ချင်းပြည်နယ်ဟားခါးမြို့၌ကျင့်ပသည့်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဉက္ကဌနှင့်ဒုဉက္ကဌတက်ရောက်ချီးမြှင့်
အောက်လ ၂၀၁၉ ခုနှစ်၊ ၅ ရက် U Min Eya Htyke

ဟားခါး အောက်တိုဘာ ၅ ၂၀၁၉−ခုနှစ်အောက်တိုဘာ၅ရက်နေ့တွင်ကျရောက်သည့်ကမ္ဘာဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကိုယနေ့နံနက်၁၀ နာရီက ဟားခါးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်မ၌ ကျင်းပရာ အခမ်းအနားသို့ပြည်နယ်လွှတ်တော်ဉက္ကဌဉီးဇိုဘွဲ၊ဒုဉက္ကဌဉီးတိတ်ထန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီ:ချုပ် ဉီးဝင်းမြင့်ကျော် ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဉီး​ပေါင်လွန်းမင့်ထန် ၊ ပြည်နယ် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဉီးဝီကော၊ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဉီးရွှေထီးအိုး ၊ ပြည်နယ်အုပ်ချုပ် ရေးမှူးဉီးတိုးဝင်းနှင့်ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ ၊ ပြည်နယ်ပညာရေးမှူးဒေါ်နှင်းကြည်နှင့်ပညာရေးဝန်ထမ်း မိသားစုများ၊ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။ အခမ်းအနားသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အိုဘယ့်ဆရာသီချင်းဖြင့်ဂုဏ်ပြုသီဆိုဖွင့်လှစ်ကာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးက ကမ္ဘာ့ဆရာ များနေ့ဂုဏ်ပြုအမှာစကားပြောကြားပြီး UNESCO,UNICEF,UNDP,ILOနှင့်Education International တို့မှ ပေးပို့သောသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်ကဖတ်ကြားသည်။ ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံး ၊ ကာတွန်းနှင့်ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ကျောင်းသူများအား ပြည်နယ်လွှတ်တော်ဉက္ကဌ၊ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ပြည်နယ်လူမှုရေး ဝန်ကြီးတို့က ဂုဏ်ပြုဆု များနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကန်တော့ခံဆရာကြီး၊ဆရာမကြီး(၇၁)ဉီးအား ပြည်နယ်လွှတ်တော် ဉက္ကဌဉီးဇိုဘွဲ၊ ဒုဉက္ကဌဉီးတိတ်ထန်း၊ပြည်နယ်တရားသူကြီး ချုပ်နှင့် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက် လာကြသူများက တစ်ဉီးလျှင်ငွေကျပ်(၅၀၀၀၀) နှင့်အတူအသုံးအဆောင်ပစ္စည်းများဖြင့် ကန်တော့ကြပြီးနောက် ကန်တော့ခံ ဆရာကြီး၊ဆရာမကြီးများကိုယ်စား ဆရာကြီးဉီးနှီရ်ယာအုပ်က ကျေးဇူးတင် ပီတိစကားပြောကြား သည်။ ယင်းနောက် ဟားခါးမြို့ ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူများ က မြတ်ဆရာသီချင်းဖြင့်သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကိုရုပ်သိမ်းကာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များ နှင့်တက်ရောက်လာကြသော ဧည့်သည်တော်များက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများ၏စာစီစာကုံး၊ကဗျာ၊ကာတွန်းနှင့်ဆောင်းပါးလက်ရာများကို လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရ သည်။ ကျော်စွာ(ပြန်/ဆက်)

စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃)ကုန်းမြင့်ဒေသလယ်ယာဖော်ထုတ်ရေးစီးမံကိန်းရုံး၊ ဟားခါးမြို့
အောက်လ ၂၀၁၉ ခုနှစ်၊ ၄ ရက် James Sing

အမှတ်(၃)ကုန်းမြင့်ဒေသလယ်ယာဖော်ထုတ်ရေးစီးမံကိန်းရုံး စက်မောင်းဝန်ထမ်းများအား ကွင်းလုပ်ငန်းရပ်နားချိန်အတွင်း လုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်ရည်မြင့်မားရေးအတွက် ယန္တရားမောင်းနှင်ထိန်းသိမ်းနှုနှင့်ရုံးလုပ်ငန်းများသင်တန်းပို့ချပေးသည်

ချင်းပြည်နယ်လမ်းဦးစီးဌာန
အောက်လ ၂၀၁၉ ခုနှစ်၊ ၄ ရက် James Sing

လမ်းဦးစီးဌာနမှ ပြည်သူများသိသင့်သိထိုက်သော ဖလမ်းခရိုင်မှ တာ၀န်ယူဆောင်ရွက်သည့် တီးတိန်−တွန်းဇံ−ကျီခါးလမ်းနှင့် ဖို့ဝိုက်−ထုတ်လိုင်လမ်းလုပ်ငန်းများဆောင်ရွက်မှု

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ဟားခါးမြို့
အောက်လ ၂၀၁၉ ခုနှစ်၊ ၄ ရက် James Sing

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ချင်းပြည်နယ်ဦးစီးမှူးရုံး၏ (၂၈.၉.၂၀၁၉)ရက်နေ့မှ(၃.၁၀.၂၀၁၉)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ချက်များ