ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် ကမာ္ဘ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက် အမှာစကားပြောကြား
စက်လ ၂၀၁၉ ခုနှစ်၊ ၁၆ ရက် U Min Eya Htyke

ကမာ္ဘ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီ က ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ် ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

အထွေထွေဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ဟားခါး၌ကျင်းပ
စက်လ ၂၀၁၉ ခုနှစ်၊ ၁၃ ရက် U Min Eya Htyke

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဟားခါးမြို့Chin Galaxy ကိုယ်ပိုင်ကျောင်းတို့ပူးပေါင်း ၍ ကလေးများ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျောင်းသင်ခန်းစာပြင်ပဗဟုသုတများရရှိစေရေးရည်ရွယ်၍ အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီက ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ၌ ကျင်းပ

ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား တက်ရောက်အမှာစကားပြောကြား
စက်လ ၂၀၁၉ ခုနှစ်၊ ၁၃ ရက် U Min Eya Htyke

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက် ခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဟားခါး၌ဆောင်ရွက်
စက်လ ၂၀၁၉ ခုနှစ်၊ ၁၂ ရက် U Min Eya Htyke

ဟားခါး စက်တင်ဘာ − ၁၂ ချင်းပြည်နယ် မီးသတ်ဉီးစီးဌာန ၊ ပြည်နယ်မီးသတ်ဉီးစီးမှူးဉီးမျိုးမြင့်၏ လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဉီးစီးဌာနနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြြခင်းကို စက်တင်ဘာ ၁၂ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း တွင် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အသိပညာပေးခြင်းတွင် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဉီးစီးဌာန ဉီးစီးအရာရှိ ဉီးကျော်ဌေးနိုင်ကကျောင်းသား၊ ကျောင်းသူများအား ရုတ်တရက် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများအားလည်းကောင်း၊ ဟားခါးခရိုင်မီးသတ်ဉီးစီးဌာန ဒုတိယဉီးစီးမှူး ဒေါ်ဟုန်းထန်းအွယ်က မီးဘေး အန္တရာယ် ကြုံတွေ့လာပါက ကာကွယ်ရမည့်နည်းလမ်းများအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင်မီးသတ်ဉီးစီးဌာန ဒုတိယမီးသတ်ဉီးစီးမှူး ဉီးအောင်ကျော်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ က ကယ်ဆယ် ရေးပစ္စည်းများအား ပြသ ကာ သဘာဝေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေး လုပ်ငန်းများလက်တွေ့သရုပ်ပြခြင်း ၊ အဆောက် အအုံပစ္စည်းများနှင့် မော်တော်ယာဉ်များအောက်တွင် ပိမိနေသူများအား lifting Bag ဖြင့်ကယ်ဆယ်ခြင်း ၊ အခန်းတွင်းပိတ်မိနေသူများအား Cutter ဖြင့် ဖြတ်တောက် ဖောက်ထွင်းကယ်ဆယ်ခြင်းနှင့် အထပ်မြင့်အဆောက်အအုံပေါ်မှလူနာများအား ကယ်ဆယ်ခြင်း လုပ်ငန်းများနှင့် ပိုလန်နိုင်ငံထုတ် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်၏ မော်နီတာ အသုံးပြုနိုင်မှုစွမ်းရည်နှင့် မီးလောင်ပြင်တွင်အသုံးပြုနိုင်မှု စွမ်းရည်တို့အား လက်တွေ့သရုပ်ပြသရာ ကျောင်းသား၊ ကျောင်းသူ လေးများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ ကြကြောင်းသိရှိရသည်။ ခရိုင်(ပြန်/ဆက်)

ဟားခါး-ဖလမ်း-ကလေးလမ်းကြား ကျောက်တောင်ပြိုကျမှုကြောင့် ခေတ္တလမ်းပြတ်တောက်မှုဖြစ်ပွား
စက်လ ၂၀၁၉ ခုနှစ်၊ ၁၁ ရက် U Min Eya Htyke

ဟားခါး-ဖလမ်း-ကလေးလမ်း(၁၇၉)ကီလိုမီတာမှ (၁၈၀)ကီလိုမီတာအကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၁ရက် နံနက် ၆နာရီအချိန်က အလျား(၄၁)မီတာ၊အနံ (၁၂.၅)မီတာ၊အမြင့်(၁၀.၅)မီတာရှိသော ကျောက်တောင်ပြိုကျမှုကြောင့် ခေတ္တလမ်းပြတ်တောက်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်ခြားတောင်ရှိ အောင်တော်မူ စေတီကုန်းတော် စုပေါင်းသန့်ရှင်းရေးပြုလုပ်
စက်လ ၂၀၁၉ ခုနှစ်၊ ၁၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ် စက်တင်ဘာ ၁၁ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နယ်ခြားတောင်ရှိ အောင်တော်မူ စေတီကုန်းတော် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စက်တင်ဘာ ၁၀ ရက် ကဆောင်ရွက်သည်။ အဆိုပါစုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်း ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များက ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နယ်ခြားတောင်ရှိ အောင်တော်မူစေတီကုန်းတော် သန့်ရှင်းရေးပြုလုပ်ခြင်း၊ စေတီ ပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများ၊ မြက်ထူများရှင်းလင်းခြင်း၊ ရင်ပြင်တော်များကို သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ် ပြန်/ဆက်