ချင်းပြည်နယ် အတွင်း COVID-19 ​ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသနိုင်​ရေး ဟားခါမြို့ အဝင် လုံခြုံ​ရေးဂိတ်၌ ခရီးသွားပြည်သူများအား စစ်​ဆေးမှုများ ​နေ့စဉ်​ဆောင်ရွက်လျက်ရှိ
ဧလ ၂၀၂၀ ခုနှစ်၊ ၅ ရက် U Min Eya Htyke

ဟား ခါး ဧပြီ ၅ ချင်းပြည်နယ်အတွင်း COVID-19 ​ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသနိုင်​ရေး ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်​ပေါင်းစုံမှ ​နေ့စဉ် အရှိန်အဟုန်မြှင့် ​ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၅ရက်​နေ့က ဟားခါးမြို့သို့ လာ​ရောက်ကြသည့် ခရီးသွားပြည်သူများကို ဟားခါးမြို့အဝင် လုံခြုံ​ရေး ၊ (တန်ပို)စစ်​ဆေး​ရေးဂိတ်၌ ဟားခါးမြို့မရဲတပ်ဖွဲ့မှ ဦးဆောင်၍ ကျန်းမာ​ရေး​စောင့်ကြည့်စစ်​ဆေးမှုများနှင့် ပညာ​ပေးလုပ်ငန်များ​ဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။ ဟားခါးမြို့အဝင် လုံခြုံ​ရေး ၊(တန်ပို)စစ်​ဆေး​ရေးဂိတ်၌ ဟားခါးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဇော်ဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းများနှင့် ပူး​ပေါင်းပါဝင်လျက် ​မော်​တော်ယာဉ်များ​ပေါ်တွင်စီးနင်းလိုက်ပါလာကြသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းနှင်သူများ၊ ဆိုင်ကယ် စီးနင်းလာသူများကို ကျန်းမာ​ရေး​စောင့်ကြည့်စစ်​ဆေးခြင်း၊ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်​ကြေညာ ထားသည့် ပြည်သူလူထုထံသို့​မေတ္တာရပ်ခံပန်ကြားချက်များနှင့်ညွှန်ကြားချက်များအားခရီးသွားပြည်သူများ သိရှိလိုက်နာ​ဆောင်ရွက်နိုင်​ရေး​ ဆွေး​နွေး​ပြောကြားခြင်းနှင့် ကျန်းမာ​ရေးဦးစီးဌာနကထုတ်ပြန်​ကြေညာ ထားသည့် COVID-19​ရောဂါ နှင့်ပတ်သက်သည့် ​ဆောင်ရန် ​၊ရှောင်ရန် အသိပညာ​ပေးကိစ္စရပ်များကို ခရီးသွာပြည်သူတစ်ဦးချင်းစီအား ​ဆွေး​နွေး​ပြောကြားကာ COVID -19 ​ရောဂါ ကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းများ​အောင်မြင်မှုရရှိ​စေ​ရေး​ဆောင်ရွက်ခဲ့ကြ​ကြောင်းသိရှိရပါသည်။ အောင်ခွီရှိန်း (ပြန် /ဆက်)

ဖလမ်း၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးကော်မတီ ပြည်နယ်အဆင့်နှင့် ခရိုင်၊ မြို့နယ် အဆင့်အစည်းအဝေးပြုလုပ်
ဧလ ၂၀၂၀ ခုနှစ်၊ ၄ ရက် U Min Eya Htyke

ဖလမ်း ဧပြီ ၄ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးကော်မတီ ပြည်နယ်အဆင့်နှင့် ခရိုင်၊ မြို့နယ် အဆင့် အစည်းအဝေးကို ဧပြီ ၄ ရက် နံနက် ၉ နာရီက ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာ၌ ပြုလုပ်သည်။ ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အမှာစ ကားပြောကြားသည်။ ထို့နောက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ် နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ အောင်ငွေစံ တို့က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးနှင့် စားနပ်ရိက္ခာသိုလှောင်ထားရှိမှုအခြေအနေများကို အသီးသီးဆွေးနွေးကြသည်။ ဆက်လက်၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ဖလမ်းခရိုင် လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ အတွင်း ရေးမှူး ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာတလွန်ကျုံးထန် နှင့် တာဝန်ရှိသူများက ဖလမ်းမြို့အတွင်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေ၊ PPE ဝတ်စုံ၊ လက်အိတ်၊ နှာခေါင်းစည်း၊ သာမိုမီတာ၊ ဆေးစိမ်ခြင်ထောင်၊ စားဆီ တို့ကို ပေးအပ်လှူဒါန်းပြီး ဖလမ်းမြို့ ပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ်က လက်ခံရရှိသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့တွင် ပြည်ပနိုင်ငံများမှ ပြန်လာသူများ၊ အလည်လာသူများအား Facility Quarantine ဖြင့် ထားရှိသည့် သူနာပြုသင်တန်းကျောင်း ချယ်ရီခန်းမ၊ Hospital Quarantine ထားရှိသည့်နေရာနှင့် Isolation ခန်းများကို ကြည့်ရှုစ်ဆေးခဲ့ကြောင်းသိရသည်။ ဂျွန်( ပြန်/ ဆက်)

ပြည်နယ်ဝန်ကြီးချုပ်ကဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဧလ ၂၀၂၀ ခုနှစ်၊ ၄ ရက် U Min Eya Htyke

ဖလမ်း ဧပြီ ၄ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် အစိုးရဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဧပြီ ၄ ရက် မွန်းလွဲပိုင်းက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းမြို့နယ် မြို့နယ်ခန်းမဆောင်အသစ် ဆောက် လုပ်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ကုမ္ပဏီ တာဝန်ရှိသူများက အဆောက်အဦ ဆောက်လုပ်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ RCC (၄)ခန်းတွဲ (၂)ထပ် ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ဂျွန်(ပြန်/ ဆက်)

တရုတ်နိုင်ငံမှ ပြန်လာသူအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Facility Quarantine ဖြင့် (၁၄)ရက်ကြာ စတင်စောင့်ကြည့်
ဧလ ၂၀၂၀ ခုနှစ်၊ ၃ ရက် U Min Eya Htyke

ဖလမ်း ဧပြီ ၃ တရုတ်နိုုင်ငံမှ ဖလမ်းမြို့သို့ပြန်လာသူ အမျိုးသားတစ်ဦးအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ မရှိစေရေး Facility Quarantine ဖြင့် (၁၄)ရက်ကြာ စောင့်ကြည့်ခြင်းကို ဧပြီ ၃ ရက် ညနေပိုင်းမှ စ၍ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း ချယ်ရီခန်းမ၌ စတင်ဆောင်ရွက်သည်။ ဖလမ်းမြို့နယ်၊ ကြောမ်ပီးကျေးရွာနေထိုင်သူ ဦးဟရန်းအီရန်၏သား မောင်ဗာလ်ဟဲ့လိန်သည် တရုတ်နိုင်ငံမှ ပြန်လာပြီး ဖလမ်းမြို့သို့ ဧပြီ ၃ ရက် မွန်းလွဲပိုင်းက ရောက်ရှိပြီး ဖလမ်းမြို့ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်သည်။ အဆိုပါ တရုတ်နိုင်ငံမှပြန်လာသူသည် ဖလမ်းမြို့ သူနာပြုသင်တန်းကျောင်း ချယ်ရီခန်းမ ခရိုင်၊ မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့်Facility Quarantine ဖြင့် (၁၄)ရက်ကြာ စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။ ဂျွန်( ပြန်/ဆက် )

အဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဧလ ၂၀၂၀ ခုနှစ်၊ ၃ ရက် U Min Eya Htyke

မင်းတပ် ဧပြီ ၃ ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ အဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုအခြေအနေ များကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် မြို့နယ် အုပ်ချုပ်ရေး မှူး ဦးမင်းဧရာထိုက်တို့ သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။ ရှေးဦးစွာ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက် တို့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငြွေဖင့် Horn Bill Land ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သော အထက(၁) ကျောင်း၌ RC တစ်ထပ်ဝန်ထမ်းအိမ်ရာ ၉၀×၃၀ ပေကို လည်းကောင်း၊ ဘုန်းမြန်မာကုမ္ပဏီက ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငြွေဖင့် တာဝန်ယူတည်ဆောက်သော အထက(၃) ကျောင်း၌ RC တစ်ထပ် ဝန်ထမ်းအိမ်ရာ ၉၀×၃၀ ပေကို လည်းကောင်း၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငြွေဖင့် ပါဝါစီးတီးကုမ္ပဏီက တာဝန်ယူတည်ဆောက်သော ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ မြေထိန်းနံရံ(ကျောင်းဝင်ပေါက်) ၉၀×၃×၁၂ ပေ တည်ဆောက်နေမှုနှင့် ချင်းအားမာန်ကုမ္ပဏီက တာဝန် ယူတည်ဆောက်သော ကျောင်းသူဆောင်ရေချိုးခန်းနှင့် အိမ်သာ ၂၀×၂၀×၁၂ ပေ တည်ဆောက်ခြင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ထားသည့်ကာလအတွင်း အရည်အသွေး ပြည့်မီပြီးစီး အောင် ဆောက်လုပ်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။ ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)

ဟားခါးမြို့၊မြို့မရဲစခန်း အချုပ်ခန်းတွင် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဂါလန်(၁၆၀၀) သွားရောက်လှူဒါန်း
ဧလ ၂၀၂၀ ခုနှစ်၊ ၃ ရက် U Min Eya Htyke

ဟားခါး ဧပြီ ၃ ဟားခါးမြို့နယ်၊မြို့မရဲစခန်း အချုပ်ခန်းရှိ အချုပ်သားများ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသျှန်နွန်မောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ဧပြီလ ၃ရက် နံနက် ၉ နာရီအချိန်က သောက်သုံးရေ ဂါလန်(၁၆၀၀)ကို မီးသတ် ရေသယ်ယာဉ်ဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဘာသာရေး ကျောင်းများ၊ အသင်းအဖွဲ့များသို့ နွေရာသီ မိုးမကျမီကာလအတွင်း သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး အတွက် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အောင်ခွီရှိန်း(ပြန်/ဆက်)

COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရေး ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
ဧလ ၂၀၂၀ ခုနှစ်၊ ၃ ရက် U Min Eya Htyke

ဟားခါး ဧပြီ ၃ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများလက်ဝယ်အရောက် လှည့်လည်ဌားရမ်းပေးလျက်ရှိရာ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဧပြီ ၃ရက်နေ့က ဟားခါးမြို့ ခရိုင်စုပေါင်းရုံးနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနရုံးတို့သို့ ရောက်ရှိ၍ စာအုပ်များ ဌားရမ်းပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်ဌားရမ်းသူများအား ရောဂါကူးစက်မှု မရှိစေရေး သန့်စင်ဆေးရည် ဖျန်းပေးခြင်း စသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။ အဆိုပါ လက်ကမ်းစာစောင်များကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ လှူဒါန်းပေးခဲ့ပြီး သက်ဆိုင်ရာရုံးများက တစ်ဆင့် ဆက်လက်ဖြန့်ဝေပေးခဲ့ကြကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး အစီအစဉ်ဖြင့် “မိမိက စ၍ ကာကွယ်ပါ”၊ “သင့်မိသားစု ကျန်းမာရေး စနစ်တကျ လက်ဆေးပေး” စသည့် အချက်များ ပါဝင်သော ပညာပေး လက်ကမ်းစာစောင်များ ဖြစ်ကြောင်းသိရှိရပြီး လက်ကမ်းစာစောင်များအား ပြည်သူအများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရှိရသည်။ မြင့်နိုင်စိုး (ပြန်/ဆက်)

မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အထောက်အကူပစ္စည်းဝယ်ယူရန် အလှူငွေပေးအပ်
ဧလ ၂၀၂၀ ခုနှစ်၊ ၃ ရက် U Min Eya Htyke

မင်းတပ် ၊ ဧပြီ - ၃ မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဝယ်ယူရန် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းဧရာထိုက်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်တို့က ယနေ့နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင် ထံ အလှူငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင် က" ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ဝတ်စုံ ၊ Mask ၊ လက်သန့်ဆေးရည်၊ လက်ဆေးဆပ်ပြာများ နှင့် အလှူငွေ လာရောက်လှူဒါန်းသူတွေ က နေ့တိုင်းလိုလိုရှိပါတယ်၊ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေ၊ CSOs တွေကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ဖို့စီစဉ်ထားပါတယ် " ဟု ပြောကြားသည်။ မင်းတပ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ နှင့် CSOsများပူးပေါင်း၍ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ဆလိုင်းအောင် (ပြန်/ဆက်)