟားခါး၌ကျင်းပ
စက်လ ၂၀၁၉ ခုနှစ်၊ ၄ ရက် U Min Eya Htyke

ချင်းပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးအပေါ်ကူညီထောက်ပံ့မှုစီမံကိန်း ရပ်ရွာလူထုသဘာဝဘေးစီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်းအတွေ့အကြုံမျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ၊ မြို့နယ်ခန်းမ၌ကျင်းပသည်။

ထူးခြားမိုးလေဝသအခြေအနေသတင်း
စက်လ ၂၀၁၉ ခုနှစ်၊ ၃ ရက် James Sing

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၀၀၀)နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် လည်းကောင့်၊ ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသော အပူပိုင်းမုန်တိုင်း "ကာဂျီကီ"(Kajiki)၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းလျက်ရှိ။ − ယနေ့ မြန်မာစံတော်ချိန်(၁၀၀၀)နာရီအချိန် တိုင်းထွက်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယအော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ သြရိကမ်းခြေမြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဆက်လက်တည်ရှိသည် သတိပေးနှိုးဆော်ချက် − ထိုသို့ မုတ်သုံလေ အားအလွန်ကောင်းလျက်ရှိသောကြောင့် ယနေ့နံနက်မှနောက်(၃)ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး။ ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ − မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ(၁၃)ပေခန့်ရှိနိုင်သည်။ − လေပြင်းတိုက်ခတ်ခြင်းနှင့်မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းမျာ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ လေလျှံမှုများဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ပါသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၄၀၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော်အခြေအနေ
စက်လ ၂၀၁၉ ခုနှစ်၊ ၂ ရက် James Sing

"ယနေ့မြန်မာစံတော်ချိန်(၁၃၃၀)နာရီအချိန် တိုင်းထွက်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure)တစ်ခု ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။