(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ဟားခါး၌ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၂၁ ၂၀၁၉−ခုနှစ် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲ က ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပသည်။ အခမ်းအနားတွင် အမှတ်(၁)အ​ခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူလေးများက ပြည်မြန်မာ တေးသီချင်းဖြင့် အခမ်းအနားအား သီဆိုဖွင့်လှစ်ပေးပြီး ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီးက ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့်ထံမှ ပေးပို့သည့် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် (၉၉)နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ်အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူလေးများအား မြို့နယ်အုပ်ချုပ် ရေးမှူး ဉီးမြင့်ဉီး ၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဉီးဘီခူဒို ၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှချို၊ ဟားခါးမြို့နယ် စီမံကိန်းရေးဆွဲရေးဉီးစီးဌာနဉီးစီးမှူး ဉီးမာန်အဲရ် တို့က ဆုများ အသီးသီး ပေးအပ်ခဲ့ကြပြီး အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ လေးများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရှိရသည်။ ကျော်စွာ(ပြန်/ဆက်)

(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားပြုလုပ်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ဖလမ်း နိုဝင်ဘာ ၂၁ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဇုန်လွယ်ခန်းမ၌ ပြုလုပ်သည်။ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက “ပြည်မြန်မာ”သီချင်း သီဆိုခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ဖတ်ကြားသည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/သူများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက “ဇာတိမာန်”သီချင်း သီဆိုခြင်းဖြင့် အခမ်းအနား ရုပ်သိမ်းကြောင်း သိရသည်။ ဂျွန်(ပြန်/ဆက်)

ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားပေါ်မှ ကုန်စည်တင်သွင်းပို့ဆောင်မှု အား အိန္ဒိယနိုင်ငံဘက်က နှစ်ရက်ကြာခေတ္တပိတ်ပင်ထားမည်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ် နိုဝင်ဘာ ၂၀ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားပေါ်မှ ကုန်စည် တင်သွင်းပို့ဆောင်မှုအား အိန္ဒိယနိုင်ငံဘက်က နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၈ နှစ်ရက်ကြာ ခေတ္တပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားပေါ်ဖြတ်သန်း၍ ကုန်စည်တင်သွင်းပို့ဆောင်မှု ခေတ္တပိတ်ပင်ရခြင်း၏ အကြောင်းရင်းမှာ အိန္ဒိယနိုင်ငံတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်မှ တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး Anil Chawhan နှင့်အဖွဲ့သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်အနီးရှိ (အိန္ဒိယဘက်ခြမ်း) ဇိုခေါထားရ်ကျေးရွာသို့ လာရောက်ရန်ခရီးစဉ်ရှိပါသဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့အထိ နှစ်ရက်အတွင်း နယ်စပ်ချစ်ကြည်ရေးတံတား မှတစ်ဆင့် လူနှင့်ယာဉ်ငယ်များ ဝင်ထွက်သွားလာမှုမှအပ အခြားကုန်စည်တင်သွင်း ပို့ဆောင်မှုအား နှစ်ရက်ကြာခေတ္တပိတ်ပင်ထားမည်ဖြစ်ကြောင်း ဇိုခေါထားရ်ကျေးရွာရှိ သက်ဆိုင်ရာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။ ကိုပက် (ရိမင်းသား)

ရိခေါ်ဒါရ်မွေးမြူရေးခြံ၏လုပ်ငန်းဆောင်ရွက်တိုးတက်မှုများ ကွင်းဆင်းစစ်ဆေး
နိုလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ် နိုဝင်ဘာ ၂၀ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါလျက် ရိခေါ်ဒါရ်မြို့ရှိ မွေးမြူရေးသရုပ်ပြခြင်းနှင့် မျိုးဖြန့်ဖြူးရေးခြံ၏ လုပ်ငန်းဆောင်ရွက် တိုးတက်မှုများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံ ဦးကျုံထန်းက မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများ၊ လုပ်ငန်းရည်မှန်းချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုလုပ်ငန်းနှင့်ပတ်သက်၍ ဌာန၏ရည်ရွယ်ချက်များ အောင်မြင်စေရေး၊ မွေးမြူရေးလုပ်ငန်းအား စံပြအဖြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူး နိုင်ရေး၊ မွေးမြူရေးအသိပညာဖြန့်ဖြူးနိုင်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ အစာတိုက်ကျွေးမှုစနစ်တကျဖြစ်စေရေးတို့အား အလေးထားလိုက်နာ ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မွေးမြူရေးခြံအတွင်း ဝက်နှင့် ကြက် မွေးမြူထားရှိမှု၊ အစာတိုက်ကျွေးမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ၊ မွေးမြူရေးခြံထိန်းသိမ်းစောင့်ရှောက်မှုများနှင့် အစာအတွက် နီပြာပင်များစိုက်ပျိုးထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရိခေါ်ဒါရ်မွေးမြူရေးခြံကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ထားခြင်း ဖြစ်ပြီး လက်ရှိ၌ ဝက်ကောင်ရေ (၁၂)ကောင်နှင့် ဒေသကြက်ကောင်ရေ (၁၆၀)ကောင်ဖြင့် စတင်မွေးမြူထားခြင်းဖြစ်ကြောင်း သိရသည်။ ကိုပက် (ရိမင်းသား)

ရိခေါ်ဒါရ်မြို့ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ နယ်မြေဒေသလုံခြုံရေးနှင့် တရားမဝင်ကုန်ပစ္စည်းများ တင်ပို့တင်သွင်းမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၁ ရက် U Min Eya Htyke

ရိခေါ်ဒါရ် နိုဝင်ဘာ ၁၉ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် နယ်မြေဒေသလုံခြုံရေး၊ နယ်စပ်ဝင်ထွက်ပေါက်မှ တရားမဝင် လူဝင်ထွက်မှုမရှိစေရေးနှင့် တရားမဝင်ကုန်ပစ္စည်း များတင်ပို့/တင်သွင်းမှုမရှိစေရေးအတွက် နိုဝင်ဘာ ၁၉ ရက်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဂိတ်ဝင်ထွက်ပေါက်၊ မြို့အဝင်၊ အထွက်များသို့ ပူးပေါင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်သည်။ အဆိုပါဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ထွက်ပေါက်ဂိတ်မှတစ်ဆင့် မူးယစ်ဆေးဝါးခိုးသွင်းတင်ပို့မှုမရှိစေရေး၊ တရား မဝင် လူဝင်ထွက်သွားလာမှု/ တရားမဝင်နိုင်ငံခြားသားများ ခိုးဝင်ထွက်မှုမရှိစေရေး၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်း/ သီးနှံများတင်ပို့မှုမရှိစေရေးနှင့် နယ်မြေဒေသလုံခြုံရေးတို့အတွက် စစ်ဆေးမှုများ ပြုလုပ် ခြင်းဖြစ်ရာ နယ်စပ်တံတား ဖြတ်သန်း သွားလာမှုနှင့် မြို့အဝင်အထွက်များမှ ယာဉ်များ၊ လူဝင်ထွက်မှုများအား ရပ်တန့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့မြို့ဟာဆိုရင် တစ်ခြားမြို့နှင့်မတူတာက နယ်စပ်မြို့တစ်ခုဖြစ်တဲ့အပြင် ပြည်တွင်းပြည်ပ လူဝင်ထွက်မှုများပြားတဲ့နေရာဒေသတစ်ခုဖြစ်တယ်။ ဒါကြောင့် လုံခြုံရေး ကိစ္စကိုအထူးသတိထားဖို့လိုအပ်သလို ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ အခုလို အခါအားလျော် စွာ နယ်မြေဒေသလုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးဆောင်ရွက်တာဟာ ကျွန်တော်တို့ ရပ်ကွက်ပြည်သူတွေအနေနဲ့ အထူးဝမ်းသာကြိုဆိုပါတယ်။ စိတ်အေးချမ်း ရပါတယ်။” ရပ်ကွက် ပြည်သူတစ်ဦးက ပြောသည်။ ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် နယ်မြေဒေသနှင့် နယ်စပ် လုံခြုံရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းတင်ပို့မှုမရှိစေရေးနှင့် တရားမဝင် လူဝင် ထွက်မှုမရှိစေရေးအတွက် ရှောင်တခင်ပူးပေါင်းစစ်ဆေးခြင်းကို လစဉ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။ ပက်ကာ (ရိရေကန်)

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၂၀ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၂၀ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၂၀ရက် နံနက်၁၀နာရီက ဟားခါးမြို့၊ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးဇိုဘွဲ၊ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦး တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ပလက်ဝမြို့နယ် ပီကနောင်ကျေးရွာမှ လေမြိုဒေသ သံတောင်သို့ ကားလမ်းဖောက်လုပ်နိုင်ရန် ကျေးလက်လမ်းဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးလျာထားရန် အစီအစဉ်ရှိ/မရှိသိရှိလိုသော မေးခွန်း၊ မတူပီမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများအား မော်တော်ကားလမ်း အဖြစ်သို့ ဖောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုသော မေးခွန်း၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းများတွင် လိုက်နာဆောင်ရွက်ရန် စည်းမျဉ်းစည်းကမ်း ရှိ/မရှိသိရှိလိုသော မေးခွန်းအပါအဝင် မေးခွန်း(၅)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။ ထို့နောက် အစည်းအဝေးပထမနေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့က တင်သွင်းသည့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်အတွက် ကျပ်သိန်း(၁၃၅၀၀)ကို ဝဉစိုက် တောင်သူများအား ရင်းနှီးငွေထုတ်ချေးပေးနိုင်ရေးနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြန်လည် ရှင်းလင်းဆွေးနွေးကာ ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။ ယင်းနောက် ချင်းပြည်နယ်လွှတ်တော်ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့ ဉက္ကဌဦးပြေမင်းက ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး၊ကုသရေးဦးစီးဌာနမှူးရုံးနှင့် ဟားခါးပြည်သူ့ဆေးရုံအုပ်ရုံးသို့ သွားရောက် မိတ်ဆက်လေ့လာဆွေးနွေးမှု အစီရင်ခံစာအား လွှတ်တော်သို့တင်သွင်းရာ ပြည်နယ် လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မွန်းလွဲ ၁၂နာရီတွင် ကျင်းပပြီးစီးကြောင်း သိရသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှစ်ပတ်လည်နေ့ထိမ်းအမှတ် အခမ်းအနား ပြုလုပ်
နိုလ ၂၀၁၉ ခုနှစ်၊ ၂၀ ရက် U Min Eya Htyke

ဖလမ်း နိုဝင်ဘာ ၂၀ (၃၀)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။ ရှေးဦးစွာ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က အမှာစကားပြောကြားပြီး ဝေါလ်ဗီရှင်မြန်မာ ဌာနေကိုယ်စားလှယ်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့သဝဏ်လွှာကို ဖလမ်းဒေသဖွံ့ဖြိုးရေးစီမံချက် မန်နေဂျာ ဦးနန်ဆွမ်းမုန်က ဖတ်ကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်းမှ ကလေးငယ်များက Chin Nun Mawi အကဖြင့် ကပြဖျော်ဖြေကြပြီး နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

၂၀၁၉ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၂၀ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၂၀ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ UNICEFမှ (ချင်းပြည်နယ်တာဝန်ခံ) ဦးကျင်ခက်ထန်နှင့် ဝန်ထမ်း များ၊ အရပ်ဖက်အဖွဲ့အစည်းအသီးသီးတို့မှ ဖိတ်ကြားထားသူများ၊ ​အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်အရ ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံအားလုံးသည် ကလေးများအားလုံး အတွက် အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနေခြင်းများနှင့်အတူ မြန်မာနိုင်ငံသည်လည်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်များ၏ အဓိက အခွင့်အရေးများရရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို ဆက်လက်ထုဆစ်ပုံဖော်ကြမည့် ကလေးငယ်များသည် နိုင်ငံတော် အတွက် တန်ဖိုးရှိသော လူသားအရင်းအမြစ်များဖြစ်သည်နှင့်အညီ ကလေးသူငယ်များ၏ အခွင့် အရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရေး နှစ်စဉ် စီမံကိန်းများ ချမှတ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေး အမှာစကား ပြောကြား သည်။ ဆက်လက်ပြီး UNICEFမှ (ချင်းပြည်နယ်တာဝန်ခံ) ဦးကျင်ခက်ထန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ (UNCRC Day) သဝဏ်လွှာကို ဖတ်ကြားပြီးနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက ချင်းပြည်နယ်ကလေးသူငယ်များအားလုံးကိုယ်စား ကလေးများ၏ ရင်ဖွင့်သံစကားကို ဖတ်ကြား တင်ပြခဲ့ပါသည်။ ထို့နောက် ဟားခါးမြို့ပေါ်ရှိ လူမှုဝန်ထမ်း မူလတန်းကြိုကျောင်း၊ ဆိုင်ပဲန် မူလတန်းကြိုကျောင်းနှင့် ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံ တို့မှ သားငယ် သမီးငယ်လေး များက တေးသရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက် ၍ ဆောင်ရွက်လျက်ရှိသည့် CSO၊ CBO အသင်းအဖွဲ့ဝင်များအား ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။ မြင့်နိုင်စိုး (ပြန်/ဆက်)

ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားအသက်(၂၁)နှစ် အောက်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ပြည်နယ့်ဝန်ကြီးချူပ်ဉီးဆလိုင်းလျန်လွယ်တက်ရောက်အမှာစကားပြောကြား
နိုလ ၂၀၁၉ ခုနှစ်၊ ၂၀ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ − ၂၀ ၂၀၁၉−ခုနှစ် ၊ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားအသက်(၂၁)နှစ် အောက်မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုယမန်နေ့ ညနေ ၃ နာရီက ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ် တက်ရောက်၍ အမှာစကား ပြောကြား သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်လွှတ်တော် ဒုတိယ ဉက္ကဌ ဉီးတိတ်ထန်း၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဉီးဝင့်မြင့်ကျော်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ထောက်ပံ့ငွေပေးအပ်ကာ အားကစားသမားများအားလိုက်လံ နှုတ်ဆက်ကြသည်။ အဖွင့်ပွဲစဉ်အဖြစ် မင်းတပ်မြို့နယ် ဘောလုံးအသင်းနှင့်မတူပီမြို့နယ် ဘောလုံးအသင်းတို့ယှဉ်ပြိုင် ကစားကြပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ရက်နေ့မှ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကာချင်းပြည်နယ်အတွင်းရှိမြို့နယ်(၉)မြို့နယ်မှဘောလုံးအသင်းများဝင်ရောက်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်းသိရသည်။ ကျော်စွာ(ပြန်/ဆက်)

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့စတင်ကျင်းပ
နိုလ ၂၀၁၉ ခုနှစ်၊ ၁၉ ရက် U Min Eya Htyke

ဟားခါး နိုဝင်ဘာ ၂၀ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို နိုဝင်ဘာ ၁၉ ရက်နံနက်၁၀နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် ၊ ပြည်နယ်လွှတ်တော်ဉက္ကဌဉီးဇိုဘွဲ ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် များနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂၁)ဉီးတက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးပြေမင်းက ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လေးချောင်းလူကူးကြိုးတံတားအား သံဘောင်ယက်မ၊ သံကြမ်းခင်း၊ လူကူးကြိုးတံတားအသစ်ဆောက်လုပ်ပေး ရန်အစီအစဉ်ရှိ၊မရှိ သိရှိလိုသောမေးခွန်းမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဉီးရွှေထီးအိုးက ၄င်းတံတားသည်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ လမ်းအဆင့်သတ်မှတ်ချက်အရ အဆင့်(C-1) ဖြစ်သည့် ချိုင်စနူး−လိပ်စ−ပုံဒေါ−လှုပ်လမ်းပေါ်တွင်တည်ရှိပြီး ကျေးရွာပေါင်း(၉)ရွာ၊အိမ်ခြေပေါင်း(၉၁၀)အိမ် နှင့်လူဉီးရေပေါင်း(၂၆၀၀)ဉီးခန့်အား အကျိုးပြုလျက်ရှိပါသည်။မှုံးတနူးကျေးရွာအုပ်စုနှင့်ချိုင်စနူးကျေးရွာအုပ်စု တို့၏ နယ်နိမိတ်ကြားရှိ လေးချောင်းတံတား(မော်တော်ဆိုင်ကယ်)လူကူးကြိုးတံတား(၃၅၀×၈)ပေ၏ ဆွေးမြေ့ နေသော သစ်သားများအား အစားထိုးလဲလှယ်၍ ပြင်ဆင်နိုင်ရေးအတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ပြင်ထိန်း)ရန်ပုံငွေ ကျပ် (၂၉.၈၉၀)သန်းအား ခွင့်ပြုနိုင်ရေးတင်ပြတောင်းခံထားရှိပြီးဖြစ်သဖြင့် ခွင့်ပြုရန်ပုံငွေရရှိပါက ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်းဖြေကြားပါသည်။ ထို့နောက်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးပူထန်ဒိတ်ခုပ်က တီးတိန်မြို့ကမ်းဟောက်ဘောလုံး ကွင်းပွဲကြည့်စင်အား ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်ပြည်နယ်ဘတ်ဂျက်တွင်ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုသောမေးခွန်းမေးမြန်းရာပြည်နယ်လူမှုရေးဝန်ကြီးဉီးပေါင်လွန်းမင့်ထန်က တီးတိန်မြို့ရှိ ကမ်းဟောက် ဘောလုံးကွင်းအတွက်လိုအပ်နေသောပွဲကြည့်စင်အားတည်ဆောက်ပေးနိုင်ရန်အတွက် ၂၀၂၀−၂၀၂၁ဘဏ္ဍာရေး နှစ်ပြည်နယ်ဘတ်ဂျက်တွင်ဉီးစားပေးထည့်သွင်းလျာထားပြီးခွင့်ပြုရန်ပုံငွေရရှိပါက ရန်ပုံ ငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဉီးက မေးခွန်း(၆)ခုကို ဆက်လက်မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။ ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဉီးစိုးထက် က ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ် အတွက် ကျပ်သိန်း(၁၃၅၀၀)အား ဝဉစိုက် တောင်သူ များ ရင်းနှီးငွေထုတ်ချေးပေးနိုင်ရေး လွှတ်တော်သို့တင်သွင်း ရာ ပြည်နယ်လွှတ်တော်ဉက္ကဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာကာ အစည်းအဝေးကို နံနက် ၁၁ နာရီ၁၀မိနစ်တွင်ရပ်နားသည်။ ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ပြည်နယ်(ပြန်/ဆက်)