၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၄၀၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော်အခြေအနေ
စက်လ ၂၀၁၉ ခုနှစ်၊ ၂ ရက် James Sing

"ယနေ့မြန်မာစံတော်ချိန်(၁၃၃၀)နာရီအချိန် တိုင်းထွက်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် (၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း သတင်းရရှိသည်

ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအ​ေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
စက်လ ၂၀၁၉ ခုနှစ်၊ ၂ ရက် U Min Eya Htyke

ဟားခါး စက်တင်ဘာ − ၂ ချင်းပြည်နယ် ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့်လုပ်ငန်း ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲက ချင်းပြည်နယ် အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ နာယက ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ် ၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဉီးဖွေအား ၊ လုပ်ငန်းကော်မတီနှင့်လုပ်ငန်းဆပ်ကော်မတီများမှ တာဝန်ရှိသူ များတက်ရောက်ကြသည်။

ချင်းပြည်နယ်လမ်းဦးစီးဌာန လုပ်ငန်းဆောင်ရွက်မှုသတင်း
ဩလ ၂၀၁၉ ခုနှစ်၊ ၃၀ ရက် James Sing

ချင်းပြည်နယ်လမ်းဦးစီးဌာန လမ်းလုပ်ငန်းဆောင်ရွက်မှုသတင်းများအား အများပြည်သူများသိရှိရန် တင်ပြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းဆင်းပွဲဟားခါး၌ကျင်းပ
ဩလ ၂၀၁၉ ခုနှစ်၊ ၃၀ ရက် U Min Eya Htyke

ဟားခါး သြဂုတ် − ၃၀ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ရုံးကွပ်ကဲမှု အောက်ရှိ (ဟားခါးမြို့)အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၆၈)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်( ၅၁ )ဆင်းပွဲအခမ်းအနားကိုယနေ့နံနက်၉နာရီတွင် အဆိုပါသင်တန်းကျောင်း(ဟားခါး)ခန်းမ၌ ကျင်းပရာပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်ကသင်တန်းကျောင်းအနေဖြင့် သင်တန်းတွင်အမျိုးသမီးငယ်များကို ကျောင်းအိပ်ကျောင်းစား စရိတ်ငြိမ်းဖြင့် သင်ကြားပေးလျက်ရှိ ကြောင်း ၊ သင်ထောက်ကူပစ္စည်းအစုံအလင် ထောက်ပံ့ပေးပြီးစာတွေ့ လက်တွေ့ သင်ကြားပေးလျက် ရှိပါ ကြောင်း၊ သင်တန်းပြီးဆုံးပါကတပိုင်တနိုင်လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက် များကိုအရစ်ကျစနစ်ဖြင့် ရောင်းချပေး လျက် ရှိကြောင်းသင်တန်းကျောင်းအနေဖြင့် ယနေ့အချိန်ထိ အခြေခံ အိမ်တွင်းမှုသင်တန်းပြီးဆုံးသူ( ၂၃၀၄ )ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းပြီးဆုံးသူ (၆၂၁)ဦး၊စုစုပေါင်း(၂၉၂၅)ဦး အနက်မှ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်း ပြုသူ(၁၂၄၉)ဦးရှိကြောင်း၊အိမ်တွင်းမှု ပညာရပ်များ သင်ကြားပေး ခြင်း ဖြင့် ယဉ်ကျေးလိမ္မာ၍ အဆင့်တန်းမြင့်မားသောလူမျိုးအဖြစ် ဂုဏ်ယူရပ်တည်နိုင်ရေး ရိုးရာယဉ်ကျေးမှု လက်မှုအတက်ပညာများပိုမိုထွန်းကားပြန့်ပွားလာစေရေး ၊ ကိုယ်ပိုင်ဝင်ငွေရရှိပြီး မိမိဘဝ၊ မိမိ စွမ်းအားဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုကြောင်း သင်တန်းဆင်း အမှာစကား ပြောကြား ခဲ့ပါသည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်က အဆင့်မြင့် စက်ချုပ် သင်တန်းတွင်ထူးချွန်ဆုနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က အခြေခံအိမ်တွင်းမှု သင်တန်းထူးချွန်ဆုရရှိသူများကိုအပ်ချုပ်စက်(၁)လုံး စီဆုချီးမြှင့်၍ ပြည်နယ်ဥပဒေချုပ်ဉီးဆန်နီထန်ကျုံးက သင်တန်းဆင်းအောင်လက်မှတ်များကိုပေးအပ်ခဲ့ပြီးနောက်အခမ်းအနား သို့ တက်ရောက်လာသူများက သင်တန်းဆင်း သင်တန်း သူများ၏ အဝတ်အထည်၊ လက်မှုလက်ရာများခင်းကျင်းပြသ ထားမှုကို ကြည့်ရှုခဲ့ ကြပါသည်။ အဆိုပါသင်တန်းတွင် အခြေခံအိမ်တွင်းမှုသင်တန်းသူ( ၆၀ )ဦးနှင့် အဆင့်မြင့်စက်ချုပ် သင်တန်းသူ(၂၀) ဦး၊ စုစုပေါင်းသင်တန်းသူ(၈၀)ဦးတက်ရောက်သင်ကြားခဲ့ပြီးသင်တန်းကာလမှာရက်သတ္တ(၁၄)ပတ် ကြာမြင့် ခဲ့ပြီးသင်တန်းဆင်းပွဲကိုဟားခါးမြို့ရှိဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊သင်တန်းဆရာမများ၊ သင်တန်းသူ များ တက်ရောက်ခဲ့ပါသည်။ အလားတူ ယနေ့နံနက်ပိုင်းတွင်ချင်းပြည်နယ်အတွင်းတီးတိန်၊မင်းတပ်၊မတူပီ၊ကန်ပက်လက် မြို့များရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင်လည်း အဆိုပါ သင်တန်းဆင်းပွဲများ အသီးသီးပြုလုပ်ခဲ့ ကြကြောင်း သိရှိရပါသည်။ ခရိုင်(ပြန်/ဆက်)

ချင်းပြည်နယ်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသတင်း
ဩလ ၂၀၁၉ ခုနှစ်၊ ၃၀ ရက် James Sing

ချင်းပြည်နယ်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသတင်းများ အများပြည်သူသိရှိရန် တင်ပြသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေ
ဩလ ၂၀၁၉ ခုနှစ်၊ ၂၉ ရက် James Sing

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေအား အများပြည်သူများသိရှိနိုင်ရန် တင်ပြသည်။

ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး နောက်ဆုံးအဆင့်အလုပ်ရုံဆွေးနွေးပွဲဟားခါး၌ကျင်းပ
ဩလ ၂၀၁၉ ခုနှစ်၊ ၂၈ ရက် U Min Eya Htyke

ဟားခါး သြဂုတ် ၂၈ ၂၀၂၀−၂၀၂၅ ခုနှစ် ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်း နောက်ဆုံးအဆင့်အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၈ ရက် နံနက် ၉နာရီက ဟားခါးမြို့ Carson Hall ၌ ကျင်းပရာ ချင်းပြည်နယ်လွှတ်တော် ဉက္ကဌ ဉီးဇိုဘွဲ တက်ရောက်အမှာစကားပြောကြားသည်။ ထို့နောက် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဉက္ကဌ၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဉီးစိုးထက်က ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ၊ ခရီးသွားလုပ်ငန်းမှအကျိုးအမြတ် များကိုဒေသခံပြည်သူ လူထုများမှလက်တွေ့ခံစားနိုင်စေရေး၊ ခရီးသွားလုပ်ငန်းဖော်ဆောင် ရာတွင်လည်း အစိုးရ ၊ ပြည်သူနှင့် ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းပါဝင်နေသူများအားလုံး အတူလက်တွဲ အကောင်အထည် ဖော်နိုင်ရေး ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၂၀၂၀−၂၀၂၅)ကို ချင်းပြည်နယ်အကျိုးကို ရှေးရှူကာရေးဆွဲခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဉီးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဉီးအောင်ဖြိုးက ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေနှင့်လုပ်ငန်းတာဝန်များကိုရှင်းလင်းတင်ပြပြီး ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဉီးခိုင်ဉီးက ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ် များအားရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင် များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများက ချင်းပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများအား အစုအဖွဲ့လိုက်ဆွေးနွေးကာမှတ်တမ်းတင်ခဲ့ကြသည်။ ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၂၀၂၀-၂၀၂၅ ရေးဆွဲခြင်းအတွက် ပထမအကြိမ် ကြိုတင်ညှိနှိုင်း အစည်းအဝေးများကို ဖလမ်းမြို့၊တီးတိန်မြို့၊မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များတွင် ကျင်းပခဲ့ပြီး နောက်ဆုံးအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဟားခါးမြို့၌ ကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်လွှတ်တော် ဉက္ကဌ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ၊ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး သြဂုတ်လ ၂၈ရက်မှ ၂၉ရက်အထိကြာမြင့်မည်ဖြစ်ကြောင်းသိရှိရသည်။ ခရိုင်(ပြန်/ဆက်)

ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အရည်အသွေးကောင်းမွန်စေရေး ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်
ဩလ ၂၀၁၉ ခုနှစ်၊ ၂၇ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၂၇ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး ဝန်ထမ်းများအား ခေါင်းဆောင် မှုနှင့် စီမံခန့်ခွဲမှု အရည်အသွေးကောင်းမွန်စေရေး ရုံးတွင်းစာဖတ်ဝိုင်းကို သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။ စာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်နိုင်( စိတ်ပညာ )ရေးသားသည့် “ခေါင်းဆောင်မှုနဲ့ စီမံခြင်း” စာအုပ်ပါအကြောင်းအရာများကို ဝန်ထမ်းများက အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ခရိုင် ပြန်/ဆက်

ဖလမ်းမြို့၌ မြေအက်ကွဲမှုကြောင့် မိသားစုနှစ်စု ပြောင်းရွှေ့ခဲ့ရ
ဩလ ၂၀၁၉ ခုနှစ်၊ ၂၇ ရက် U Min Eya Htyke

ဖလမ်း သြဂုတ် ၂၇ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအပေါ်ဘက် တောင်စောင်းတွင် ဆောက်လုပ် ထားသော ဦးဗျက်လှေထန်းနေအိမ် အနီးတစ်ဝိုက်သည် မြေကြီးအက်ကွဲကြောင်းများဖြစ်ပေါ်နေပြီး ပြိုကျနိုင်သည့် အခြေအနေကြောင့် သြဂုတ် ၂၆ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ မိသားစုဝင်များအား ပြောင်းရွှေ့ပေးခဲ့သည်။ အဆိုပါနေအိမ်တွင် နေထိုင်လျက်ရှိသော အိမ်ရှင် မိသားစုဝင်များနှင့် အိမ်ငှားမိသားစုဝင်များကို ဘေးလွှတ်ရာဆွေမျိုးများထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ နေအိမ်သည် ( ၃၀×၂၀ )ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂)ထပ်ဖြစ်ပြီး နေအိမ်တွင် အိမ်ရှင်၊ အိမ်ငှား အိမ်ထောင်စုနှစ်စု မိသားစုဝင် (၁၇)ယောက် နေထိုင်ကြောင်းသိရသည်။ ခရိုင် ပြန်/ဆက်