တောရိုင်းတိရစာ္ဆန်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားဟားခါးမြို့၌ကျင်းပ
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၅ ရက် U Min Eya Htyke

တောရိုင်းတိရစာ္ဆန်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားဟားခါးမြို့၌ကျင်းပ

ဖလမ်း၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွာသင်တန်း ပြုလုပ်
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၅ ရက် U Min Eya Htyke

ဖလမ်း ဇန်နဝါရီ ၁၄ ဖလမ်းခရိုင်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀နာရီက ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။ အခမ်းအနားတွင် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအုပ်နောလ်က အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းတွင် ဖလမ်းခရိုင်အတွင်း ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များရှိ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များတက်ရောက်ပြီး သင်တန်းကို ဇန်နဝါရီ ၁၅ရက်ထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။ ခရိုင်ပြန်/ဆက်

အမှိုက်သိမ်းဆည်းရေးလုပ်ငန်းတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၅ ရက် U Min Eya Htyke

ဖလမ်း ဇန်နဝါရီ ၁၄ စည်ပင်သာယာရေးအဖွဲ့နှင့် လောကအလင်းတို့ပူးပေါင်းဆောင်ရွက်သည့် အမှိုက်သိမ်းဆည်း ရေးလုပ်ငန်းတွင် အမျိုးသမီးများပူးပေါင်းပါဝင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီ ဖလမ်းနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ အလုပ်ရုံဆွေးနွေးပွဲကို VNG Internaltional Gender Cosalton ဒေါ်ယဉ်ယဉ်မင်းက ဦးဆောင်ဆွေးနွေးပြီး မြို့ပေါ်ရှိ အမျိုးသမီးများ တက်ရောက်ကြကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ထန်တလန်မြို့သို့မီးဘေးသင့်ပြည်သူများအား ထောက်ပံ့‌ပေးအပ်
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၄ ရက် U Min Eya Htyke

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ထန်တလန်မြို့သို့မီးဘေးသင့်ပြည်သူများအား ထောက်ပံ့‌ပေးအပ် ===================================== ထန်တလန် ဇန်နဝါရီ ၁၃ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲနှင့် ပြည်နယ်လမ်းပန်းဝန်ကြီး ဦးရွှေထီးအိုတို့တက်ရောက်၍ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီ ၂၀ အချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်(၃)လုံး မီးလောင်သည့်နေရာအား သွားရောက်ကြည့်ရှုကြပြီးနောက်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဌဦးဇိုဘွဲတို့က နှစ်သိမ့်အားပေးစကားပြောကြားကြသည်။ ဆက်လက်၍ မီးဘေးသင့်ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်က ငွေကျပ်(၁)သိန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌဦးဇိုဘွဲက ငွေကျပ်(၁၀)သိန်း၊ ပြည်နယ်လမ်းပန်းဝန်ကြီးဦးရွှေထီးအိုက ငွေကျပ်(၂)သိန်း၊ စုစုပေါင်းငွေကျပ် (၁၃)သိန်းကို ထောက်ပံ့ပေးအပ်ပြီး မီးဘေးသင့်ပြည်သူများကိုယ်စား ဦးထလာကျံုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ပြည်နယ်လွှတ်တော်ဥက္ကဌဦးဇိုဘွဲ၊ ပြည်နယ်လမ်းပန်းဝန်ကြီးဦးရွှေထီးအို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦး‌ေအာင်‌ေဆွမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မီးဘေးသင့်ပြည်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)

ချင်းပြည်နယ် ကျီခါးမြို့ တွင်ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၃ ရက် U Min Eya Htyke

ချင်းပြည်နယ် ကျီခါးမြို့ တွင်ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟားခါး၌တရားစီရင်ရေးကျင့်ဝတ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကျင်းပ
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၂ ရက် U Min Eya Htyke

ဟားခါး ဇန်နဝါရီ ၁၂ ပြည်ထောင်စုတရားလွှတ်ချုပ်နှင့်ဒိန်းမတ်−မြန်မာပူးပေါင်းဆောင်ရွက်သည့် တရားစီရင်ရေးကျင့်ဝတ် များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၂ နံနက် ၈နာရီခွဲက ဟားခါးမြို့ CACC ခန်းမ၌ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ရှေးဉီးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဉီးဝင်းမြင့်ကျော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၁၈−၂၀၂၂)၏၂၀၂၀ပြည့် နှစ် လုပ်ငန်းစဉ်များတွင်တစ်ခုအပါအဝင်ဖြစ်သော (၃) နှစ်အတွင်း တစ်နိုင်ငံလုံးတရားရုံးများတွင် မူခင်းစီမံခန့် ခွဲမှုအစီအစဉ်ဆောင်ရွက်ပြီးဖြစ်ရေးဉီးတည်ချက်များနှင့်အညီ၊ ယနေ့ကျင်းပပြုလုပ်သည့် တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်များအလုပ်ရုံဆွေး နွေးပွဲမှပို့ချပေးမည့် ကျင့်ဝတ်ဆိုင်ရာအသေးစိတ်အချက်အလက်များကို အထူး ဂရုတစိုက်မှတ်သားလိုက်နာကြ ရန်နှင့် မရှင်းလင်းသည့်အချက်များကို မေးမြန်းဆွေးနွေးကြရန်လိုအပ်ကြောင်း ၊ တရားရေးအရာရှိများအနေဖြင့် တစ်ဉီးချင်းစီအတွက်မရှိမဖြစ်လိုအပ်သော Code of Judicial Ethics ပါ သတ်မှတ်ဖော်ပြချက်များကို အစဉ်သိရှိ လိုက်နာစောင့်ထိန်းရမည်ဖြစ်ကြောင်း ၊ သို့မှသာ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိပြီး ဂုဏ်သိက္ခာရှိရှိဖြင့် သာတူ ညီမျှမှု ၊ သမာသမတ်ကျမှု ကိုအခြေခံလျက် ဖြောင့်မတ်တည်ကြည် စွာဉပဒေနှင့်အညီအမှုများကို လွတ်လပ်စွာ စစ်ဆေးစီရင်နိုင်စွမ်းရှိသော တရားသူကြီးကောင်း တစ်ဉီးမလွဲဧကန် ဖြစ်မည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဉီးဝင်းမြင့်ကျော် ၊ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးများ ၊ ချင်းပြည်နယ်အတွင်းရှိခရိုင်၊မြို့နယ်တရား သူကြီးများတက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ကျင့်ဝတ်သမိုင်းကြောင်း ၊ ရည်ရွယ်ချက် ၊ တရားစီရင် ရေးကျင့်ဝတ်အခန်းကဏ္ဍနှင့်အရေးပါမှု၊ တရားသူကြီးများကျင့်ဝတ်ဆိုင်ရာ အခြေခံမူများအား လက်တွေ့ လေ့ကျင့်ခန်းများ၊ဆွေးနွေးမှုများဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရပြီး အခမ်းအနားအပြီးတွင် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့်သင်တန်းနည်းပြများ ၊ သင်တန်းသားများ အမှတ်တရစုပေါင်း မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။ ကျော်စွာ(ပြန်/ဆက်)

ဖလမ်းမြို့နယ်၊ တလန်ရောန်ကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၁ ရက် U Min Eya Htyke

ဖလမ်း ဇန်နဝါရီ ၁၀ ဖလမ်းမြို့နယ်၊ တလန်ရောန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။ ကျောင်းဆောင်သစ်ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါအဆောက်အအုံသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း (၈၀၀)ဖြင့် Chin Dairial ကုမ္ပဏီက (၁၂၀×၃၀)ပေ Steel Structre ဖြင့် တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တလန်ရောန်ကျေးရွာနှင့် အနီးနားရှီ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို အဆိုပါကျောင်း၌ ဆက်လက်ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် လူမှုရေးဝန်ကြီးတို့က အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းသည်။ ထို့နောက် ကျေးရွာဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက်)

ရိခေါ်ဒါရ် လူထုအခြေပြုဗဟိုဌာန၌ ကဗျာရွတ်ဆိုပြိုင်ပွဲအပါအဝင် ပြိုင်ပွဲ လေးမျိုး ကျင်းပ
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ် ဇန်နဝါရီ ၁၁ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့် စာဖတ်သည့်အလေ့အထကောင်းရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ချက် ဖြင့် ဖတ်၊ မှတ်၊ ကြံ၊ ထွင် ပြိုင်ပွဲ လေးမျိုးကို ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၃ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးလာလ်ပက်လောမ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ အမှတ်ပေးစည်းမျည်း များနှင့် လူထုအခြေပြုဗဟိုဌာနလုပ်ငန်းများ လစဉ်ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၁၂ ဦးတို့က “လွတ်လပ်ခဲ့ပြီ ပြည်မြန်မာ”ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ (၁၈)ဦး တို့က “ပြိုင်တူတွန်းလျှင် ရွှေ့နိုင်သည်”ခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲကို လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၈)ဦးတို့က ကျပန်းစကားပြောပြိုင်ပွဲကို လည်းကောင်း၊ မူလတန်းနှင့်အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ (၂၇)ဦးတို့က ဗိုလ်ချုပ်ပုံတူရေးဆွဲပြိုင်ပွဲများကိုလည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားစည်ကားသိုက်မြိုက်စွာဖြင့်အောင်မြင်စွာ ကျင်းပနိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၀ ရက် U Min Eya Htyke

(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားစည်ကားသိုက်မြိုက်စွာဖြင့်အောင်မြင်စွာ ကျင်းပနိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ဟားခါးမြို့၌ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း)ရှင်းလင်းပွဲကျင်းပ
ဇန်လ ၂၀၂၀ ခုနှစ်၊ ၁၀ ရက် U Min Eya Htyke

ဟားခါးမြို့၌ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း)ရှင်းလင်းပွဲကျင်းပ